အဓမ္မ လုပ်အား စေခိုင်းမှုနဲ့ တခြား စွပ်စွဲချက်တွေနဲ့ မလေးရှား ဆီအုန်း စိုက်ပျိုးရေး ကုမ္ပဏီ FGV ရဲ့ ထုတ်ကုန်ပစ္စည်းတွေ အမေရိကန်နိုင်ငံထဲ တင်သွင်းမှု ပိတ်ပင်ခံလိုက်ရပြီးတဲ့နောက်မှာ အဲဒီ ကုမ္ပဏီက အမည်ပျက်စာရင်းကနေ ပြန်လည် ကင်းလွတ်ခွင့်ရရေး ကြိုးပမ်းသွားမယ်လို့ ပြောပါတယ်။
သက်ရှိဇီဝမျိုးကွဲတွေကို ထိန်းသိမ်းစောင့်ရှောက်ဖို့ကိစ္စကို အမြန်ဆုံးလုပ်ဆောင်ကြဖို့ ကုလသမဂ္ဂအကြီးတန်း တာဝန်ရှိသူတွေနဲ့ ကမ္ဘာ့ခေါင်းဆောင်တွေက ဗုဒ္ဓဟူးနေ့ကပြုလုပ်တဲ့ သက်ရှိဇီဝမျိုးကွဲဆိုင်ရာ ကုလသမဂ္ဂညီလာခံမှာ တောင်းဆိုလိုက်ပါတယ်။
မြန်မာနိုင်ငံမှာ ဉာဏပစ္စည်းမူပိုင်ခွင့်ဆိုင်ရာရုံးကို အမေရိကန်နဲ့ ဂျပန်အပါအဝင် နိုင်ငံတကာအဖွဲ့အစည်းတွေရဲ့ အကူအညီနဲ့ ဒီကနေ့ နေပြည်တော်မှာ ဖွင့်လှစ်လိုက်ပြီဖြစ်ပါတယ်။
ဥရောပတလွှား COVID – 19 ကူးစက်မှုတွေ တဖြည်းဖြည်းပြန်မြင့်တက်နေပြီး စပိန်မှာ လူ ၁၀၀,၀၀၀ မှာ ၃၀၀ နှုန်းနဲ့ ကူးစက်နေပါတယ်။ ကူးစက်မှု နှုန်း နှစ်ဆဖြစ်နေတဲ့ မက်ဒရစ်မြို့မှာလည်း လူ ၁၀၀,၀၀၀ မှာ ၇၈၀ ကျော်ကူးစက်နေတာကြောင့် အစိုးရက အသွားအလာတွေ ပိတ်ပင်ကန့်သတ်ထားပါတယ်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ နိုဝင်ဘာ သမ္မတ ရွေးကောက်ပွဲမှာ သူနဲ့ ယှဉ်ပြိုင်အရွေးခံမယ် ဒီမိုကရက်တစ်ပါတီ သမ္မတလောင်း Joe Biden တို့ အင်္ဂါနေ့က စကားစစ်ထိုးပွဲ အပြီး ဗုဒ္ဓဟူးနေ့မှာတော့ ရွေးကောက်ပွဲ မဲဆွယ် စည်းရုံးရေးဆင်းဖို့ ပြည်နယ် အသီးသီးကို သွားရောက်နေကြပြီ ဖြစ်ပါတယ်။
အင်ဒို-ပစိဖိတ်ဒေသနဲ့ လက်တင် အမေရိကန် ဒေသတွေမှာ အခြေခံ အဆောက်အအုံဆိုင်ရာ လုပ်ငန်း စီမံကိန်းတွေ တည်ဆောက်ဖို့ အမေရိကန် ပြည်ထောင်စုနဲ့ ထိုင်ဝမ်တို့ အတူ လက်တွဲ လုပ်ကိုင် သွားမယ်လို့ နှစ်ဘက် တာဝန်ရှိသူတွေက ဗုဒ္ဓဟူးနေ့က ပြောပါတယ်။
ဒီနှစ် ကုသမဂ္ဂအထွေထွေညီမလာခံမှာ မြန်မာနိုင်ငံကိုယ်စား ဘင်္ဂလားဒေ့ရှ်အပေါ် စွပ်စွဲပြောဆိုချက်တွေဟာ အခြေအမြစ်မရှိတဲ့ သတင်းမှားတွေသာဖြစ်တယ်လို့ ဘင်္ဂလားဒေ့ရှ်ဘက်က ဒေါသတကြီး တုံ့ပြန်လိုက်ပါတယ်။
ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ဒီကနေ့ည ၈ နာရီ ထုတ်ပြန်ချက်အရ လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း ဓာတ်ခွဲနမူနာပေါင်း ၆,၂၆၂ ခုကို စစ်ဆေးခဲ့တာမှာ COVID-19 အတည်ပြုလူနာ စုစုပေါင်း ၉၄၆ ဦး ထပ်တွေ့ပါတယ်။ ဒါကြောင့် အခုဆိုရင် ရောဂါပိုး ကူးစက်ထားသူပေါင်း ၁၃,၃၇၃ ဦး ရှိသွားပါပြီ။
COVID-19 ကပ်ရောဂါက ဖွံ့ဖြိုးဆဲနိုင်ငံတွေရဲ့ စီးပွားရေးကို မကြုံစဖူး ထိခိုက်စေကြောင်းနဲ့ ချမ်းသာတဲ့ ကမ္ဘာ့နိုင်ငံကြီးတွေက အကူအညီ လိုအပ်နေတဲ့ နိုင်ငံတွေကို မြန်မြန်ဆန်ဆန်နဲ့ အလုံအလောက် အကူအညီ မပေးကြဘူးလို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် Antonio Guterres က ပြောပါတယ်။
အင်္ဂါနေ့ညကလုပ်ခဲ့တဲ့ အမေရိကန်သမ္မတလောင်းနှစ်ဦးကြား ပထမဆုံးအကြိမ် စကားစစ်ထိုးပွဲအပေါ် တုံ့ပြန်ကြတာ အများစုကတော့ ကိုယ်ထောက်ခံတဲ့ပါတီဘက်၊ ကိုယ်ထောက်ခံတဲ့ သမ္မတလောင်းဘက်က လိုက်ပြီး ပြောကြတာပဲ များပါတယ်။
အမြောက်တွေနဲ့ ပစ်ခတ်တိုက်ခိုက်တာကို ရိုက်ယူထားတဲ့ ဗွီဒီယိုတွေကို အဇာဘိုင်ဂျန် ကာကွယ်ရေးဌာနက ဒီကနေ့ ထုတ်ပြန်လိုက်ပါတယ်။ အဇာဘိုင်ဂျန် ကာကွယ်ရေးဌာနကထုတ်ပြန်တဲ့ နောက် ဗီဒီယိုတခုမှာတော့ Jabrayil ခရိုင်မှာရှိတဲ့ စစ်ဘက် သိုလှောင်ရုံတခု စက်တင်ဘာလ ၂၉ ရက်နေ့က ဖျက်ဆီးခံရတာကို ရိုက်ယူထားပါတယ်။
ဂျာမနီနိုင်ငံက ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုနှုန်းများတဲ့ နေရာတွေမှာ ပါတီပွဲနဲ့ မိသားစု တွေ့ဆုံပွဲတွေ အတွက် စုဝေးနိုင်တဲ့ လူအရေအတွက်ကို ကန့်သတ်သွားမယ်လို့ဝန်ကြီးချုပ် Merkel က အင်္ဂါနေ့က ပြောပါတယ်
၂၀၀၆ ခုနှစ်ကစပြီး ကူဝိတ်နိုင်ငံကို အုပ်ချုပ်ခဲ့သူ ကူဝိတ် စော်ဘွား Sheikh Sabah Al Ahmad Al Sabah အင်္ဂါနေ့က ကွယ်လွန်သွားခဲ့ ပြီလို့ နိုင်ငံပိုင် ရုပ်မြင်သံကြားဌာနက ကြေညာခဲ့ပါတယ်။ ကွယ်လွန်ချိန်မှာ သူဟာ အသက် ၉၁ နှစ်ရှိပါပြီ။
အိန္ဒိယနိုင်ငံအရှေ့မြောက်ပိုင်း မီဇိုရမ်ပြည်နယ်မှာ လွန်ခဲ့တဲ့ ၃ လအတွင်း ပြင်းအား ၄.၂ ကနေ ၅.၅ ကြားမှာရှိတဲ့ ငလျင်ငယ်လေးတွေ အကြိမ် ၁၀၀ ကျော်လှုပ်ခဲ့တာကြောင့် စိုးရိမ်မှုတွေဖြစ်နေပါတယ်။
မြန်မာနိုင်ငံမှာ ကိုဗစ်ရောဂါကူးစက်မှုအပြင် သေဆုံးမူပါ တိုးလာနေတာကြောင့် ပြည်သူတွေအနေနဲ့ ရောဂါကာကွယ်ရေးအပြည့်အဝလုပ်ကြဖို့ ကျန်းမာရေးဝန်ကြီးက တိုက်တွန်းလိုက်ပါတယ်။
အမေရိကန် သမ္မတ ရွေးကောက်ပွဲ ကျင်းပဖို့ သီတင်းပတ် ၅ ပတ်ပဲလိုတော့ချိန်မှာ Republican ပါတီက လက်ရှိသမ္မတ Donald Trump နဲ့ ဒီမိုကရက်တစ်ပါတီက သမ္မတလောင်း Joe Biden တို့ရဲ့အကြား အကြောင်းအရာ ၆ ခုကို အခြေခံဆွေးနွေးကြမယ့် စကား စစ်ထိုးပွဲကို စက်တင်ဘာလ ၂၉ ရက်နေ့ ဒေသစံတော်ချိန် ည ၉ နာရီမှာ ကျင်းပမှာ ဖြစ်ပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံက မြန်မာနဲ့ နယ်စပ်ချင်းထိစပ်နေတဲ့ Cox’s Bazar ဒေသမှာ တပ်ဖွဲ့အင်အားတွေကို တိုးချဲ့ ချထား လိုက်ပါတယ်။
လက်ရှိသမ္မတ Donald Trump နဲ့ ဒီမိုကရက်တစ်ပါတီကိုယ်စားပြု သမ္မတလောင်း၊ ဒုတိယသမ္မတဟောင်း Joe Biden တို့ရဲ့ စကားစစ်ထိုးပွဲကို ဗွီအိုအေရဲ့ အင်တာနက်စာမျက်နှာ၊ Facebook နဲ့ YouTube တို့ကနေ တိုက်ရိုက်ထုတ်လွှင့်သွားမှာဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ COVID-19 ကူးစက်သူ လူနာသစ် ၇၉၅ ယောက်ထပ် အတည်ပြုလိုက်တဲ့အတွက် အခုထိ ကူးစက်သူ စုစုပေါင်း ၁၂,၄၂၅ ယောက်ရှိသွားပြီဖြစ်ပါတယ်။ စက်တင်ဘာ ၂၉ ရက်နေ့ အတွက် စုစုပေါင်း ဓါတ်ခွဲနမူနာ ၅,၉၆၂ ခု စစ်ဆေးခဲ့တာမှာ လူနာသစ် ၈၀၀ နီးပါးတွေ့ရတာပါ။
ပြီးခဲ့တဲ့ တပတ်က တောင်- မြောက်ကိုရီးယား ရေပြင်နယ်နိမိတ်မှာ မြောက်ကိုရီးယားတပ်ဖွဲ့ရဲ့ ပစ်ခတ်သတ်ဖြတ်ခံခဲ့ရသူ တောင်ကိုရီးယားအရပ်သား အရာရှိဟာ မြောက်ကိုရီးယားဘက်ကို ကူးပြောင်းသွားဖု့ိ ကြိုးစားခဲ့တာဖြစ်တယ်လို့ တောင်ကိုရီးယား တာဝန်ရှိသူတွေကပြောပါတယ်။
နောက်ထပ်ကြည့်ရှုရန်