အာမေးနီးယားနဲ့ အဇာဘိုင်ဂျန် တပ်ဖွဲ့တွေအကြား Nagorno-Karabakh ဒေသမှာ အရှိန်မြင့်လာနေတဲ့ တိုက်ပွဲတွေနဲ့ ပတ်သက်လို့ ကုလသမဂ္ဂလုံခြုံရေးကောင်စီက အင်္ဂါနေ့နှောင်းပိုင်းမှာ ဆွေးနွေးမယ်လို့ ခန့်မှန်းရပါတယ်။
ကမ္ဘာတလွှား COVID-19 ကြောင့် သေဆုံးရသူဟာ တနင်္လာနေ့မှာ တသန်းကျော် သွားပြီ (၁,၀၀၀,၅၅၅) လို့ အမေရိကန် Johns Hopkins တက္ကသိုလ်က ကောက်ယူတဲ့ စစ်တမ်းမှာ ဖေါ်ပြထားပါတယ်။ ဒီရောဂါ ကူးစက်ခံရသူကလည်း ၃၃ သန်းကျော်နေပြီဖြစ်ပါတယ်။
Belarus နိုင်ငံမှာ သမ္မတ Alexander Lukashenko ကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေ ဆက်လက်ဖြစ်ပွါး နေပြီး အခုသီတင်းပတ်ကုန် စနေ၊ တနင်္ဂနွေမှာ ဆန္ဒပြသူ ၅၀၀ လောက် ကို ရဲကဖမ်းဆီးခဲ့ပါတယ်။
အောက်တိုဘာလ ၁ ရက်နေ့မှာ ကျရောက်မယ့် တရုတ်နိုင်ငံအမျိုးသားနေ့ မှာ ဟောင်ကောင် ဒီမိုကရေစီအရေးလှုပ်ရှားသူတွေ ချီတက်ဆန္ဒ ပြပွဲပြုလုပ်ဖို့ ခွင့်ပြုချက်လျှောက်ထားတာကို ဟောင်ကောင်အာဏာပိုင်တွေက တနင်္လာနေ့က ပယ်ချလိုက်ပါတယ်။
နိုင်ငံတော် အတိုင်ပင်ခံ ဒေါ် အောင်ဆန်းစုကြည်က အစီရင်ခံမိန့်ခွန်းပြောကြားခဲ့ရာမှာ တောင်ကိုရီးယားနိုင်ငံကမှာယူထားတဲ့ အမြန် စစ် ဓါတ်ခွဲ စမ်းသပ် ကိရိယာတွေရောက် ရှိ လာပြီ ဖြစ်ကြောင်းနဲ့ ဓါတ်ခွဲ စစ်ဆေးမှု ပိုလုပ်တာကြောင့် ရောဂါ ပိုးတွေ့တာ တွေ ပိုများလာနိုင်တယ်လို့လည်း သတိပေးလိုက် ပါတယ်။
COVID – 19 ကြောင့် သေဆုံးရသူ တသန်းလောက် ရှိလာနေချိန်မှာပဲကမ္ဘာပေါ်က ဝင်ငွေနည်းပါးတဲ့ နိုင်ငံတွေနဲ့ ဝင်ငွေ အသင့်အတင့်ရှိတဲ့ နိုင်ငံတွေအတွက် ဒီရောဂါရှိမရှိ အမြန် စမ်းသပ် စစ်ဆေးမှု သန်း ၁၂၀ လောက် လုပ်ပေးနိုင်တော့မှာ ဖြစ်ကြောင်း WHO အကြီးအကဲs က တနင်္လာနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားလိုက်ပါတယ်။
Nagorno-Karabakh ဒေသနဲ့ပတ်သက်ပြီး အာမေးနီးယားနဲ့ အဇာဘိုင်ဂျန် အိမ်နီးချင်း ၂ နိုင်ငံကြား ပြင်းထန်တဲ့ တိုက်ပွဲတွေ ဖြစ်ပွားလာနေတာကို ရပ်တံ့ဖို့ တိုက်တွန်းနေတဲ့ အမေရိကန်နဲ့ တခြားနိုင်ငံတွေနဲ့အတူ ရုရှားကလည်း ပါဝင်တိုက်တွန်းလိုက်ပါတယ်။
ထိုင်ဝမ် ဇီဝနည်းပညာကုမ္ပဏီ တစ်ခုက တိကျတဲ့ ကိုရိုနာဗိုင်းရပ်စ် စမ်းသပ်စစ်ဆေးမှု တစ်နေ့ကို ၂၀၀၀ ကျော် လုပ်နိုင်တဲ့ စက်ရုပ်တစ်မျိုးကို တီထွင်ထုတ်လုပ်နိုင်ခဲ့တယ်လို့ ကြေညာခဲ့ပါတယ်။
မြန်မာနိုင်ငံမှာ COVID-19 ရောဂါကြောင့် သေဆုံးသူ ဒီနေ့အယောက် ၃၀ ထပ်တိုးတဲ့အတွက် စုစုပေါင်း သေဆုံးသူ ၂၆၅ ယောက်ဖြစ်ပါတယ်။ အတည်ပြုလူနာသစ် အရေအတွက်ကလည်း ၈၉၇ ယောက်ဖြစ်တယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ည ၈ နာရီသတင်းမှာဖော်ပြထားပါတယ်။
အမေရိကန်သမ္မတ Donald Trump ဟာ သမ္မတအဖြစ်ဝင်အရွေးခံတဲ့ ၂၀၁၆ ခုနှစ်နဲ့ သမ္မတအဖြစ် တာဝန်ဆောင်တဲ့ ပထမနှစ် ၂၀၁၇ ခုနှစ်မှာ ပြည်ထောင်စုအစိုးရကို ဝင်ငွေခွန် ဒေါ်လာ ၇၅၀ သာဆောင်ခဲ့တယ်လို့ The New York Times သတင်းစာကြီးက ဖော်ပြပါတယ်။
အာမေးနီးယားနဲ့ အဇာဘိုင်ဂျန် တပ်ဖွဲ့တွေအကြား Nagorno-Karabakh ဒေသမှာ ဒုတိယယောက်မြောက်နေ့အဖြစ် တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားခဲ့ပါတယ်။ တိုက်ခိုက်မှုတွေကို ရပ်ဆိုင်းဖို့ နိုင်ငံတကာက တောင်းဆိုနေတဲ့ကြားက ဒီကနေ့ တနင်္လာနေ့မှာလည်း တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားနေတာပါ။
John Hopkins တက္ကသိုလ် ကိုရိုနာဗိုင်းရပ်စ် သုတေသနစင်တာ ဒီကနေ့ မနက်ထုတ်ပြန်တဲ့ စာရင်းတွေအရ ကမ္ဘာတဝန်း COVID-19 ကူးစက်သူ ၃၃ သန်းကျော်ရှိပြီး သေဆုံးသူဦးရေက ၁,၀၀၀,၀၀၀ နီးပါးရှိနေပြီဖြစ်ပါတယ်။
အိန္ဒိယ Bollywood နာမည်ကျော် ရုပ်ရှင်မင်းသမီး Deepika Padukone အပါအဝင် အိန္ဒိယရုပ်ရှင်သရုပ်ဆောင် ၃ ယောက်ကို စနေနေ့က အိန္ဒိယ မူးယစ်စုံစမ်းရေးဌာနက ဆင့်ခေါ် မေးမြန်းခဲ့ပါတယ်။
ဆေးလိပ်သောက်သုံးတာ မကောင်းကြောင်းကို COVID ကာလအတွင်း သိနားလည်လက်ခံလာသူတွေ များပြားလာနေကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ပြောပါတယ်။
ကမ္ဘာတလွှား COVID-19 ကူးစက်ခံရသူဟာ တနင်္ဂနွေနေ့မှာ ၃၃ သန်းနီးပါး ရှိသွားပြီလို့ ဒီရောဂါအတွက် စောင့်ကြည့်လေ့လာနေတဲ့ Johns Hopkins တက္ကသိုလ် စစ်တမ်းမှာ ဖော်ပြထားပါတယ်။ သေဆုံးရသူကလည်း ကမ္ဘာတလွှားမှာ တသန်းနီးပါး ရှိနေပြီ ဖြစ်ပါတယ်။
အမေရိကန်သမ္မတရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် Joe Biden ရဲ့ ဒီနှစ်အတွင်း ပြုလုပ်ခဲ့တဲ့ နိုင်ငံရေး စကားစစ်ထိုးပွဲတွေမှာ မူမမှန်တာတွေ တွေ့နေရတာဟာ မူးယစ်ဆေးသုံးထားတာ ဖြစ်နိုင်တဲ့အတွက် Joe Biden မူးယစ်ဆေးသုံးစွဲမှု ရှိမရှိ စစ်ဆေးဖို့ သူတောင်းဆိုမှာဖြစ်ကြောင်း သမ္မတ Trump က တနင်္ဂနွေနေ့မှာ ပြောပါတယ်။
မြန်မာနိုင်ငံမှာ COVID-19 ကပ်ရောဂါ ကူးစက်ခံရသူ အရေအတွက် ၁၀,၀၀၀ ကျော်နဲ့ သေဆုံးသူ ၂၂၆ ယောက်ရှိသွားပြီဖြစ်တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။
COVID-19 ကူးစက်ပျံ့နှံ့မှု ထိန်းချုပ်နိုင်ရေး စစ်ကိုင်းမြို့မှာ မြို့အဝင်အထွက် တင်းတင်းကျပ်ကျပ် စစ်ဆေးနေတဲ့မြင်ကွင်း။
ဗြိတိန်နိုင်ငံအနေနဲ့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ် (WHO) ကို ရန်ပုံငွေ ၃၀ ရာခိုင်နှုန်း တိုးပေးသွားမယ်လို့ ဗြိတိန်ဝန်ကြီးချုပ် Boris Johnson က ကတိပြုလိုက်ပါတယ်။
သမ္မတ Trump ဟာ စာတိုက်ကတဆင့် မဲဆန္ဒပေးတဲ့ တရားဝင်မှုအပေါ် ဝေဖန်တိုက်ခိုက်နေသလို ရွေးကောက်ပွဲမှာ ရှုံးနိမ့်ရင် ငြိမ်းငြိမ်းချမ်းချမ်း အာဏာလွှဲပြောင်းပေးဖို့ ကတိပေးဖို့လည်း ငြင်းဆန်နေဆဲ ဖြစ်တာကြောင့် ရွေးကောက်ပွဲပြီးရင် အခြေခံဥပဒေဆိုင်ရာ အကျပ်အတည်းကို ရင်ဆိုင်ရမလားဆိုတဲ့ စိုးရိမ်မှုတွေ ထွက်ပေါ်နေပါတယ်။
နောက်ထပ်ကြည့်ရှုရန်