မြောက်ကိုရီးယားဘက်က ပစ်ခတ်လိုက်လို့ သေဆုံးသွားတဲ့ တောင်ကိုရီးယား အရာရှိရဲ့ ရုပ်အလောင်းကို ပြန်ရှာဖွေပေးနေကြောင်းနဲ့ အဲဒီဧရိယာတဝိုက် တောင်ကိုရီးယားရေတပ်က ရှာဖွေမှုတွေ လုပ်ဆောင်နေတာကြောင့် နှစ်ဖက် တင်းမာမှုတွေ ဖြစ်လာနိုင်ကြောင်း မြောက်ကိုရီးယားက သတိပေးလိုက်ပါတယ်။
အမေရိကန်ပြည်ထောင်စုနဲ့ အိန္ဒိယနိုင်ငံတွေမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု အရေအတွက် အတော်များများ တိုးလာခဲ့တယ်လို့ Johns Hopkins တက္ကသိုလ်က ပြောလိုက်ပါတယ်။
ယူကရိန်းနိုင်ငံမှာ လူပေါင်း ၂၆ ဦး သေဆုံးခဲ့ရတဲ့ စစ်လေယာဉ်ပျက်ကျရတဲ့ အကြောင်းရင်းကို သိအောင် သမာသမတ်ကျတဲ့ စုံစမ်းစစ်ဆေးမှု ချက်ချင်းလုပ်ဆောင်ဖို့ သမ္မတ Volodymyr Zelenskiy က စနေနေ့မှာ ပြောကြားလိုက်ပါတယ်။
အိန္ဒိယနိုင်ငံက ထုတ်မယ့် COVID-19 ကာကွယ်ဆေး ပမာဏဟာ တကမ္ဘာလုံး ကိုဗစ်တိုက်ဖျက်ရေးအတွက် အလုံအလောက် ရရှိနိုင်မှာဖြစ်တယ်လို့ ဝန်ကြီးချုပ် Narendra Modi က အာမခံ ပြောကြားလိုက်ပါတယ်။
တရားသူကြီး Ruth Bader Ginsburg ကွယ်လွန်သွားတဲ့အတွက် လစ်လပ်သွားတဲ့ အမေရိကန်တရားရုံးချုပ် တရားသူကြီးနေရာမှာ Amy Coney Barrett ကို အစားထိုး ခန့်အပ်ဖို့ သမ္မတ Donald Trump က စနေနေ့မှာ အမည်တင်သွင်းလိုက်ပါတယ်။
အမေရိကန်ပြည်ထောင်စုက နယူးယောက်ပြည်နယ်မှာ COVID-19 ကူးစက်ခံရသူဟာ သောကြာနေ့တနေ့တည်းမှာပဲ ၁,၀၀၀ ကျော် ပြန်ဖြစ်သွားခဲ့ပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ လက်ခံထားရတဲ့ မြန်မာနိုင်ငံဘက်က ထွက်ပြေးလာသူ နိုင်ငံမဲ့ ရိုဟင်ဂျာမွတ်စလင်တွေ နေရပ်ပြန်နိုင်ရေး ဝိုင်းဝန်း အဖြေရှာပေးကြဖို့ ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် Sheikh Hasina က နိုင်ငံတကာကို မေတ္တာရပ်ခံလိုက်ပါတယ်။
မြန်မာနိုင်ငံမှာ ဒီရက်ပိုင်းထဲ ကိုဗစ်ကူးစက်မှု တိုးလာတာကြောင့် ပြည်သူတွေ စိုးရိမ်သောက များနေတာကို လျှော့ချဖို့ အစိုးရက နည်းလမ်းပေါင်းစုံရှာကြံ လုပ်ဆောင်နေတယ်လို့ COVID-19 ကာကွယ်ထိန်းချုပ်ကုသရေး အမျိုးသားဗဟိုကော်မတီ ဥက္ကဋ္ဌလည်းဖြစ်တဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားပါတယ်။
မြန်မာနိုင်ငံမှာ COVID-19 ကပ်ရောဂါ နောက်ထပ်ကူးစက်သူ ၈၈၀ နဲ့ သေဆုံးသူ ၂၄ ယောက်ရှိတယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ဒီကနေ့ည ၈ နာရီ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
မြန်မာအပါအဝင် ဖွံ့ဖြိုးဆဲနိုင်ငံတချို့က ပြည်ပနိုင်ငံတွေအနေနဲ့ တရုတ်နိုင်ငံရဲ့ ပြည်တွင်းရေးမှာ ဝင်ရောက်စွက်ဖက်တာတွေ မလုပ်ကြဖို့ ကုလသမဂ္ဂ လူ့အခွင့်အရေးေကောင်စီမှာ ပြောကြားလိုက်ပါတယ်။
အမေရိကန်သမ္မတ Donald Trump က Amy Coney Barrett ကို အမေရိကန် တရားရုံးချုပ် တရားသူကြီးအဖြစ် ဒီနေ့မှာ အဆိုတင်သွင်းလိမ့်မယ်လို့ ခန့်မှန်းရကြောင်း အမေရိကန် သတင်းမီဒီယာတွေက ပြောပါတယ်။
အိန္ဒိယနိုင်ငံမှာ ဒီကနေ့ COVID-19 ရောဂါ နောက်ထပ်ကူးစက်သူ ၈၅,၀၀၀ ကျော်ရှိတယ်လို့ ကျန်းမာရေးဌာနက ကြေညာတဲ့အတွက် ဒီလထဲမှာ ပိုးကူးစက်သူ အရေအတွက် လျော့ကျလာနေပါတယ်။
တောင်ကိုရီးယား ငါးဖမ်းလုပ်ငန်းဌာနရဲ့ တာဝန်ရှိသူတဦး သေနတ်နဲ့ ပစ်သတ်ခံလိုက်ရတာနဲ့ ပတ်သက်ပြီး မြောက်ကိုရီးယားနိုင်ငံ အနေနဲ့ နောက်ထပ် စုံစမ်းစစ်ဆေးမှုတွေ လုပ်ဖို့နဲ့ နှစ်နိုင်ငံ ပူးတွဲစုံစမ်းစစ်ဆေးမှုတွေလုပ်ဖို့ တောင်ကိုရီးယားနိုင်ငံဘက်က ဒီနေ့မှာ တောင်းဆိုလိုက်ပါတယ်။
အမေရိကန်ပြည်ထောင်စု Kentucky ပြည်နယ် Louisville မြို့မှာတော့ ဆန္ဒပြတဲ့သူတွေဟာ မနေ့ သောကြာနေ့ညက ထပ်ပြီး လမ်းပေါ်ထွက် ဆန္ဒပြခဲ့ကြပါတယ်။
အစွမ်းထက်တဲ့ ကာကွယ်ဆေး မရခဲ့ရင် ကမ္ဘာတဝန်းလုံးမှာ COVID-19 ရောဂါနဲ့ သေဆုံးသူဟာ ၂ သန်းကျော်တဲ့အထိ များလာနိုင်ဖွယ်ရှိကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) အရေးပေါ်ဌာန အကြီးအကဲ ဒေါက်တာ မိုက် ရိုင်ယဲန်က သတိပေးလိုက်ပါတယ်။
ဒေသတွင်းနဲ့ နိုင်ငံတကာမှာ တည်ငြိမ်မှု ရရှိစေရေး ဂျပန်နဲ့ တရုတ် ၂ နိုင်ငံအကြား အဆင့်မြင့် ဆွေးနွေး ပွဲတွေ လုပ်ဆောင်သွားဖို့ တရုတ် သမ္မတ Xi Jinping နဲ့ သဘောတူညီခဲ့တယ်လို့ဂျပန် ဝန်ကြီးချုပ်သစ် Yoshihide Suga က ပြောပါတယ်။
ဂျပန်နိုင်ငံမှာ ရက်ရှည် နေထိုင်ခွင့်ရရှိထားသူ နိုင်ငံခြားသားတွေကို အောက်တိုဘာလကစပြီး ဂျပန်နိုင်ငံအတွင်း ပြန်လည် ဝင်ရောက် ခွင့် ပြုမယ်လို့ ဂျပန် ဝန်ကြီးချုပ် Yoshihide Suga က သောကြာနေ့က ကြေညာလိုက်ပါတယ်။
အိန္ဒိယနဲ့နယ်စပ် မြန်မာ ပိုင်နက်ထဲကနေ လှုပ်ရှားနေတဲ့ အိန္ဒိယ ခွဲထွက်ရေး လက်နက်ကိုင်တပ်ဖွဲ့တွေစခန်းချရာ နယ်မြေ တွေကို ပြောင်းရွှေ့ဖို့ ပြင်ဆင်နေတာကို အိန္ဒိယ ထောက်လှမ်းရေး သတင်းတွေအရ သိရှိရကြောင်း အိန္ဒိယနိုင်ငံထုတ် Hindustan Times သတင်းစာက ပြောပါတယ်။
COVID-19 ကူးစက်မှု တိုးလာနေတာကြောင့် ဥရောပမှာ နိုင်ငံတချို့ကအစိုးရတွေဟာ ပိုတင်းကြပ်တဲ့ ကန့်သတ်မှုတွေ ချမှတ်ပြီး ထိန်းဖို့ ကြိုးစားနေကြချိန်မှာပဲ အမေရိကန်နိုင်ငံမှာတော့ သောကြာနေ့မှာ ဒီရောဂါ အကူးစက်ခံရသူက ၇ သန်းနီးပါး (၆, ၉၉၇,၄၆၈) ဖြစ်လာနေပါပြီ။
G 20 အဖွဲ့ဝင်နိုင်ငံတွေ - ကြွေးမြီပြန်ဆပ်ရေး ယာယီရပ်ဆိုင်းထားတာကို ဆက်ပြီးရပ်ထားဖို့နဲ့ အနာဂတ်အတွက်လည်း ကြွေးလေ ျှာ်ပစ်ရေးတွေ ကျယ်ကျယ်ပြန့်ပြန့်လုပ်ဆောင်ဖို့ လိုအပ်နေတယ်လို့ G7 စက်မှုထိပ်သီး ၇ နိုင်ငံရဲ့ စီးပွါးရေးဝန်ကြီးတွေက သောကြာနေ့မှာ ပြောပါတယ်။
နောက်ထပ်ကြည့်ရှုရန်