အိန္ဒိယနိုင်ငံမှာ လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း ကိုရိုနာဗိုင်းရပ်စ် နောက်ထပ်ကူးစက်သူ ၈၆,၀၀၀ ကျော်ရှိပြီး ကူးစက်သူ ၅.၈ သန်းကျော်သွားပြီဖြစ်ပါတယ်။ ဒါ့အပြင် နောက်ထပ် သေဆုံးသူ ၁,၁၄၁ ယောက်ရှိတာကြောင့် သေဆုံးသူ စုစုပေါင်းက ၉၂,၂၉၀ ရှိပြီလို့ အိန္ဒိယကျန်းမာရေးဝန်ကြီးဌာနက အတည်ပြုပါတယ်။