ပါကစ္စတန်-အိန္ဒိယနှစ်နိုင်ငံ အငြင်းပွားမှုကို ကြားဝင် ဖြေရှင်းပေးမယ်လို့ အမေရိကန် ပြည်ထောင်စုက ထပ်မံ ကမ်းလှမ်းပြီး တစ်ရက်အကြာမှာ အငြင်းပွား ကက်ရှ်မီးယားဒေသက နှစ်နိင်ငံနယ်စပ်မှာ တစ်ဘက်နဲ့တဘက် ပစ်ခတ်မှုတွေ ပြင်းပြင်းထန်ထန် ဖြစ်ပွားခဲ့ပါတယ်။
ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ဒီကနေ့ည ၈ နာရီ ထုတ်ပြန်ချက်မှာပါတဲ့ သေဆုံးသူဟာ ရန်ကုန်ပြည်သူ့ဆေးရုံကြီးက အသက် ၆၃ နှစ်အရွယ် လူနာအမှတ် ၆၇၇၇ အမျိုးသားဖြစ်ပြီး စက်တင်ဘာလ ၂၀ ရက်နေ့ မနက် ၃ နာရီခွဲမှာ ကွယ်လွန်ခဲ့တာပါ။
အလားအလာရှိတဲ့ COVID-19 ကာကွယ်ဆေးကို အရေးပေါ် ခွင့်ပြုနိုင်ရေးအတွက် တင်းကြပ်တဲ့ စည်းမျဉ်းစည်းကမ်းတွေချမှတ်ဖို့ အမေရိကန် အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးဌာန FDA ကစဉ်းစားနေတယ်ဆိုတဲ့သတင်းတွေ ထွက်ပေါ်လာပါတယ်။
ကွယ်လွန်သူ အမေရိကန်တရားရုံးချုပ် တရားသူကြီး Ruth Bader Ginsburg ရဲ့ ကြွင်းကျန်ရစ်တဲ့ ရုပ်ကလပ်ကို မိတ်ဆွေတွေနဲ့ သူ့ကို လေးစားသူတွေ ဒီကနေ့ကစပြီး နောက်ဆုံးအကြိမ်အဖြစ် ဂါရဝပြု နှုတ်ဆက်ခွင့်ရကြတော့မှာဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ COVID-19 အတည်ပြု လူနာသစ် ၂၁၆ ဦး ထပ်မံတွေ့ရှိတယ်လို့ ကျန်းမာရေးနဲ့ အားကစား ဝန်ကြီးဌာနက ကြေညာခဲ့တာကြောင့် ကူးစက်သူ စုစုပေါင်း ၆,၉၅၉ ဦးရှိသွားပြီ ဖြစ်ပါတယ်။ ဓါတ်ခွဲနမူနာ စုစု ပေါင်း ၅,၅၈၂ ခု စစ်ဆေးခဲ့တဲ့အထဲက အခု လို လူနာသစ် ၂၀၀ ကျော်ကို ထပ်မံ တွေ့ရှိခဲ့တာပါ။
ကမ္ဘာ့ နာမည်ကြီး ဘဏ်ကြီးတွေဟာ ငွေကြေး ခဝါချမှုတွေ၊ ရာဇဝတ် ဂိုဏ်းတွေနဲ့ အကြမ်းဖက် သမားတွေရဲ့ ငွေလွှဲပြောင်းပေးပို့ မှုတွေ အပါအဝင် သံသယဖြစ်ဖွယ် မစင်ကြယ်တဲ့ငွေကြေးတွေ လွှဲပြောင်းပေးဖို့ရာမှာပါဝင်ခဲ့တယ်လို့ မကြာသေးခင်က ပေါက်ကြားခဲ့တဲ့ စာရွက်စာတမ်းတွေမှာ စွပ်စွဲဖော်ပြထားပါတယ်။
NASA လို့ အတိုခေါက်ခေါ်တဲ့ အမေရိကန်အမျိုးသားအာကာသစူးစမ်းလေ့လာရေးအေဂျင်စီ အနေနဲ့၂၀၂၄ ခုနှစ်ကျရင် လပေါ်မှာ ပထမဆုံး အမျိုးသမီး စဆင်းသက်နိုင်ဖို့ စီစဉ်နေကြောင်း ထုတ်ပြန်လိုက်ပါတယ်။
တရုတ်နိုင်ငံရဲ့ လုပ်ရပ်တွေ အပေါ် တရုတ်တို့ တာဝန်ယူလာစေရေး ကုလသမဂ္ဂအဖွဲ့ကြီးအနေနဲ့ အရေးယူ ဆောင်ရွက်ပေးဖို့ လိုတယ် လို့ အမေရိကန် သမ္မတဒေါ်နယ်ထရမ့်က အင်္ဂါနေ့က ကုလသမဂ္ဂနှစ်ပတ်လည်ညီလာခံ မိန့်ခွန်းပြောကြားရာမှာ ထည့်သွင်း ပြောကြားလိုက်ပါတယ်။
မြန်မာနိုင်ငံမှာ COVID-19 ရောဂါပိုးသစ်တွေ့နှုန်းက စုစုပေါင်းစစ်တဲ့နှုန်းနဲ့ကြည့်ရင် ၁၀% ကျော်အဖြစ်စအရှိန်အဟုန်မြင့်လာနေပြီး၊ သေဆုံးမူထဲမှာလည်း သေဆုံးပြီးမှ ပိုးရှိတာတွေ့သူ စများလာနေတဲ့အပေါ် စိုးရိမ်မူတွေမြင့်တက်နေပါတယ်။
မြန်မာနိုင်ငံထဲ ကိုဗစ်ပိုးတွေ့နှုန်း အရှိန်အဟုန်မြင့်လာချိန်မှာ၊ တစ်လကျော်အတွင်းကျင်းပဖို့ပြင်ထားတဲ့ ရွေးကောက်ပွဲက၊ နိုင်ငံတကာစံနှုန်းမီနိုင်မှာမဟုတ်ဘူးလို့၊ ကုလသမဂ္ဂရဲ့ မြန်မာဆိုင်ရာ လူ့အခွင့်အရေးကိုယ်စားလှယ်က ပြောလိုက်ပါတယ်။
ကမ္ဘာတဝှမ်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုအများဆုံးဖြစ်နေတဲ့ အမေရိကန် ပြည်ထောင်စုတွင်း မနေ့အင်္ဂါနေ့ အထိ COVID-19 ရောဂါကြောင့် သေဆုံးသူ ၂ သိန်းရှိသွားပြီဖြစ်ပါတယ်။ နောက်လာမယ့်လတွေအတွင်း သေဆုံးမှုနှုန်း ထောင်ချီမြင့်တက်လာနိုင်တယ်လို့ ကျန်းမာရေး ဆိုင်ရာ ကျွမ်းကျင်သူတွေက ပြောပါတယ်။
ရိုက်တာသတင်းဌာန (Thomson Reuters Foundation) ရဲ့ လေ့လာစုံစမ်းမူထဲမှာ မဲဆောက်က စက်ရုံလုပ်သာတွေအနေနဲ့ ခုလို လျော့ရခဲ့တာကိုတွေ့ရှိအပြီး၊ အစိုးရက ဒီစက်ရုံတွေကို ဝင်ဖမ်းပြီး၊ လုပ်သားတွေကိုပေးဖို့အမိန့်ချခဲ့ရာမှာ၊ ကုမ္ပဏီတစ်ခုက မြန်မာလုပ်သား ၂၆ ဦးအတွက် မပေးသေးတာကြောင့် ခုလိုတိုက်ပွဲပြန်ဝင်ကြတာပါ။
မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ပိုးတွေ့သူ ၂၇၃ ဦး တိုးလာတာကြောင့်၊ စုစုပေါင်း ရောဂါပိုးတွေ့သူ ၇,၀၀၀ နီးပါး ရှိသွားပါပြီ။ စက်တင်ဘာ ၂၂ ရက်နေ့ ည ၈ နာရီကအချိန် ကျန်းမာရေးဌာနရဲ့ ထုတ်ပြန်ချက်အရ ပိုးတွေ့လူနာ ၆,၇၄၃ ဦး ရှိသွားပါပြီ။
ကမ္ဘာ့ကုလသမဂ္ဂရဲ့ ၇၅နှစ်ပြည့်သမိုင်းတလျှောက် ပထမဆုံးအကြိမ်အဖြစ်နဲ့ ကုလ အဖွဲ့ဝင် ၁၉၃နိုင်ငံက နိုင်ငံခေါင်းဆောင်တွေဟာ ကိုဗစ်ကပ်ရောဂါအခြေအနေကြောင့် လူကိုယ်တိုင်မဟုတ်ဘဲ ရုပ်သံရိုက်ကူးပြီးသား ဗွီဒီယိုကတဆင့် နှစ်ပတ်လည် ကုလသမဂ္ဂအထွေထွေညီလာခံအဖွင့်မိန့်ခွန်းတွေကို ပြောဆိုနေကြပါပြီ။
အီရန်နိုင်ငံရဲ့ နျူကလီးယားနဲ့ ပဲ့ထိန်းတပ်ဒုံးလက်နက်တွေအပြင် သမရိုးကျ လက်နက်အစီအစဉ်တွေကို ထိန်းချုပ်နိုင်ရေးအတွက် အမေရိကန်ပြည်ထောင်စုက ဒဏ်ခတ်ပိတ်ဆို့မှု အသစ်တွေချမှတ်လိုက်ပါတယ်။
COVID-19 ကပ်ရောဂါဒဏ်ခံနေရသလို ကြီးမားတဲ့ စိန်ခေါ်မှုတွေနဲ့ပါ ရင်ဆိုင်နေရတာကြောင့် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုတွေ ခိုင်မာအောင်လုပ်ဆောင်ဖို့ အရေးတကြီး လိုအပ်နေတယ်လို့ စက်တင်ဘာလမှာ ကျရောက်တဲ့ ကုလသမဂ္ဂတည်ထောင်မှု ၇၅ နှစ်ပြည့် နှစ်ပတ်လည်နေ့ အခမ်းအနားမှာ ကုလသမဂ္ဂ အတွင်းရေးမှုးချုပ်က ပြောကြားလိုက်ပါတယ်။
COVID-19 ကူးစက်သူ လူနာသစ် ၃၂၀ ယောက် ထပ်ပြီး တွေ့ရတယ်လို့ ကျန်းမာရေးနဲ့ အားကစား ဝန်ကြီးဌာနက စက်တင်ဘာလ ၂၂ ရက်မှာ ထုတ်ပြန်ကြေညာ လိုက်ပါတယ်။ ဒါ့အပြင် သေဆုံးရသူကလည်း နောက်ထပ် ၂ ဦး ရှိကြောင်း ဖေါ်ပြထားတဲ့ အတွက် အခုချိန်အထိ COVID-19 ဓါတ်ခွဲအတည်ပြု လူနာတွေထဲမှာ သေဆုံးရသူ စုစုပေါင်း ၁၀၀ ဦး ရှိသွားပါပြီ။
ပစိဖိတ်သမုဒ္ဒရာထဲက အမေရိကန်ပိုင် Guamကျွန်းပေါ်က စစ်စခန်းနဲ့ သဏ္ဍာန်တူ စခန်းတခုကို နျူကလီးယား လက်နက် တပ်ဆင် အသုံးပြု နိုင်တဲ့ H-6 ဗုံးကြဲလေယာဉ်နဲ့ပုံစံတူ လေ့ကျင့်တိုက်ခိုက်မှုကို ရိုက် ကူးထားတဲ့ ဗွီဒီယိုကို တရုတ်လေတပ်က ထုတ် ပြန် လိုက်ပါတယ်။
COVID-19 ကာကွယ်ဆေးကို ကမ္ဘာတလွှား တန်းတူညီမ ျှ ဖြန့်ဝေပေးနိုင်ဖို့ လုပ်ဆောင်နေတဲ့ WHO က ဦးဆောင်တဲ့ COVAX အစီအစဉ်မှာ ပါဝင်ဆောင်ရွက်မယ့် နိုင်ငံတွေဟာ အခုဆို ၁၅၀ ကျော်သွားပြီလို့ WHO က တနင်္လာနေ့ ဂျနီဗာသတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
အမေရိကန်နိုင်ငံမှာ သောကြာနေ့က ကွယ်လွန်သွားခဲ့တဲ့ နိုင်ငံတော်တရားရုံးချုပ် တရားသူကြီး Ruth Bader Ginsburg နေရာမှာ အစာထိုးခန့်အပ်ဖို့ လူ ၅ ဦး ကို အမည်စာရင်း တင်သွင်းမှာဖြစ်ပြီ်း ဒီစာရင်းကို သောကြာ ဒါမှမဟုတ် စနေနေ့မှာ ကြေညာဖို့ရှိကြောင်း သမ္မတဒေါ်နယ်ထရမ့်က တနင်္လာနေ့မှာ ပြောပါတယ်။
နောက်ထပ်ကြည့်ရှုရန်