မြန်မာနဲ့ဘင်္ဂလားဒေ့ရှ်နယ်စပ်မှာ မြန်မာ စစ်တပ်တွေ တိုးမြှင့် ချထားမှုအပေါ်စိုးရိမ်ကြောင်း သတိပေးထားတဲ့ သံတမန်သတိထောက်လွှာ တစ်စောင်ကို ဘင်္ဂလားဒေ့ရှ်နိုင်ငံက ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ ဥက္ကဌဆီကို ပေးပို့ခဲ့တယ်လို့ ဘင်္ဂလားဒေ့ရှ်သတင်းဌာနတွေက ပြောပါတယ်။
မြန်မာနိုင်ငံမှာ COVID-19 ရောဂါကြောင့် သေဆုံးသူ ဒီနေ့တယောက်ထပ်တိုးတဲ့အတွက် စုစုပေါင်း သေဆုံးသူ ၉၈ ယောက်ရှိသွားပါပြီ။ သေဆုံးသူဟာ အသက် ၅၅ နှစ်အရွယ် အမျိုးသမီးဖြစ်တယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ည ၈ နာရီသတင်းမှာ ဖော်ပြထားပါတယ်။
အမေရိကန်သမ္မတနဲ့ အိမ်ဖြူတော်ကို လိပ်မူပြီး ပေးပို့တဲ့စာတွေကို ကြားက စစ်ဆေးနေကျအတိုင်း စစ်ဆေးခဲ့စဉ် အဆိပ်ပါတဲ့စာကို ပြီးခဲ့တဲ့ သီတင်းပတ်အစောပိုင်းက တေ့ွရှိခဲ့တာဖြစ်ပါတယ်။
ရန်ကုန်တမြို့လုံး နေအိမ်နေ ကန့်သတ်ချက်ထုတ်ပြန်ပြီး၊ ပထမဆုံးနေ့တွေ့ရသည့် ရန်ကုန်မြို့ သတင်းဓါတ်ပုံများဖြစ်ပါသည်။ မြန်မာတနိုင်ငံလုံးတွင်း ကိုဗစ်ရောဂါပိုး ကူးစက်ခံရသူ ၆,၀၀၀ ဝန်းကျင်ရှိပြီး၊ ရောဂါကြောင့် သေဆုံးသူ ၉၀ ကျော်လာပြီဖြစ်ပါသည်။ (စက်တင်ဘာ ၂၁၊ ၂၀၂၀)
မြန်မာနိုင်ငံမှာ COVID-19 ကူးစက်သူ လူနာသစ် ၂၆၄ ယောက် ထပ်ပြီး တွေ့ရတယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက စက်တင်ဘာလ ၂၁ ရက် တနင်္လာနေ့ မနက် ၈ နာရီမှာ ထုတ်ပြန်ကြေညာလိုက်ပါတယ်။
မိုဘိုင်းဖုန်း အင်တာနက်မှာ ပြောဆိုဆက်သွယ်လို့ရတဲ့ တရုတ်ကုမ္ပဏီပိုင် WeChat ကို တနင်္ဂနွေ ညဉ့်နက်ပိုင်းကစပြီး ဒေါင်းလုပ်ချ သုံးစွဲလို့မရအောင် Apple နဲ့ Google တို့ရဲ့ App Store တွေမှာ ပိတ်ပစ်ထားဖို့ဆိုတဲ့ သမ္မတ Trump အစိုးရရဲ့ အမိန့်ကို အမေရိကန် တရားရုံးတခုက တနင်္ဂနွေနေ့ အစောပိုင်းမှာ ဟန့်တားလိုက်ပါတယ်။
ဆီးရီးယားနိုင်ငံ အရှေ့မြောက်ပိုင်းက လက်နက်ကိုင်အဖွဲ့တွေ ထိန်းချုပ်ထားတဲ့ ဒေသကို တနင်္ဂနွေနေ့က ရုရှား ဂျက်တိုက်လေယာဉ်တွေက ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဆီးရီးယား အတိုက်အခံတွေက ပြောပါတယ်။
ထိုင်းနိုင်ငံမှာ ဘုရင် Maha Vajiralongkorn ကို ပွင့်လင်းစွာ စိန်ခေါ်တဲ့အနေနဲ့ တနင်္ဂနွေနေ့က ထောင်ချီတဲ့ ဆန့်ကျင်ဆန္ဒပြသူတွေဟာ ဘန်ကောက်မြို့မှာ ချီတက်ခဲ့ကြပြီး ဘုရင်ရဲ့ လုပ်ပိုင်ခွင့်အာဏာ လျှော့ချရေး အပါအဝင် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးကို တောင်းဆိုခဲ့ကြပါတယ်။
တရုတ်စစ်လေယာဉ်တွေ ထိုင်ဝမ်ကျွန်းကို ၂ ရက်တာ ချဉ်းကပ်ခဲ့တာဟာ ဒေသတခုလုံးကို တရုတ်အစိုးရက ခြိမ်းခြောက်ခဲ့တာဖြစ်ပြီး တရုတ်အစိုးရရဲ့ စိတ်ရင်းအမှန်ကို ထိုင်ဝမ်ပြည်သူတွေသိအောင် ပြသလိုက်ခြင်း ဖြစ်တယ်လို့ ထိုင်ဝမ်သမ္မတ Tsai Ing-wen က တနင်္ဂနွေနေ့မှာ ပြောကြားလိုက်ပါတယ်။
ဂျပန်နိုင်ငံရဲ့ ခေါင်းဆောင်သစ်တယောက်ဖြစ်လာတဲ့ ဝန်ကြီးချုပ် Yoshihide Suga က သူနဲ့ အမေရိကန်သမ္မတ Donald Trump တို့ တနင်္ဂနွေနေ့က ပထမဆုံးအကြိမ်အဖြစ် တယ်လီဖုန်းနဲ့ ဆက်သွယ် ပြောကြားခဲ့တယ်လို့ ပြောပါတယ်။
အမေရိကန်ပြည်ထောင်စုမှာ စနေနေ့က COVID-19 ရောဂါပိုးရှိမရှိ လာရောက်စစ်ဆေးသူဟာ တရက်အတွင်း ၁ သန်းကျော်ရှိပြီး စံချိန်တင်သွားပါတယ်။ ဒါပေမယ့် ဒီရောဂါကို ထိန်းချုပ်နိုင်ဖို့အတွက် အမေရိကန်မှာ တနေ့ကို လူပေါင်း ၆ သန်းကနေ ၁၀ သန်းလောက်အထိ လာရောက်စစ်ဆေးဖို့ လိုအပ်တယ်လို့ ကျွမ်းကျင်သူတွေက ပြောပါတယ်။
Stay at Home အမိန့် ထုတ်ပြန်တယ်ဆိုပေမယ့် မဖြစ်မနေ ဈေးဝယ်ထွက်ဖို့လိုရင် တအိမ်ကို တယောက်နှုန်း ထွက်ခွင့်ရှိပြီး ဆေးရုံဆေးခန်း သွားရောက်ဖို့ ရှိသူတွေကတော့ တအိမ်ကို နှစ်ယောက် သွားခွင့်ပြုထားပါတယ်။ နေအိမ်အပြင် ထွက်ရမယ့်သူတွေဟာ မဖြစ်မနေ နှာခေါင်းစည်း တပ်ရမယ်လို့လည်း ပြောထားပါတယ်။
မြန်မာနိုင်ငံမှာ COVID-19 ရောဂါကူးစက်ခံရသူ စုစုပေါင်း ၅,၅၀၀ ကျော်နဲ့ သေဆုံးသူ ၉၂ ယောက်ရှိသွားပြီလို့ ကျန်းမာရေးဝန်ကြီးဌာနက ပြောလိုက်ပါတယ်။ စက်တင်ဘာ ၂၀ ရက် ည ၈ နာရီ ထုတ်ပြန်ချက်အရ ဗိုင်းရပ်စ်ကူးစက်ခံရသူ ၂၇၈ ယောက် ထပ်တွေ့တာကြောင့် အခုဆိုရင် ဗိုင်းရပ်စ်ကူးစက်ခံသူ ၅.၅၄၁ ယောက် ရှိသွားပြီလို့ ပြောပါတယ်။
ကမ္ဘာတဝန်းမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေဟာ အလျင်အမြန် ဆက်လက်ဖြစ်ပေါ်နေပြီး အခုဆိုရင် ကူးစက်သူ အရေအတွက်ဟာ ၃၀.၈ သန်း ကျော်သွားပြီဖြစ်တယ်လို့ Johns Hopkins တက္ကသိုလ်က ပြောလိုက်ပါတယ်။ အဲဒီထဲမှာ အမေရိကန်နိုင်ငံကတော့ ကူးစက်မှု အများဆုံးနိုင်ငံအဖြစ် ဆက်ရှိနေပြီး ကူးစက်သူ ၆.၈ သန်းလောက် ရှိပါတယ်။
မြန်မာနိုင်ငံမှာ COVID-19 ကပ်ရောဂါကြောင့် သေဆုံးသူ ၈၉ ယောက် ရှိသွားပြီဖြစ်တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ပြောလိုက်ပါတယ်။ ဒီနေ့မှာ COVID-19 ကြောင့် သေဆုံးသူ နောက်ထပ် ၈ ယောက်ရှိတာကြောင့် စုစုပေါင်း သေဆုံးသူ ၈၉ ယောက်ရှိပြီး ကျန်းမာရေးဝန်ကြီးဌာနက စက်တင်ဘာ ၂၀ ရက် ညနေ ၅ နာရီခွဲမှာ သတင်းထုတ်ပြန်ထားပါတယ်။
အိန္ဒိယနိုင်ငံမှာ နယူးဒေလီမြို့တော် အပါအဝင် နေရာအများအပြားကို တိုက်ခိုက်ဖို့ စီစဉ်နေတဲ့ အယ်လ်ခိုင်းဒါး စစ်သွေးကြွ ၉ ဦးကို ဖမ်းဆီးခဲ့တယ်လို့ အိန္ဒိယ အမျိုးသားစုံစမ်းထောက်လှမ်းရေးအဖွဲ့ (NIA) က စနေနေ့မှာ ကြေညာပါတယ်။
ထိုင်ဝမ်ရေလက်ကြားရဲ့ အကဲဆတ်တဲ့ အလယ်မျည်းကို ဖြတ်ပြီး တရုတ်နိုင်ငံ လေယာဉ်အုပ်စုတစု စနေနေ့တုန်းက ချဉ်းကပ်ဝင်လာတဲ့အတွက် ထိုင်ဝမ် ဂျက်တိုက်လေယာဉ်တွေ အရေးပေါ်ပျံသန်းပြခဲ့ပြီး တရုတ်လေယာဉ်တွေ ပြန်ထွက်သွားဖို့ တရုတ်အစိုးရကို ထိုင်ဝမ်က တောင်းဆိုခဲ့ပါတယ်။
ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ထောင်ချီတဲ့ ဆန္ဒပြသူတွေက ရဲတပ်ဖွဲ့ရဲ့ သတိပေးချက်ကို အာခံပြီး သမိုင်းဝင် Sanam Luang ရင်ပြင်ကို သိမ်းပိုက်ရင်း စနေနေ့က ဆန္ဒပြခဲ့ကြပါတယ်။
ဆောင်းဦးရာသီမှာ ရာသီတုပ်ကွေး ဖြစ်ပွားလေ့ရှိတာကြောင့် ဒီရာသီတုပ်ကွေးနဲ့ ရောဂါလက္ခဏာ ဆင်ဆင်တူပြီး ကူးစက်မှုသိပ်မြန်တဲ့ လက်ရှိဖြစ်ပွားနေတဲ့ COVID-19 နဲ့ မမှားအောင် ဒီနှစ်အတွက် ရာသီတုပ်ကွေး ကာကွယ်ဆေးတွေ ထိုးကြဖို့ ကျန်းမာရေးအရာရှိတွေက သတိပေးနေကြပါတယ်။
တရားရုံးချုပ်တရားသူကြီး Ruth Bader Ginsburg သောကြာနေ့က ကွယ်လွန်သွားတဲ့အတွက် သူ့နေရာမှာ အစားထိုးခန့်အပ်ဖို့ အမည်စာရင်းတင်သွင်းတဲ့အခါ ကြန့်ကြာမှုမရှိအောင်လုပ်ဖို့ ရီပတ်ဘလစ်ကန်တွေ ကြီးစိုးတဲ့ အထက်လွှတ်တော်ကို စနေနေ့မှာ သမ္မတ Donald Trump က တိုက်တွန်းလိုက်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်