မြန်မာနိုင်ငံမှာ COVID-19 ရောဂါ နောက်ထပ်ကူးစက်သူ ၂၄၉ ဦး ထပ်တိုးတယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ဒီကနေ့ည ၈ နာရီ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ကုလသမဂ္ဂ အထွေထွေညီလာခံကို တနင်္လာနေ့မှာ စတင်မှာဖြစ်ပြီး ကမ္ဘာ့နိုင်ငံ ခေါင်းဆောင်တွေဟာလည်း ဒီနှစ်ညီလာခံကို ဗွီဒီယို ဆက်သွယ်ရေးကနေတဆင့် တက်ရောက်ဆွေးနွေးကြမှာ ဖြစ်ပါတယ်။
တရုတ်ကုမ္ပဏီပိုင် မိုဘိုင်းလ်ဖုန်းအက်ပ်တွေဖြစ်တဲ့ WeChat နဲ့ TikTok တို့ကို အမေရိကန် App Stores တွေကနေ ဒေါင်းလုပ်ချတာနဲ့ သုံးနေတာတွေကို စက်တင်ဘာ ၂၀ ရက်၊ တနင်္ဂနွေနေ့ည သန်းခေါင်ယံကစပြီး ပိတ်ပစ်တော့မယ်လို့ သမ္မတ Trump အစိုးရအဖွဲ့က သောကြာနေ့မှာ ကြေညာပါတယ်။
အမေရိကန် တရားရုံးချုပ် တရားသူကြီး Ruth Bader Ginsburg သောကြာနေ့က ကွယ်လွန်သွားတဲ့အပေါ်မှာ သမ္မတ Trump အပါအဝင် အမေရိကန် ထိပ်တန်းတာဝန်ရှိသူတွေက ဝမ်းနည်းကြောင်း ပြောကြားခဲ့ပါတယ်။
အမေရိကန် တရားရုံးချုပ်မှာ နှစ်ပေါင်းများစွာ တာဝန်ထမ်းဆောင်လာတဲ့ တရားသူကြီး Ruth Bader Ginsburg ဟာ သောကြာနေ့က ကင်ဆာရောဂါနဲ့ ကွယ်လွန်သွားပါတယ်။
ကိုဗစ် ကပ်ရောဂါဟာ စွမ်းအားကောင်းနေဆဲ ဖြစ်တာကြောင့် ကမ္ဘာတဝန်းမှာ အချိန်အတော်ကြာအောင် ကူးစက်ပျံ့နှံ့နေဖို့ရှိကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) တာဝန်ရှိသူတဦးက သောကြာနေ့မှာ ပြောကြားလိုက်ပါတယ်။
မြန်မာနိုင်ငံမှာ ကိုဗစ်ရောဂါကြောင့် သေဆုံးသူ ၆ ဦး ထပ်တိုးတယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ဒီကနေ့ညနေ ၄ နာရီမှာ သတင်းထုတ်ပြန်တဲ့အတွက် COVID-19 ကြောင့် သေဆုံးသူ စုစုပေါင်း ၈၁ ဦး ရှိသွားပါပြီ။
COVID-19 ကူးစက်ပျံ့နှံ့နေတဲ့ကာလ ကမ္ဘာတဝန်း မြင်ကွင်းတချို့။
COVID-19 ကူးစက်မှုတွေ များနေတဲ့ အိန္ဒိယနိုင်ငံမှာ ဒေသခံတွေကို ကျန်းမာရေး စစ်ဆေးပေးနေတဲ့မြင်ကွင်း။
မြန်မာနိုင်ငံမှာ COVID-19 ကူးစက်သူ လူနာသစ် ၁၅၄ ယောက် ထပ်ပြီး တွေ့ရတယ်လို့ ကျန်းမာရေးနဲ့ အားကစား ဝန်ကြီးဌာနက စက်တင်ဘာလ ၁၉ ရက် စနေနေ့ မနက် ၈ နာရီမှာ ထုတ်ပြန်ကြေညာ လိုက်တာကြောင့် အခုအချိန်အထိဆို မြန်မာနိုင်ငံမှာ ရောဂါပိုး အကူးစက်ခံရသူ စုစုပေါင်း ၄,၆၂၁ ယောက် ရှိသွားပြီ ဖြစ်ပါတယ်။
လာမယ့် သီတင်းပတ်ထဲ ကျင်းပမယ့် ကုလသမဂ္ဂ အထွေထွေညီလာခံကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် တက်ရောက်မှာ မဟုတ်ဘူးလို့ သမ္မတ အိမ်ဖြူတော် ဝန်ထမ်း အရာရှိချုပ် Mark Meadows က ပြောပါတယ်။
ရစ်ပတ်ဘလင်ကန်နဲ့ ဒီမိုကရက် ပါတီ နှစ်ရပ်လုံးက အမတ်တွေ ပါဝင်တဲ့ အမေရိကန် အထက်နဲ့ အောက်လွှတ်တော် နိုင်ငံခြား ဆက်ဆံရေး ကော်မတီဝင်တွေ ပူးပေါင်းပြီး မြန်မာနိုင်ငံမှာ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်မြောက်ရေး ထောက်ခံ အားပေးတဲ့ အဆိုမူကြမ်းတစ်ရပ်ကို လွှတ်တော် နှစ်ရပ်လုံးမှာ တင်သွင်းသွားဖို့ ရှိပါတယ်။
မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်လို ကြားခံ တတိယ နိုင်ငံတွေမှာ အိန္ဒိယနဲ့ ဂျပန်နိုင်ငံတို့ ပူးပေါင်းပြီး စီမံကိန်းတွေ လုပ်ဆောင်ဖို့ နည်းလမ်း တွေ ရှာဖွေနေတယ်လို့ အိန္ဒိယ နိုင်ငံခြားရေး ဝန်ကြီး S Jaishankar က သောကြာနေ့က ပြောပါတယ်။
အမေရိကန် ဆေးကုမ္ပဏီကြီးတခု ဖြစ်တဲ့ Moderna Inc က သူတို့စမ်းသပ်နေတဲ့ COVID 19 ကာကွယ်ဆေးကို ဒီနှစ်ကုန်လောက်မှာ အလုံးပေါင်း သန်း ၂၀ ထုတ်ဖို့ လုပ်နေတယ်လို့ သောကြာနေ့မှာ ပြောကြားလိုက်ပါတယ်။
မြန်မာနိုင်ငံမှာ COVID-19 ရောဂါ အတည်ပြုလူနာသစ် နောက်ထပ် ၁၆၈ ယောက်ရှိတယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန က စက်တင်ဘာလ ၁၈ ရက် ညပိုင်းမှာ အတည်ပြု ကြေညာခဲ့ပါတယ်။
ဒီကနေ့ညနေပိုင်းမှာ စစ်ဆေးပြီးစီးခဲ့တဲ့ ဓာတ်ခွဲနမူနာပေါင်း ၂,၅၃၄ ခုထဲမှာ ကိုဗစ်ရောဂါ ကူးစက်တယ်လို့ အတည်ပြုသူ နောက်ထပ် ၁၆၈ ဦး ထပ်တွေ့ပါတယ်။ ဒါကြေင့် အခုချိန်ထိဆိုရင် မြန်မာတနိုင်ငံလုံးမှာ ကိုဗစ်ရောဂါကူးစက်သူပေါင်း ၄,၄၆၇ ဦး ရှိသွားပြီဖြစ်ပါတယ်။
ဒီကနေ့ စက်တင်ဘာ ၁၈ ရက်နေ့စွဲနဲ့ ထုတ်ပြန်ချက်အရ ၂၀၂၀ ရွေးကောက်ပွဲကို လေ့လာစောင့်ကြည့်ဖို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ရဲ့ တရားဝင်အသိအမှတ်ပြုလွှာကို ရရှိပြီးတဲ့နောက် ၂၀၂၀ အထွေထွေရွေးကောက်ပွဲကို လေ့လာဖို့ နိုင်ငံတကာရွေးကောက်ပွဲလေ့လာရေးမစ်ရှင်ကို စတင်လိုက်ပြီလို့ ကာတာစင်တာက ပြောပါတယ်။
မြန်မာနိုင်ငံမှာ ကိုဗစ် ၁၉ ရောဂါကြောင့် နောက်ထပ် ၇ ဦး ထပ်မံသေဆုံးတဲ့အတွက် သေဆုံးသူဦးရေဟာ အခုဆိုရင် ၆၈ ယောက်ရှိသွားပြီဖြစ်တယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ဒီကနေ့ စက်တင်ဘာ ၁၈ ရက် ညနေ ၄ နာရီမှာ သတင်းထုတ်ပြန်လိုက်ပါတယ်။
အိန္ဒိယနိုင်ငံမှာ လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်သူအရေအတွက်ဟာ ၉၆,၀၀၀ ကျော်ရှိတာကြောင့် ကူးစက်သူအရေအတွက်ဟာ ၅.၂ သန်းကျော်သွားပြီဖြစ်တယ်လို့ အိန္ဒိယကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။
အသက်အန္တရာယ်တွေ ထိခိုက်နေရတဲ့ စစ်ရေးပဋိပက္ခတွေ၊ ဥတုရာသီပြောင်းလဲမှှုနဲ့ COVID-19 ကပ်ရောဂါကြောင့် သန်းနဲ့ချီတဲ့လူတွေ ငတ်မွတ်ခေါင်းပါးမှုနဲ့ ကြုံရမယ့်အခြေဆိုက်နေပြီလို့ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ (WFP) အကြီးအကဲက ကြာသပတေးနေ့ကမှာ သတိပေးလိုက်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်