အမေရိကန်ပြည်သူ ၄၉ ရာခိုင်နှုန်းက တကယ်လို့ အခုအချိန်မှာ ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးရမယ်ဆိုရင် သူတို့အနေနဲ့ သေချာပေါက် မထိုးဘူး ဒါမှမဟုတ် မထိုးဖြစ်ဖို့များတယ်လို့ပြောပြီး ကျန်တဲ့ ၅၁ ရာခိုင်နှုန်းကတော့ ထိုးမယ်လို့ Pew သုတေသနဌာနက အခုလကောက်ယူတဲ့ စစ်တမ်းမှာ ဖော်ထြားပါတယ်။
တိုင်ဝမ်ရေလက်ကြားမှာ လက်ရှိပေါ်ပေါက်နေတဲ့ အခြေအနအရ နိုင်ငံတော်လုံခြုံရေးနဲ့ နယ်မြေပိုင်နက်တည်တန့်ခိုင်မြဲရေးအတွက် လိုအပ်လို့ စစ်ရေးလေ့ကျင့်ရတာဖြစ်ပါတယ်။ အဖိုးတန်မြေတခုဖြစ်တဲ့ တိုင်ဝမ်ကို တရုတ်နိုင်ငံကနေ ခွဲထားလို့မရဘူးလို့ နိုင်ငံခြားရေးဌာနပြောခွင့်ရ Ren Guoqiang ကပြောပါတယ်။
မြန်မာနိုင်ငံမှာ COVID-19 ကူးစက်သူ လူနာသစ် ၂၅၆ ယောက် ထပ်ပြီး တွေ့ရတယ်လို့ ကျန်းမာရေးနဲ့ အားကစား ဝန်ကြီးဌာနက စက်တင်ဘာလ ၁၈ ရက် သောကြာနေ့ မနက် ၈ နာရီမှာ ထုတ်ပြန်ကြေညာ လိုက်တာကြောင့် အခုအချိန်အထိဆို မြန်မာနိုင်ငံမှာ ရောဂါပိုး အကူးစက်ခံရသူ စုစုပေါင်း ၄,၂၉ ၉ ယောက် ရှိသွားပြီ ဖြစ်ပါတယ်။
အိန္ဒိယနိုင်ငံအနေနဲ့ တရုတ်နဲ့ ဖြစ်ပွားနေတဲ့ နယ်စပ်ဒေသ အငြင်းပွားမှုကို ငြိမ်းချမ်းတဲ့နည်းလမ်းနဲ့ ဖြေရှင်းလိုပေမယ့်နိုင်ငံရဲ့ အချုပ် အခြာ အာဏာနဲ့ ပိုင်နက်နယ်မြေတည်တံ့ရေးအတွက် တခြားနည်းလမ်းတွေကိုလည်း အသင့် ပြင်ဆင်ထားတယ်လို့ အိန္ဒိယ ကာကွယ်ရေးဝန်ကြီး Rajnath Singh က ပြောပါတယ်။
ဥရောပတလွှားမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှု နှုန်း ကြောက်စရာကောင်းလောက်အောင်တိုးလာ နေတာကို နောက်တချီ စတွေ့ နေရပြီ ဖြစ်တဲ့အတွက် ဥရောပ အစိုးရတွေအနေနဲ့ ဒါကို ပေါ့ပေါ့မထားပဲ သတိပေးချက် အနေနဲ့ အရေးယူ ဆောင်ရွက်ကြဖို့ WHO ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီးက ကြာသပတေးနေ့မှာ သတိပေးလိုက်ပါတယ်။
အီရန်အတိုက်အခံတွေနဲ့ တခြား လူပုဂ္ဂိုလ်တွေ ကုမ္ပဏီတွေကို ပစ်မှတ်ထားပြီး ကွန်ပြူတာမှာ Malware virus တွေနဲ့ တိုက်ခိုက်တဲ့ လှုပ်ရှားမှု လုပ်ဆောင်တယ်လို့ စွပ်စွဲပြီး အီရန်ထောက်လှန်းရေးနဲ့ လုံခြုံရေးဝန်ကြီးဌာန နဲ့ ဆက်သွယ်တဲ့ အဖွဲ့အစည်းတွေကို ဒဏ်ခတ်အရေးယူလိုက်ကြောင်း အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာနက ပြောပါတယ်။
COVID-19 ကူးစက်မှုဟာ ကျန်းမာရေးဝန်ထမ်း ၇ ယောက်မှာ တယောက်နှုန်းလောက် ဖြစ်နေပြီး တချို့နိုင်ငံတွေမှာ ဆိုရင်တော့ ၃ ယောက်မှာ တယောက်နှုန်းအထိ ဖြစ်နေတာတွေ့ရတယ်။
မြန်မာ အပါအဝင် အာရှ ၄ နိုင်ငံက လူ ၅၀၀၀ ဝန်းကျင်ကို ကောက်ယူခဲ့တဲ့ သဘောထား စစ်တမ်းတစ်ခုမှာ စစ်တမ်း ဖြေဆိုသူ လူ ၂ ယောက်မှာ ၁ ယောက်လောက်က COVID 19 ရောဂါကူးစက် ပျံ့နှံ့မှုနဲ့ ပတ်သက်ပြီး အုပ်စု အမျိုးအမည် တစ်ခုအပေါ်မှာ လက်ညှိုး ထိုးအပြစ်တင်ခဲ့ကြတယ်လို့ ဖော်ပြထားပါတယ်။
မြန်မာနိုင်ငံမှာ COVID-19 ရောဂါကြောင့် လူ ၃ ဦး ထပ်တိုး သေဆုံးခဲ့တယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနကစက်တင် ဘာလ ၁၇ ရက် ညပိုင်းမှာ အတည်ပြု ကြေညာခဲ့ပါတယ်။
COVID-19 ရောဂါကူးစက်ခံရသူ ၁၄၈ ယောက်ထပ်မံတွေ့ရှိခဲ့တဲ့အတွက် ဗိုင်းရပ်စ်ကူးစက်ခံရသူ စုစုပေါင်း ၄,၀၄၃ ယောက် ရှိပြီလို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ဒီကနေ့ည ၈ နာရီထုတ်ပြန်ချက်မှာ ပြောပါတယ်။ ဒါ့အပြင် သေဆုံးသူ နောက်ထပ် ၃ ယောက် ထပ်တိုးတာကြောင့် သေဆုံးသူဦးရေကလည်း ၆၀ ရှိသွားပြီလို့ ပြောပါတယ်။
အမေရိကန်ပြည်ထောင်စုမှာ လူနည်းစုဝင်တွေထဲက အသက် ၂၁ နှစ်အောက် အရွယ်တွေဟာ လူဖြူအမေရိကန် အသက် ၂၁ နှစ်အောက်တွေထက် COVID-19 ရောဂါကူးစက်ခံရတာ ပိုများတယ်လို့ အမေရိကန်ရောဂါကာကွယ်ထိန်းချုပ်ရေးဌာန (CDC) က အခုသီတင်းပတ်မှာ ပြောကြားလိုက်ပါတယ်။
အိန္ဒိယနိုင်ငံမှာ ကပ်ရောဂါအပေါ် အစိုးရရဲ့ ကိုင်တွယ်ဆောင်ရွက်နေပုံနဲ့ စီးပွားရေးကျဆင်းမှုတွေနဲ့ ပတ်သက်ပြီး ဝန်ကြီးချုပ် နေရင်ဒရာ မိုဒီအစိုးရဟာ ပါလီမန်မှာ အတိုက်အခံတွေရဲ့ ဝေဖန်မှုတွေကို အပြင်းအထန်ခံရချိန်မှာပဲ နေ့စဉ်ဗိုင်းရပ်စ်ကူးစက်မှုတွေဟာလည်း နောက်ထပ်စံချိန်တင်မြင့်တက်ခဲ့ပါတယ်။
မြန်မာနိုင်ငံ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက စက်တင်ဘာလ ၁၇ ရက် ညနေ ၃ နာရီသတင်းထုတ်ပြန်ချက်အရ COVID-19 ကြောင့် သေဆုံးသူ ၁၁ ဦးထပ်တိုးတာကြောင့် စုစုပေါင်း သေဆုံးသူ ၅၇ ယောက်ရှိပြီဖြစ်ပါတယ်။
စက်တင်ဘာလ ၁၇ ရက် မနက်ပိုင်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန ထုတ်ပြန်ကြေညာချက်အရ COVID – 19 ကူးစက်ခံရသူ အတည်ပြုလူနာတွေထဲက နောက်ထပ် ၆ ဦး သေဆုံး သွားခဲ့လို့ မြန်မာနိုင်ငံမှာ COVID 19 ကြောင့် သေဆုံးသူ စုစုပေါင်း ၄၆ ဦး ရှိပြီ ဖြစ်ပါတယ်။
ကပ်ရောဂါ ကာလထဲ ကမ္ဘာ့ စီးပွားရေး အခြေအနေက ထင်ထားတာထက် ပိုပြီး ကောင်းမွန်နေပေမယ့် ဗိုင်းရပ်စ် ကူးစက်မှု အသစ် ဖြစ်ပွားမှု ရှိ-မရှိ အပေါ် မူတည်နေသေးတယ်လို့ နိုင်ငံတကာ စီးပွားရေး စောင့်ကြည့်လေ့လာရေး အဖွဲ့တစ်ခုက ဗုဒ္ဓဟူးနေ့က ပြောပါတယ်။
လူတွေရဲ့ ကျန်းမာရေးနဲ့ သဘာဝ ပတ်ဝန်းကျင် အနေအထား ဆက်စပ်မှုရှိတယ်ဆိုတာ ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါကြီးက ပြသနေတယ်လို့ ပုပ်ရဟန်းမင်းကြီး Francis က ဗုဒ္ဓဟူးနေ့က ဗာတီကန်မှာ အပတ်စဉ်ပြုလုပ်တဲ့ လူထုနဲ့တွေ့ဆုံပွဲမှာ ပြောပါတယ်။
မျက်ခမ်းစပ်ရောဂါ ကူးစက်ပျံ့ပွားမှုကို မြန်မာနိုင်ငံမှာ အောင်မြင်စွာ ထိန်းချုပ်ထားနိုင်ပြီလို့ WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ်က အသိအမှတ်ပြု ကြေညာပါတယ်။ ဘက်တီးရီးယားပိုးကြောင့် ဒီရောဂါဖြစ်လာရပြီး ကူးစက်တတ်ပါတယ်။
အမေရိကန် ပြည်သူတွေကို ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေး အခမဲ့ ထောက်ပံ့ပေးမယ့် ကျယ်ပြန့်တဲ့ အစီအစဉ်တစ်ရပ်ကို အမေရိကန် အစိုးရက ဗုဒ္ဓဟူးနေ့က ချပြခဲ့ပါတယ်။ ဒါပေမယ့် ကျယ်ကျယ်ပြန့်ပြန့် သုံးစွဲနိုင်မယ့် အချိန်ကာလ အပေါ်မှာတော့ တာဝန်ရှိသူတွေရဲ့ အကြား အမြင်တွေ ကွဲပြားနေပါတယ်။
“ဒီသဘောတူညီချက်အရ ရခိုင်ပြည်နယ်တွင်း မြို့နယ်(၈)ခုက က ွာရမ်တင်းစတင်တာတွေကို WFP က စားနပ်ရိက္ခာ ထောက်ပံ့သ ွားမှာပါ။ က ွာရမ်တင်း ဝင်နေရတဲ့လူတွေကို အဟာရပြည့်ဝတဲ့ အစားအသောက် တနေ့ကို ၃ ကြိမ် WFP အဖွဲ့က ကူညီထောက်ပံ့ သွားမှာပါလို့ Dujarric က ရှင်းပြသ ွားတာ ဖြစ်ပါတယ်။
အမေရိကန် အပါအဝင် တခြားနိုင်ငံတွေက ကုမ္မဏီပေါင်း ၁၀၀ လောက်နဲ့ အဖွဲ့အစည်းတွေဆီက အင်တာနက်ဆိုင်ရာ အချက်အလက်တွေကို ဖောက်ထွင်း ခိုးယူခဲ့တယ်လို့ သံသယရှိသူတရုတ်နိုင်ငံသား ၅ ဦးနဲ့ မလေးရှားနိုင်ငံသား စီးပွါးရေးလုပ်ငန်းရှင် ၂ ဦးတို့ကို ဆိုင်ဘာလုံခြုံရေးနှောက်ယှက်မှုနဲ့ ကန် အစိုးရရှေ့နေတွေက တရားစွဲလိုက်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်