တစ်ဖြည်းဖြည်းချင်းရွေ့လျားတိုက်ခတ်လာနေတဲ့ ဟာရီကိန်းမုန်တိုင်း Sally ကြောင့် မက္ကဆီကိုပင်လယ်ကွေ့က အမေရိကန်ကမ်းရိုး တန်း ဒေသတွေမှာ ဗုဒ္ဓဟူးနေ့က မိုးသည်းသည်းထန်ထန် ရွာသွန်းခဲ့ပြီး Alabama နဲ့ Florida ပြည်နယ် ဒေသတချို့မှာ မကြုံစဖူး စံချိန်တင် ရေကြီးမှုတွေ ဖြစ်ပေါ်မယ့် အန္တရာယ်ကို ရင်ဆိုင်နေရပါတယ်။
မြန်မာနိုင်ငံမှာ COVID-19 ရောဂါပိုး ကူးစက်သူ ၁၈၅ ဦး ထပ်တိုးပြီး သေဆုံးသူလည်း ၁ ဦး ထပ်တိုးပါတယ်။ စက်တင်ဘာလ ၁၆ ရက်နေ့ မနက် ၈ နာရီကနေ ည ၈ နာရီအထိ ဓာတ်ခွဲနမူနာစုစုပေါင်း ၁,၉၅၆ ခုထဲကနေ အခုလို ကူးစက်သူ၊ သေဆုံးသူ ထပ်တွေ့တာပါ။
အမေရိကန်ပြည်ထောင်စုမှာ COVID-19 ကာကွယ်ဆေးရဖို့ အစားအစာနဲ့ ဆေးဝါးကွပ်ကွဲရေးဌာန (FDA) နဲ့ တခြား သက်ဆိုင်ရာဌာနတွေရဲ့ အတည်ပြုချက်တွေကို မြန်မြန်ရယူနိုင်တာကြောင့် သိပ်မကြာခင်မှာ ကာကွယ်ဆေးတခုခု ရလာတော့မယ်လို့ သမ္မတ ဒေါ်နယ်လ်ဒ် ထရမ့်ပ်က အင်္ဂါနေ့မှာပြောပါတယ်။
မြန်မာနိုင်ငံနဲ့ နယ်စပ်တဘက်ခြမ်း တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ရွှေလီမြို့မှာ အင်္ဂါနေ့က မြို့ပြဒေသတဝိုက်နေထိုင်သူတွေကို COVID-19 ရောဂါ စစ်ဆေးခဲ့ပြီး ရောဂါပိုးကူးစက်သူ တယောက်မှ မတွေ့ရပါဘူး။
ဒီတလထဲမှာကိုပဲ နောက်ထပ်ကူးစက်သူ ၁,၀၀၀,၀၀၀ ကျော်ရှိပြီး လာမယ့်သီတင်းပတ်တွေအတွင်း အမေရိကန်ပြည်ထောင်စုကိုကျော်ပြီး ကမ္ဘာပေါ်မှာ ကိုဗစ်ရောဂါ ကူးစက်သူအရေအတွက် အများဆုံးနိုင်ငံဖြစ်လာဖွယ်ရှိနေပါတယ်။
စက်တင်ဘာလ ၁၆ ရက် မနက်ပိုင်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ထုတ်ပြန်ကြေညာချက်အရ COVID – 19 ကူးစက်ခံရသူ အတည်ပြုလူနာတွေထဲက နောက်ထပ် ၄ ဦး သေဆုံး သွားခဲ့လို့ COVID-19 ကြောင့် မြန်မာနိုင်ငံမှာ သေဆုံးသူ စုစုပေါင်း ၃၉ ဦး ရှိပြီ ဖြစ်ပါတယ်။
ကိုဗစ်ပိုးတွေ့နှုန်း မြန်မာနိုင်ငံမှာ မြင့်မားလာချိန်မှာ အဓိကအတိုက်အခံပါတီ ကြံခိုင်ဖွံ့ဖြိုးရေးပါတီဘက်ကတော့၊ အခြားပါတီ ၂၃ ခုနဲ့တွဲပြီး၊ လာမယ့် ရွေးကောက်ပွဲ ရွှေ့ဆိုင်းပေးဖို့ ပြည်တောင်စုရွေးကောက်ပွဲကော်မရှင်ကို တောင်းဆိုလိုက်ပါတယ်။
မြန်မာနိုင်ငံမှာ COVID-19 ရောဂါပိုးသစ်တွေ့သူ ရုတ်တရက်မြင့်တက်လာနေချိန်မှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က၊ ပြည်သူတွေ ကာကွယ်ရေး စည်းကမ်း လိုက်နာဖို့ တစ်ခုထဲကိုသာ အဓိကမှာလိုကြောင်း အင်္ဂါနေ့ညက တိုင်းပြည်ကို ပြောကြားတဲ့ မိန့်ခွန်းအတွင်း ထည့်သွင်း ပြောကြားခဲ့ပါတယ်။
မက္ကဆီကို ပင်လယ်ကွေ့ ကမ်းလွန်ပင်လယ်ပြင်ကနေ ကုန်းတွင်းပိုင်းကို တဖြည်းဖြည်းရွေ့လျားနေတဲ့ ဟာရီကိန်းမုန်တိုင်း Sally ဟာ ပင်လယ်ပြင်မှာပဲ ရှိနေသေးပေမဲ့ကမ်းခြေဒေသ တဝိုက် လေပြင်းထန်၊ လှိုင်းကြီးပြီး မိုးသည်းထန်တာတွေ ဖြစ်ပွား နေပြီ လို့ အမေရိကန် အမျိုးသား မိုးလေ ဝသဌာနက ပြောပါတယ်။
မြန်မာရွှေ့ပြောင်းလုပ်သား ၁၀ ဦး ထိုင်းနိုင်ငံ မဲဆောက်မြို. နယ်စပ်နားမှာ မနေ့က ဖမ်းခံခဲ့ရပါတယ်။ ဒီအလုပ်သမားတွေမှာ ခရီးသွားလက်မှတ်တွေ ပါမလာတာကြောင့် ကိုဗစ်မကူးစက်ရေး နယ်စပ်လံုံခြုံရေးတွေ မြှင့်တင်ထားချိန်မှာ ဖမ်းခံခဲ့ရတာပါ။
အမေရိကန်ဟာ မြန်မာအပါအဝင် မဲခေါင်ဒေသနိုင်ငံတွေနဲ့ ပူးပေါင်းဆောင်ရွက်မူ မြှင့်တင်ရေးကို စတင်နေပြီး၊ အကူအညီတွေ တိုးပေးဖို့ အမေရိကန်ဘက်ကကြေညာလိုက်ပါတယ်။
အာရပ် နှစ်နိုင်ငံဖြစ်တဲ့ အာရပ်စော်ဘွားများ ပြည်ထောင်စု (UAE) နဲ့ ဘာရိန်းနိုင်ငံတို့နဲ့ အစ္စရေးလ် နိုင်ငံ ပုံမှန် သံတမန် ဆက်ဆံရေး ထူထောင်တဲ့ လက်မှတ်ရေးထိုးပွဲ အခမ်းအနားကို အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က အိမ်ရှင်အဖြစ် အင်္ဂါနေ့က လက်ခံ ကျင်းပပေး ခဲ့ပါတယ်။
COVID 19 ကူးစက်မှု မြင့်တက်နေတာကို ဥရောပနိုင်ငံတွေ ကြုံတွေ့နေရချိန်မှာပဲ ဥရောပတိုက်အတွက် COVID 19 တိုက်ဖျက်ရေး ဆုံးဖြတ်ဖို့ သော့ချက် ကျတဲ့ အချိန် ရောက်လာနေပြီဖို့ ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ WHO က ပြောပါတယ်။
စက်တင်ဘာလ ၁၅ ရက် ည ၈ နာရီ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်တဲ့ စာရင်းအရ COVID-19 အတည်ပြုလူနာ နောက်ထပ် ၂၀၃ ယောက် အတည်ပြုလိုက်တဲ့အတွက် စုစုပေါင်း ကူးစက်သူ ၃,၅၀၂ ယောက်ရှိပြီဖြစ်ပါတယ်။ စက်တင်ဘာ ၁၅ ရက်နေ့အတွက် ဓာတ်ခွဲနမူနာ ၂,၁၇၃ ခုစစ်ဆေးခဲ့တာမှာ အခုလို လူနာသစ် ၂၀၀ ကျော်ထပ်တွေ့ခဲ့တာပါ။
အာဖဂန်နစ္စတန်နိုင်ငံ ငြိမ်းချမ်းရေးအတွက် အစိုးရတာဝန်ရှိသူတွေနဲ့ တာလီဘန် ကိုယ်စားလှယ်တွေ ကာတာနိုင်ငံ Doha မြို့မှာ ဒီကနေ့ ပထမဆုံး မျက်နှာချင်းဆိုင်ဆွေးနွေးတော့မှာပါ။ အာဖဂန်နစ္စတန်ကနေ အမေရိကန်တပ်ဖွဲ့တွေလေ ျှာ့ချလိုက်ချိန်မှာ ပြည်တွင်းငြိမ်းချမ်းရေးရဖို့ နှစ်ဘက်ကိုယ်စားလှယ်တွေ ကြိုးပမ်းနေကြတာဖြစ်ပါတယ်။
ကမ္ဘာတစ်ဝန်း ဆင်းရဲ မွဲတေမှု တိုက်ဖျက်ရေးနဲ့ ကျန်းမာရေးအဆင့်အတန်း မြင့်မားအောင် ကြိုးပမ်းရာမှာ ရရှိနေတဲ့ တိုးတက်မှုတွေဟာ COVID 19 ကြောင့် နှေးကွေးသွားခဲ့ရတယ်လို့ နှစ်စဉ် ထုတ်ပြန်တဲ့ Goalkeepers အစီရင်ခံစာက ပြောပါတယ်။
အာရှတလွှား ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုတွေ ဆက်ဖြစ်နေပြီး အိန္ဒိယမှာ ဒီကနေ့တရက်ထဲ လူနာသစ် ၈၃,၀၀၀ ကျော်နဲ့ သေဆုံးသူ ၁,၀၀၀ ကျော် ရှိတဲ့အတွက် စုစုပေါင်းကူးစက်သူ ၅,၀၀၀,၀၀၀ နီးပါးနဲ့ သေဆုံးသူ ၈၀,၀၀၀ ကျော်ရှိပါတယ်။
တရုတ်နိုင်ငံအနေနဲ့ စီးပွားရေး ဈေးကွက်တွေကို ဖွင့်ပေးဖို့ ၊ တိုင်းရင်းသား လူနည်းစုတွေရဲ့ အခွင့်အရေးကို လေးစားဖို့ ၊ ဟောင်ကောင်ကို ဖိနှိပ်ချုပ်ချယ်တာတွေကို ဖြေလျှော့ပေးဖို့ တရုတ်သမ္မတ Xi Jinping ကို EU ဥရောပသမဂ္ဂအဖွဲ့ဝင် ခေါင်းဆောင်တွေက တိုက်တွန်းလိုက်ပါတယ်။
ပတ်ဝန်းကျင်ကို မထိခိုက်ဘဲထုတ်လုပ်တဲ့ ဆန်တွေကို ထုပ်ပိုးတဲ့ အိတ်တွေမှာ တံဆိပ်ကပ် အသုံးပြုမယ့် သင်္ကေတ အမှတ်အသားဟာဆန် ထုတ်လုပ်မှုကြောင့် ပတ်ဝန်းကျင်ကို ထိခိုက်မှုကို လျှော့ချရာမှာ အထောက်အကူ ပြုမှာ ဖြစ်ပါတယ်။
အမေရိကန်ပြည်ထောင်စု တောင်ပိုင်းက Louisiana နဲ့ Mississippi ပြည်နယ်တွေ ဆီကို ဦးတည်ရွေ့လျားလာနေတဲ့ အားပြင်း ဟာရီကိန်းမုန်တိုင်း Sally ဟာ တနင်္လာနေ့မှာ လေတိုက်နှုန်း ပြင်းအား တနာရီကို မိုင် ၉ ၀ နဲ့ ကမ်းရိုးတန်းတလေ ျှာက် တိုက်ခတ်နေ ပါတယ်။
နောက်ထပ်ကြည့်ရှုရန်