ပြဿနာတွေနဲ့ ရင်ဆိုင်နေရတဲ့ Belarus သမ္မတ Alexander Lukashenko ကိုထောက်ခံမှု ပေးကြောင်း ပြသတဲ့ အနေနဲ့ ရုရှားသမ္မတ Vladimir Putin က Belarus အတွက် ချေးငွေအဖြစ် ဒေါ်လာ သန်း ၁၅၀၀ ကို တနင်္လာနေ့မှာ ချပေးလိုက်ပါတယ်။
နိုဝင်ဘာ သမ္မတရွေးကောက်ပွဲမှာ ရီပတ်ဘလစ်ကင်ပါတီက ဝင်ရောက်ယှဉ်ပြိုင်မယ့် သမ္မတဒေါ်နယ်ထရမ့်ရော ဒီမိုကရက်တစ်ပါတီက ပြိုင်ဘက်ဖြစ်တဲ့ ဒုသမ္မတဟောင်း ဂျိုးဘိုင်ဒင်ကပါ သူတို့မဲဆွယ်မှုကို အမေရိကန်ပြည်ထောင်စု အနောက်ဖက်ခြမ်း ဒေသတကြောက မကြုံဖူးအောင် ပျက်စီးမှုများတဲ့ တောမီးလောင်ကျွမ်းမှုအတွက် ဦးတည် ပြောဆိုလာကြပါတယ်။
တရုတ် ကုမ္ပဏီ Huawei ကို ကွန်ပြူတာ chip ပြားတွေ မရောင်းချဖို့ ဒဏ်ခတ် ပိတ်ဆို့မှုကို အမေရိကန်တို့က ဩဂုတ်လတုန်းက ချမှတ်ခဲ့တာ ဖြစ်ပြီး ပိတ်ဆို့မှုအရ အမေရိကန် နည်းပညာနဲ့ ထုတ်လုပ်တဲ့ chip ပြားတွေကို Huawei ကို ရောင်းချမယ့် ဘယ် ကုမ္ပဏီ မဆို အမေရိကန်တို့ဆီက အထူး လိုင်စင် ရယူရမှာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံဆိုင်ရာသီးခြား လွတ်လပ်တဲ့ စုံစမ်းရေးအဖွဲ့ (IIMM) က အဖွဲ့ရဲ့ တစ်နှစ်တာ ကာလအတွင်းရရှိခဲ့တဲ့ တိုးတက်မှုတွေကို ကုလသမဂ္ဂလူ့အခွင့်အရေး ကောင်စီကို အစီရင်ခံ တင်ပြရင်း ကုလ အဖွဲ့ ဝင် နိုင်ငံတွေ အနေနဲ့ IIMM အဖွဲ့ကို ဆက်လက် ထောက်ခံ အားပေး ဖို့ကို IIMM အဖွဲ့ ခေါင်းဆောင်က ထပ်မံ တောင်းဆိုလိုက်ပါတယ်။
မြန်မာနိုင်ငံမှာ COVID-19 ရောဂါကြောင့် သေဆုံးသူ ၆ ယောက် ထပ်တိုးပါတယ်။ ဒါကြောင့်စုစုပေါင်း သေဆုံးတဲ့ အတည်ပြုလူနာ ၃၂ ယောက် ရှိသွားပါပြီ။ ဒီနေ့တနင်္လာနေ့မှာ နောက်ထပ် အတည်ပြုလူနာကလည်း ၁၈၀ တိုးတယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ည ၈ နာရီ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
ရိုဟင်ဂျာဒုက္ခသည်တွေ အစုအပြုံလိုက်ထွက်ပြေးခဲ့ရတဲ့ စစ်ဆင်ရေးတွေလုပ်ခဲ့တာ သုံးနှစ်ကျော်ကြာလာပေမယ့်လည်း၊ ကုလသမဂ္ဂဘက်က တောင်းဆိုထားသလို တာဝန်ရှိသူတွေကို အရေးယူဖော်ထုတ်တာမျိုး ခိုင်ခိုင်မာမာ မလုပ်နိုင်ခဲ့ဘူးလို့ မြန်မာအစိုးရကို ဝေဖန်ထားပါတယ်။
COVID-19 ကပ်ရောဂါကြောင့် သေဆုံးသူအရေအတွက် အောက်တိုဘာလနဲ့ နိုဝင်ဘာလတွေမှာ မြင့်တက်လာမယ်လို့ ခန့်မှန်းထားကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ရဲ့ ဥရောပဆိုင်ရာ အကြီးအကဲက ပြောကြားပါတယ်။
နီပေါလ်နိုင်ငံက ကျေးရွာနှစ်ခုမှာ တနင်္ဂနွေနေ့က မုတ်သုံမိုး အပြင်းအထန်ရွာပြီး မြေပြိုတာတွေ ဖြစ်ခဲ့လို့ သေဆုံးသူ ၁၂ ဦးထက်မနည်း ရှိခဲ့တယ်လို့ နီပေါလ်အစိုးရ အရာရှိတဦးက ပြောပါတယ်။
အမေရိကန်မရိမ်းတပ်သား Joseph Scott Pemberton အနေနဲ့ လိင်ပြောင်းထားသူတဦးကို သတ်ဖြစ်ခဲ့တာကြောင့် အကျဉ်းကျနေခဲ့ရာကနေ သမ္မတ Rodrigo Duterte ရဲ့ လွတ်ငြိမ်းချမ်းသာခွင့် အမိန့်နဲ့ တနင်္ဂနွေနေ့က ပြန်လွတ်လာပါတယ်။
ထိုင်းနိုင်ငံမှာ တက္ကသိုလ်ကျောင်းသူ ကျောင်းသားတွေ အနေနဲ့ ဘုရင်စနစ် ပြုပြင်ပြောင်းလဲရေး တောင်းဆိုနေတာကို တားမြစ်ပေးဖို့ ထိုင်းအာဏာပိုင်တွေက တက္ကသိုလ် အကြီးအကဲတွေကို ဖိအားပေးလိုက်ပါတယ်။
ရုရှားနိုင်ငံမှာ စက်တင်ဘာလ ၁၃ ရက် တနင်္ဂနွေနေ့မှာ ဒေသဆိုင်ရာ ရွေးကောက်ပွဲတွေအတွက် လူကိုယ်တိုင် မဲပေးမှုကို ဒေသ ၄၁ ခုအတွက် စတင်ကျင်းပခဲ့ပါတယ်။
ဘယ်လာရုစ်နိုင်ငံမှာ နှစ်အတော်ကြာ အုပ်ချုပ်နေတဲ့ သမ္မတ Alexander Lukashenko ပြီးခဲ့တဲ့လ သမ္မတရွေးကောက်ပွဲကနေ ဆက်ပြီး အာဏာရခဲ့တဲ့နောက်ပိုင်း ဆန္ဒပြမှုတွေ ဆက်လက်ဖြစ်ပွားနေပြီး တနင်္ဂနွေနေ့မှာလည်း မြို့တော် Minsk မှာ သောင်းနဲ့ချီ စုဝေး ဆန္ဒပြခဲ့ကြပါတယ်။
ရွေးကောက်ပွဲ မဲဆွယ်ဖို့ စနေနေ့မှာ Nevada ကို သွားရောက်နေတဲ့ သမ္မတ Donald Trump က သူဟာ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါနဲ့ ပတ်သက်ပြီး အထူးကောင်းမွန်စွာ ကိုင်တွယ်နိုင်ခဲ့သလို နိုင်ငံတွင်း ဒီရောဂါကြောင့် သေဆုံးမှု လျော့ပါးအောင်လည်း လုပ်ပေးနိုင်ခဲ့တယ်လို့ ထပ်ပြီး ပြောဆိုလိုက်ပါတယ်။
ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက စက်တင်ဘာလ ၁၃ ရက်နေ့ တနင်္ဂနွေနေ့နှောင်းပိုင်း ထုတ်ပြန်ချက်အရ COVID-19 ရောဂါပိုးသစ် တွေ့သူပေါင်း ၁၃၆ ဦးထိ ရှိခဲ့တဲ့အတွက် မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူပေါင်း ၂,၉၃၂ ဦးထိ ရှိနေပြီဖြစ်ပါတယ်။
အွန်လိုင်းကတဆင့် ပြုလုပ်ခဲ့တဲ့ ၄ ရက်ကြာ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးမှာ မြန်မာက ရခိုင်ပြည်နယ်ကိစ္စ အပါအဝင် ဆိုက်ဘာလုံခြုံရေးကိစ္စ၊ အကြမ်းဖက်မှု တိုက်ဖျက်ရေးကိစ္စ၊ နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုခင်း စတဲ့ ကိစ္စရပ် တော်တော်များများကိုလည်း ဆွေးနွေးခဲ့တယ်လို့ ဗီယက်နမ် နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။
အိန္ဒိယနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ အရေအတွက်ဟာ ဒီနေ့မှာ နောက်ထပ် ၉၄,၀၀၀ ကျော်ရှိတာကြောင့် ဗိုင်းရပ်စ်ကူးစက်ခံရသူ စုစုပေါင်း ၄ သန်း ၇ သိန်းခွဲ ကျော်သွားပြီဖြစ်ပါတယ်။
သြစတြေးလျနိုင်ငံ မဲလ်ဘုန်းမြို့မှာ ဆန္ဒပြတဲ့သူတွေက အိမ်ထဲကနေ အပြင်မထွက်ဖို့ အမိန့်ကို မလိုက်နာဘဲ ကန့်ကွက် ဆန္ဒပြခဲ့ကြတာကြောင့် ဆန္ဒပြတဲ့ ၇၄ ယောက်ကို ဖမ်းဆီးလိုက်တယ်လို့ သြစတြေးလျရဲတပ်ဖွဲ့က ပြောပါတယ်။
မြန်မာနိုင်ငံမှာ COVID-19 ကူးစက်သူ လူနာသစ် ၂၀၁ ယောက် ထပ်ပြီးတွေ့ရတယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက စက်တင်ဘာလ ၁၃ ရက် တနင်္ဂနွေနေ့ မနက် ၈ နာရီမှာ ထုတ်ပြန်ကြေညာလိုက်တာကြောင့် အခုအချိန်အထိဆို မြန်မာနိုင်ငံမှာ ရောဂါပိုး ကူးစက်ခံရသူ စုစုပေါင်း ၂,၇၉၆ ဦး ရှိသွားပြီ ဖြစ်ပါတယ်။
သြစတြေးလျမှာ အလုပ်လုပ်ကိုင်နေတဲ့ တရုတ်သတင်းသမားတွေရဲ့ နေအိမ်ကို စီးနင်းဝင်ရောက်တဲ့အတွက် သြစတြေးလျအစိုးရကို တရုတ်က ရှုတ်ချလိုက်ပါတယ်။ အခုအချိန်ဟာ နှစ်နိုင်ငံကြား ကုန်သွယ်ရေး တင်းမာမှုတွေ ဖြစ်နေချိန်လည်း ဖြစ်ပါတယ်။
အိန္ဒိယနိုင်ငံမှာ စနေနေ့က ၂၄ နာရီအတွင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ နောက်ထပ် တသိန်းနီးပါး ဒုတိယနေ့အဖြစ် ထပ်တွေ့ခဲ့ပြီး ရောဂါကူးစက်မှု အခြေနေ သိပ်ဆိုးဝါးတဲ့ ဒေသတွေမှာတော့ အသက်ရှူစက်တွေ မလုံလောက်ဘဲ ဖြစ်လာနေပါတယ်။
နောက်ထပ်ကြည့်ရှုရန်