ဗြိတိသျှ-ဆွီဒင် ဆေးကုမ္ပဏီကြီး AstraZeneca က သူတို့ထုတ်လုပ်မယ့် COVID-19 ကာကွယ်ဆေးနဲ့ပတ်သက်ပြီး ဆေးဝါးပစ္စည်းဆိုင်ရာ ကျန်းမာရေးစည်းမျဉ်းစည်းကမ်းတွေ ချမှတ်ထိန်းညှိတဲ့ MHRA အဖွဲ့ရဲ့ ခွင့်ပြုချက်ရပြီဖြစ်တဲ့အတွက် စမ်းသပ်စစ်ဆေးမှုတွေ ပြန်လည်လုပ်ဆောင်နေပြီဖြစ်ကြောင်း စနေနေ့မှာ ကြေညာချက်ထုတ်ပြန် ပြောဆိုပါတယ်။
ဂျာမနီနိုင်ငံမှာ ပထမဆုံးအကြိမ် အာဖရိက ဝက်တုပ်ကွေးရောဂါ တွေ့ရှိကြောင်း ကြေညာလိုက်တဲ့အတွက် ဂျာမနီက ဝက်သားထွက်ပစ္စည်းတွေ တင်သွင်းမှု ရပ်ဆိုင်းလိုက်ကြောင်း တရုတ်အစိုးရက စနေနေ့မှာ ကြေညာပါတယ်။
မြန်မာနိုင်ငံတွင်း ဒီကနေ့ညနေပိုင်းက စစ်ဆေးပြီးစီးခဲ့တဲ့ COVID-19 ရောဂါ ဓာတ်ခွဲနမူနာပေါင်း ၂,၄၂၃ ခုထဲမှာ ရောဂါပိုးကူးစက်ထားသူ အယောက် ၁၅၀ ထပ်တွေ့တာကြောင့် စုစုပေါင်း ကူးစက်သူအရေအတွက် ၂,၅၉၅ ဦး ရှိသွားပြီဖြစ်ပါတယ်။
မြန်မာနိုင်ငံ ဒေသအနှံ့အပြားမှာ ကိုဗစ်ရောဂါပိုး ကူးစက်ပျံ့နှံ့နေတဲ့ထဲ ရန်ကုန်တိုင်းဒေသကြီးမှာ အများဆုံးဖြစ်ပြီး အိမ်တွင်းနေညွှန်ကြားချက် (Stay-at-home) တွေ ထုတ်ထားတဲ့ မြို့နယ်တွေက ရပ်ကွက်အသီးသီးမှာ ကိုယ့်သဘောနဲ့ကိုယ် ပိတ်ဆို့တားဆီးတာတွေ လုပ်ထားကြပါတယ်။
ကိုဗစ် ကမ္ဘာ့ကပ်ရောဂါ ကိုင်တွယ်ဖြေရှင်းမှုဆိုင်ရာ ကျယ်ပြန့်တဲ့ ပူးပေါင်းဆောင်ရွက်ရေး ဆုံးဖြတ်ချက်တရပ်ကို ကုလသမဂ္ဂ အထွေထွေညီလာခံမှာ တခဲနက် အတည်ပြုလိုက်ပါတယ်။
ကိုဗစ်ကာလ ကမ္ဘာတဝန်း မြင်ကွင်းတချို့
အမေရိကန် အနောက်ဘက်ကမ်းရိုးတန်းဒေသ ကယ်လီဖိုးနီးယားပြည်နယ်ကနေ ဝါရှင်တန်ပြည်နယ်အပြင် တခြားဒေသတွေအထိ သောကြာနေ့ နှောင်းပိုင်းထိဆိုရင် တောမီးအရေအတွက် ၁၀၀ ကျော် လောင်ကျွမ်းနေပါတယ်။
တပ်မတော်နဲ့ ရခိုင်လက်နက်ကိုင်အဖွဲ့ (AA) တို့အကြား တိုက်ခိုက်နေကြတာကို ချက်ချင်းရပ်ဆိုင်းဖို့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီအဖွဲ့ဝင် အများစုက တောင်းဆိုလိုက်ကြပါတယ်။
တရုတ်နိုင်ငံက သူတို့စမ်းသပ်နေတဲ့ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးဟာ အောင်မြင်လုနီးပြီလို့ လူသိရှင်ကြား ပြောထားတာနဲ့အမျှ မဟာဗျူဟာမြောက် အကျိုးစီးပွား ဆက်နွှယ်နေတဲ့ နိုင်ငံတွေကို ဦးစားပေး ဖြန့်ချိပေးမယ်ဆိုပြီး ကတိပေးထားတဲ့အထဲမှာ မြန်မာနိုင်ငံလည်း ပါဝင်ပါတယ်။
မြန်မာနိုင်ငံမှာ COVID-19 ကူးစက်သူ လူနာသစ် ၂၃ ယောက် ထပ်ပြီး တွေ့ရတယ်လို့ ကျန်းမာရေးနဲ့ အားကစား ဝန်ကြီးဌာနက စက်တင်ဘာလ ၁၂ ရက် စနေနေ့ မနက် ၈ နာရီမှာ ထုတ်ပြန်ကြေညာ လိုက်တာကြောင့် အခုအချိန်အထိဆို မြန်မာနိုင်ငံမှာ ရောဂါပိုး အကူးစက်ခံရသူ စုစုပေါင်း ၂၄၄၅ ဦး ရှိသွားပြီ ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ နှစ်ပေါင်း ၂၆ နှစ်ကြာအောင် HIV/ AIDS စီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက် ခဲ့တဲ့ MSF အဖွဲ့က ရန်ကုန် HIV စီမံကိန်းကို ကျန်းမာရေးနဲ့ အားကစား ဝန်ကြီးဌာန (MoHS) လက်အောက်ခံအမျိုးသား ခုခံအားကျဆင်းမှု ကူးစက်ရောဂါ တိုက်ဖျက်ရေး စီမံချက် (NAP) ကို လွှဲပြောင်း ပေးလိုက်ပြီ ဖြစ်ပါတယ်။
ကန် အနောက်ဖက်ကမ်းရိုးတန်း တကြောမှာ တောမီးလောင်ကျွမ်းမှုဟာ နေရာပေါင်း တရာကျော်မှာ ဖြစ်ပွါးနေပြီး လူပေါင်း ၁၆ ဦးထက်မနည်း သေဆုံးနေရချိန်မှာပဲ အနောက်မြောက်ပိုင်းက Oregon ပြည်နယ်မှာတော့ ပြည်နယ်ရဲ့လူဦးရေ ဆယ်ရာခိုင်နှုန်းဖြစ်တဲ့ လူပေါင်း ၅ သိန်းကျော် ဘေးလွတ်ရာပြောင်းရွှေ့ ရမယ့် အရေးနဲ့ ရင်ဆိုင်နေရပါတယ်။
အမေရိကန်ပြည်ထောင်စုမှာ ၂၀၀၁ ခုနှစ် စက်တင်ဘာလ ၁၁ ရက် အကြမ်းဖက် အတိုက်ခိုက် ခံရမှုမှာ သေဆုံးခဲ့ရသူ သုံးထောင်လောက်အတွက် အမေရိကန်ပြည်သူတွေနဲ့ အတူ သမ္မတ ဒေါ်နယ်ထရမ့်နဲ့ ဒီမိုကရက်တစ်ပါတီရဲ့ သမ္မတလောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်မယ့် ဂျိုးဘိုင်ဒင်တို့လည်း ဂါဝရပြုခဲ့ကြပါတယ်။
တရုတ် သံတမန်တွေအပေါ် အမေရိကန်နိုင်ငံတို့က ကန့်သတ်ချုပ်ခြယ်ထားတာကို လက်တုန့်ပြန်တဲ့အနေနဲ့ တရုတ်နိုင်ငံတွင်းက အမေရိကန် သံတမန်တွေအပေါ်မှာလည်း ကန့်သတ်ချုပ်ခြယ်မှုတွေ ပြုလုပ်သွားမယ်လို့ တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနက သောကြာနေ့က ကြေညာချက် ထုတ်ပြန်ပြောကြားလိုက်ပါတယ်။
စက်တင်ဘာလ ၁၁ ရက်နေ့က ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ မြန်မာနိုင်ငံကိစ္စကို ဆွေးနွေးပြီးတဲ့နောက် အမေရိကန်၊ ဗြိတိန်၊ ပြင်သစ်နဲ့ဂျာမနီ အပါအဝင် လုံခြုံရေး ကောင်စီအဖွဲ့ဝင် ၈ နိုင်ငံက ပူးတွဲ ကြေညာချက် တစ်စောင်ထုတ်ပြန်လိုက်ပါတယ်။
အိန္ဒိယ နိုင်ငံမှာ တရက်အတွင်း COVID-19 နောက်ထပ် အကူးစက်ခံရသူက တသိန်းနီးပါး ဖြစ်သွားခဲ့ပါတယ်။ သောကြာနေ့က ၂၄ နာရီအတွင်း အကူးစက်ခံရသူ ၉ သောင်းခွဲကျော် (၉၆,၅၅၁) ဖြစ်သွားတဲ့ အတွက် အခုဆို အိန္ဒိယမှာ COVID-19 အကူးစက်ခံရသူ စုစုပေါင်း ၄ သန်းခွဲ နဲ့ ကမ္ဘာမှာ ဒုတိယအများဆုံး ဖြစ်နေပါတယ်။
ဒီကနေ့မနက် ၇ နာရီအချိန် ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ ဓာတ်ခွဲနမူနာပေါင်း ၁,၃၇၀ ထဲမှာ ရောဂါပိုးကူးစက်သူ ၁၁၅ ဦးရှိခဲ့တာကြောင့် ဒီကနေ့အတွက် စုစုပေါင်း ဓာတ်ခွဲနမူနာ ၃,၈၄၅ ခုမှာ ရောဂါပိုးကူးစက်သူပေါင်း ၂၇၂ ယောက် ထပ်တိုးလာတာပါ။
အမေရိကန်ပြည်ထောင်စုမှာ 9/11 အကြမ်းဖက်ဝါဒစွဲ တိုက်ခိုက်ခံရမှု နှစ်ပတ်လည်နေ့ဖြစ်တဲ့ ဒီကနေ့မှာ ဝါရှင်တန် ဒီစီမြို့တော်အနီးက ဗာဂျီးနီးယားပြည်နယ်၊ Arllington မှာ နှစ်ပတ်လည် အောက်မေ့ဖွယ်အခမ်းအနားကို အွန်လိုင်းကနေပဲ ကျင်းပဖို့ စီစဉ်ထားပါတယ်။
အားလုံး မျှော်လင့်နေတဲ့ COVID-19 ကာကွယ်ဆေးနဲ့ ပတ်သက်လို့ ကြားဖြတ်ယာယီ ရလဒ်ကို ဒီနှစ်ကုန်မှာ မြင်တွေ့ရဖွယ် ရှိတယ်လို့ WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ်က ကြာသပတေးနေ့က ပြောပါတယ်။
အခြေအနေတွေတင်းမာနေတဲ့ အိန္ဒိယ၊ တရုတ် နှစ်နိုင်ငံနယ်စပ်မှာ နှစ်ဘက်တပ်ဖွဲ့တွေ ထိပ်တိုက်မတွေ့အောင် ရှောင်ဖို့နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးတွေ သဘောတူခဲ့ကြပါတယ်။
နောက်ထပ်ကြည့်ရှုရန်