COVID-19 ကာကွယ် ကုသဆေး ထုတ်လုပ်နိုင်ဖို့နဲ့ ရလာတဲ့ဆေးကို ကမ္ဘာတလွှား မ ျှမ ျှတတ ဖြန့်ဖြူးပေး ရေးဆိုင်ရာ WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးရဲ့ ACT အစီအစဉ် အတွက် နောက်ထပ်ရန်ပုံငွေ ဒေါ်လာ ၃၅ ဘီလီယံ ထည့်ဝင်ကြဖို့ ကုလသမဂ္ဂ အတွင်းရေးမှုးချုပ် Antonio Guterres က ကြာသပတေးနေ့မှာ ပန်ကြားလိုက်ပါတယ်။
မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ကူးစက်သူ (၁၁၅) ဦး ထပ်မံ စစ်ဆေးတွေ့ရှိခဲ့ကြောင်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက စက်တင်ဘာ ၁၁ ရက်၊ သောကြာနေ့ မနက် ၈ နာရီမှာ ကြေညာချက် ထုတ်ပြန်လိုက်တာကြောင့် အခုချိန်ထိ မြန်မာနိုင်ငံမှာ ရောဂါပိုးကူးစက်သူ စုစုပေါင်း (၂,၂၆၅) ဦး ရှိသွားပြီ ဖြစ်ပါတယ်။
အင်ဒိုနီးရှားနိုင်ငံ Ache ပြည်နယ် Lhokseumawe ကမ်းခြေကို ရောက်ရှိနေတဲ့ ရိုဟင်ဂျာ မူဆလင်တွေထဲက အမျိုးသား တစ်ဦး ဆေးရုံတက်ရောက်ကုသနေရာက ကြာသပတေးနေ့က သေဆုံးသွားတယ်လို့ အင်ဒိုနီးရှားရောက် ရိုဟင်ဂျာ ဒုက္ခသည်အရေး ကိုင်တွယ်နေသူ ပြောခွင့်ရ တစ်ဦးက VOA ကို ပြောပါတယ်။
ဒီစစ်သားဟောင်းတွေက သတ်ဖြတ်မှု အသေးစိတ်ကိုပြောပြီး ပါဝင်ပတ်သက်တဲ့ တပ်ရင်း ၊ သက်ဆိုင်တဲ့ အထက်အရာရှိတွေ နာမည်၊ မီးရှို့ခဲ့တဲ့ ကျေးရွာတွေ နဲ့ အလောင်းတွေမြေမြှုပ်ခဲ့တဲ့ နေရာတွေကိုပါ အသေးစိတ်ပြောပြ ကြပါတယ်။
ရခိုင်နဲ့ ချင်း ဒေသတွေမှာ ပဋိပက္ခတွေ ဆက်လက် ဖြစ်ပွားနေတာကြောင့် အရပ်သားတွေ သေဆုံး ဒဏ်ရာရတာတွေ တိုးပွားလာသလို အိုးအိမ်မဲ့ စွန့်ခွာ ထွက်ပေးတွေ များပြား လာတဲ့အတွက် အလွန် စိုးရိမ်မကင်း ဖြစ်မိတယ်လို့ ကုလဌာနေကိုယ်စားလှယ်ပြော Ola Almgren က ကြေညာချက် ထုတ်ပြန် လိုက်ပါတယ်။
တောင် တရုတ်ပင်လယ်ထဲက ကျွန်းတွေပေါ် တရုတ် အခြေစိုက် စခန်းတွေ တည်ဆောက်ရာမှာ ကူညီခဲ့တဲ့ တရုတ်ပိုင် ကုမ္ပဏီတွေနဲ့ အတူ စီးပွားရေး လုပ်နေတာတွေကို ပြန်ပြီး စဉ်းစားကြဖို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး Mike Pompeo က အရှေ့တောင် အာရှ နိုင်ငံများ အဖွဲ့ (ASEAN) နိုင်ငံတွေကို တိုက်တွန်းလိုက်ပါတယ်။
အမေရိကန်ပြည်ထောင်စု အနောက်ခြမ်း ကယ်လီဖိုးနီးယား ပြည်နယ် မှာ ကြာသပတေးနေ့မှာလည်း တောမီးတွေ အကြီးအကျယ်ဆက်လက် လောင်ကျွမ်းနေပြီး သေဆုံးရသူက အနည်းဆုံး ၃ ဦး ရှိနေပြီဖြစ်သလို နေအိမ်ပေါင်း ရာနဲ့ချီ ပျက်စီးခဲ့ရပါတယ်။
ရုရှားနိုင်ငံ တောင်ပိုင်းမှာ ဒီလ နှောင်းပိုင်းမှာ ကျင်းပဖို့ ရှိတဲ့ ရုရှားနဲ့ တရုတ်တပ်တွေ ဦးဆောင်တဲ့ ပူးတွဲ စစ်ရေး လေ့ကျင့်မှုမှာ မြန်မာ အပါအဝင် တခြား နိုင်ငံ အများအပြားလည်း ပါဝင်လိမ့်မယ်လို့ တရုတ် ကာကွယ်ရေး ဝန်ကြီးဌာက ကြာသပတေးနေ့က ကြေညာလိုက်ပါတယ်။
စက်တင်ဘာလ ၁၁ ရက်နေ့ဟာ ၂၀၀၁ ခုနှစ်က အမေရိကန်ပြည်ထောင်စု၊ နယူးယောက်၊ ဗာဂျီးနီးယားနဲ့ Pennsylvani ပြည်နယ်တွေမှာ အကြမ်းဖက်ဝါဒီတွေရဲ့ တိုက်ခိုက်မှုကြောင့် လူပေါင်း ၃,၀၀၀ နီးပါး သေဆုံးခဲ့ရတဲ့ 9/11 နှစ်ပတ်လည်နေ့ ဖြစ်ပါတယ်။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ဆာခါရော့ဗ်ဆု (Sakharov Prize) အဝန်းအဝိုင်းထဲကနေ ဆိုင်းငံ့ထားလိုက်ပြီလို့ ဥရောပလွှတ်တော်က စက်တင်ဘာလ ၁၀ ရက်၊ ကြာသပတေးနေ့မှာ ထုတ်ပြန်ပါတယ်။
မြန်မာနိုင်ငံမှာ ကိုဗစ်ရောဂါကူးစက်သူ နောက်ထပ် ၁၄၂ ဦး ထပ်တိုးတာကြောင့် စုစုပေါင်း ရောဂါပိုးကူးစက်သူ ၂,၁၅၀ ဦး ရှိသွားပြီဖြစ်ပါတယ်။ ဒီကနေ့ညနေပိုင်းမှာ စစ်ဆေးပြီးစီးခဲ့တဲ့ ဓာတ်ခွဲနမူနာ စုစုပေါင်း ၂,၀၄၇ ဦးထဲမှာ ရောဂါပိုးကူးစက်ထားသူတွေ ထပ်တွေ့တာပါ။
မြန်မာ့တပ်မတော်ပိုင် အကြီးဆုံးကုမ္ပဏီတချို့ကတဆင့် နိုင်ငံစီးပွားရေးကို ကျယ်ကျယ်ပြန့်ပြန့်ချုပ်ကိုင်ထားတာကြောင့် နိုင်ငံခြားနဲ့ ပြည်တွင်းစီးပွားရေးဖက်စပ်လုပ်ငန်းတွေဟာ လူ့အခွင့်အရေးချိုးဖောက်နေတဲ့ တပ်ဖွဲ့တွေနဲ့ တပ်ခေါင်းဆောင်တွေကို ကူညီရာရောက်နိုင်တယ်လို့ ဝေဖန်သူတွေက ဆိုပါတယ်။
တရုတ် ဆေးကုမ္ပဏီ Sinopharm က ဗုဒ္ဓဟူးနေ့က ပီရူးမှာ လူ ၂၀ ကျော်ကို ကာကွယ် ဆေး စတင် စမ်းသပ်ထိုးပေးခဲ့တာဖြစ်ပြီး နောက်ထပ် အသက် ၁၈ နှစ်ကနေ ၇၅ နှစ်အတွင်းရှိတဲ့ လူ ၆,၀၀၀ လောက်နဲ့ စမ်းသပ်သွားဖို့ ရည်ရွယ် ထားပါတယ်။
အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့တော်မှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု မြင့်တာလာတာကြောင့် ကျန်းမာရေးစနစ်ထိခိုက်ဖို့ အန္တရာယ်ရှိနေတာမို့ ကျယ်ကျယ်ပြန့်ပြန့် ကန့်သတ်မူတွေထပ်လုပ်ဖို့ရှိနေတယ်လို့ မြို့တော်အုပ်ချုပ်ရေးမှူးက ပြောလိုက်ပါတယ်။
မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ကူးစက်သူ (၁၂၀) ဦး စစ်ဆေး တွေ့ရှိခဲ့ပြီး သေဆုံးသူ (၂) ဦးရှိခဲ့ကြောင်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက စက်တင်ဘာ ၁၀ ရက်၊ ကြာသပတေးနေ့ မနက် ၈ နာရီ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေး စမ်းသပ် ထုတ်လုပ်နေတဲ့ ဖြစ်စဉ်ထဲ နိုင်ငံရေး ပယောဂတွေ မပါဝင် စေရဘူးလို့ အမေရိကန် ကျန်းမာရေး ပညာရှင်တွေက အမေရိကန် လွှတ်တော်အမတ်တွေ ရှေ့မှောက်မှာ အာမခံပြောကြားခဲ့ပါတယ်။
BELARUS နိုင်ငံရဲ့ သက်တမ်းရှည်သမ္မတ Alexander Lukashenko ရာထူးကနှုတ်ထွက်ပေးဖို့ တောင်းဆိုနေတဲ့ဆန္ဒပြပွဲတွေ နိုင်ငံတဝှမ်း ဆက်လက်ဖြစ်ပွားနေပါတယ်။
အာဖဂန် နစ္စတန်နိုင်ငံမှာ ရှိတဲ့ အမေရိကန်တပ်တွေကို နိုဝင်ဘာလ အစောပိုင်းအရောက်မှာ အင်အား ၈၆၀၀ ကနေ ၄၅၀၀ အထိ လျှော့ချ သွားမယ်လို ဗုဒ္ဓဟူးနေ့က ပြောပါတယ်
ရန်ကုန်တိုင်းအတွင်း ကိုဗစ်ကူးစက်ခံရသူ တိုးလာနေတာကြောင့် ရန်ကုန်တိုင်းဒေသကြီး အတွင်းက (၂၁)မြို့နယ်ကို နေအိမ်မှာပဲနေကြဖို့ဆိုတဲ့ Stay at Home အမိန့်ကို ကျန်းမာရေးနဲ့ အားကစားရေး ဝန်ကြီးဌာနက စက်တင်ဘာ(၉)ရက်ညပိုင်းမှာ ထုတ်ပြန်လိုက်ပါတယ်။
ရခိုင်ပြည်နယ်မှာ ကလေးငယ် ၂ ဦးနဲ့ အနည်းဆုံး လူကြီး ၂ ဦးတို့ အကြောင်းမဲ့ သေဆုံးခဲ့ရတဲ့ကိစ္စအတွက်Save the Children အဖွဲ့က လွန်စွာ စိတ်ထိခိုက်ရပြီး ၊ ခံပြင်းဒေါသ ထွက်ရတယ်လို့ ပြောကြားလိုက်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်