အင်ဒိုနီးရှားနိုင်ငံ အာချေးပြည်နယ် Ujong Blang ကမ်းခြေကို စက်လှေတစီးနဲ့ စက်တင်ဘာလ (၇)ရက် တနင်္လာနေ့ အစောပိုင်းမှာ ရောက်လာခဲ့တဲ့ ရိုဟင်ဂျာ ဒုက္ခသည် ၃၀၀ နီးပါးထဲက အမျိုးသမီးတဦးဟာ စက်တင်ဘာ ၈ ရက် အင်္ဂါနေ့က ဆေးရုံကို ရောက်ပြီးနောက် ကွယ်လွန် သွားပါတယ်။
မြန်မာနိုင်ငံတွင်း တိုင်းဒေသကြီး ၃ ခုနဲ့ ပြည်နယ် ၂ ခုတို့က ဓာတ်ခွဲနမူနာပေါင်း ၁,၂၂၆ ခုတို့ကို စစ်ဆေးပြီးစီးခဲ့တာမှာ COVID-19 ရောဂါကူးစက်သူ နောက်ထပ် ၈၂ ဦး တွေ့ရှိရတယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ဒီကနေ့ည ၈ နာရီမှာ သတင်းထုတ်ပြန်ပါတယ်။
နိုင်ငံတော်သမ္မတနဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်တို့နဲ့ တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်ဖြစ်စေ ဆက်စပ်သူအားလုံးကို မနေ့ကနဲ့ဒီနေ့ COVID-19 ရောဂါစစ်ဆေးတာမှာ ဘယ်သူ့မှာမှရောဂါပိုးကူးစက်ထားတာ မတွေ့ရဘူးလို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရုံး ညွှန်ကြားရေးမှူးချုပ်ဦးဇော်ဌေးက ဒီကနေ့ထုတ်ပြန်ချက်တခုမှာ ပြောထားပါတယ်။
ဘဲလာရုစ် အတိုက်အခံခေါင်းဆောင် Maria Kolesnikova ကို အတင်းအကြပ် မောင်းထုတ်ဖို့ ဘဲလာရုစ်အစိုးရက ကြိုးစားခဲ့တဲ့အပေါ် အထူးပဲ စိုးရိမ်မိတယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Mike Pompeo က အင်္ဂါနေ့မှာပြောပါတယ်။
အိန္ဒိယ-တရုတ် နှစ်နိုင်ငံကြား ပိုင်ဆိုင်မှုအငြင်းပွားနေတဲ့ ဟိမဝန္တာ နယ်စပ်ဒေသမှာ နှစ်ဘက်တပ်ဖွဲ့တွေအကြား အခြေအနေတင်းမာနေတာ ငါးလကြာလာချိန်မှာပဲ သတိပေး ပစ်ခတ်တာတွေ လုပ်တယ်ဆိုပြီး တဘက်နဲ့ တဘက် အပြန်အလှန် စွပ်စွဲနေကြပါတယ်။
မြန်မာနိုင်ငံမှာ ကျန်းမာရေးနဲ့ အားကစား ဝန်ကြီးဌာနရဲ့ စက်တင်ဘာလ ၉ ရက်နေ့ မနက် ၈ နာရီ ထုတ်ပြန်ချက်အရ COVID-19 ဓါတ်ခွဲ အတည်ပြု လူနာ နောက်ထပ် ၁၀၀ နီးပါး ထပ်မံ တွေ့ရှိ ခဲ့ ပါတယ်။
အမေရိကန်ဒေါ်လာ ၁.၅ ဘီလီယံကုန်ကျမယ့် ရန်ကုန်မြို့သစ်စီမံကိန်းအတွက် တင်ဒါအသစ်တွေခေါ်ယူရေးဂျာမနီ စီးပွားရေးအတိုင်ပင်ခံကုမ္ပဏီကြီးတခုဖြစ်တဲ့ Roland Berger ကိုမြန်မာက ငှားရမ်းလိုက်ပါတယ်။
အင်ဒိုနီးရှားနိုင်ငံ အာချေး ကမ်းခြေနားမှာ ကယ်တင်ခဲ့တဲ့ လှေစီးပြေး ရိုဟင်ဂျာ ဒုက္ခသည် ၃၀၀နီးပါးဟာ ပင်လယ်ထဲမှာ လပေါင်း ၇ လနီးပါးကြာခဲ့ပြီး မျှော်လင့်ချက်ကင်းမဲ့တဲ့ အခြေအနေနဲ့ ကြုံခဲ့ကြသလို လူအယောက် ၃၀ ကျော်လောက် သေဆုံးခဲ့တယ်လို့ ခန့်မှန်းကြောင်း UNHCR က အင်္ဂါနေ့က ပြောကြားခဲ့ပါတယ်။
ရီပတ်ဘလင်ကန် အမတ်တွေ ထိန်းချုပ်ထားတဲ့ အမေရိကန် အထက်လွှတ်တော်မှာ COVID-19 အထောက်အပံ့ပေးရေးဆိုင်ရာ ဥပဒေ မူကြမ်းတစ်ရပ်ကို ဒီတပတ်ထဲ မဲခွဲ ဆုံးဖြတ် အတည်ပြုဖို့ ရှိတယ်လို့ အထက်လွှတ်တော် လူများစု ခေါင်းဆောင် Mitch McConnell က အင်္ဂါနေ့က ပြောပါတယ်။
ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေး စမ်းသပ်မှု နောက်ဆုံးအဆင့်ဖြစ်တဲ့ အဆင့် ၃ စမ်းသပ်မှု ရလဒ်တွေမှာ လူတွေအတွက် အန္တရာယ် ကင်းကင်းသုံးစွဲနိုင်ကြောင်း မပြနိုင်သေးရင် အမေရိကန် အစိုးရဆီက တရားဝင်ခွင့်ပြုချက်တောင်းခံဦးမှာ မဟုတ်သေးကြောင်း ဆေးကုမ္ပဏီတွေရဲ့ အမှုဆောင်အရာရှိချုပ် ၉ ဦးက ပူးတွဲကြေညာချက်ထုက်ပြန်ပါတယ်။
ရခိုင်ပြည်နယ် စစ်ဆင်ရေးတွေအတွင်း သူတို့ပါဝင်ခဲ့တာနဲ့ လုပ်ဆောင်ခဲ့တာတွေကို တပ်ကနေထွက်ပြေးပြီးတဲ့နောက် ရခိုင်လက်နက်ကိုင်အဖွဲ့ (AA) ရှေ့မှာ ဝန်ခံပြောဆိုခဲ့ကြတာဖြစ်ပြီးတော့ AA က ဗွီဒီယိုရိုက်ယူပြီး မှတ်တမ်းတင်ထားခဲ့တာပါ။
မြန်မာနိုင်ငံမှာ စက်တင်ဘာလ ၈ ရက်နေ့ ညပိုင်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်ကြေညာချက်အရ COVID-19 ကူးစက်သူ လူနာသစ် ၉၉ ယောက်ထပ်ပြီး အတည်ပြုလိုက်တဲ့အတွက် စုစုပေါင်း ကူးစက်သူ ၁,၇၀၉ ယောက် ရှိပြီဖြစ်ပါတယ်။
COVID 19 ကူးစက်မှု မြင့်တက်နေတာကြောင့် ရန်ကုန်ကို ကိုယ်တိုင် သွားရောက်မယ့် အစီအစဉ်ကို ဖျက်သိမ်းလိုက်ပြီးတဲ့နောက် နေပြည်တော်မှာပဲ အကျဉ်းရုံးပြီး ရွေးကောက်ပွဲ အောင်နိုင်ရေး စတင်တဲ့ အခမ်းအနားကို လုပ်ဆောင်ခဲ့တာလည်း ဖြစ်ပါတယ်။
အိန္ဒိယမှာ COVID-19 ကြောင့် သေဆုံးသူ စုစုပေါင်းက ၇၂,၀၀၀ ကျော်ပါတယ်။ အမေရိကန်ပြီးရင် ပိုးကူးခံရသူ ကမ္ဘာမှာ ဒုတိယအများဆုံးရှိတဲ့ အိန္ဒိယမှာ ဒီကနေ့ပိုးကူးခံရသူအသစ်ကလည်း ၇၅,၀၀၀ ကျော်ပါတယ်။
Belarus နိုင်ငံ အတိုက်အခံခေါင်းဆောင်တဦးဖြစ်တဲ့ Maria Kolesnikova ကို အိမ်နီးချင်း Ukraine နိုင်ငံဘက်ထွက်ခွာဖို့ ကြိုးစားတဲ့အချိန် အင်္ဂါနေ့ အစောပိုင်းမှာ ဖမ်းဆီးထိန်းသိမ်းလိုက်တယ်လို့ Belarus နယ်စပ် တာဝန်ရှိသူတွေက ပြောပါတယ်။
တရုတ်နိုင်ငံ Xinjiang ဒေသထွက် ချည်ထည်တွေနဲ့ ထုတ်လုပ်ထားတဲ့ ကုန်ပစ္စည်းတချို့ ဒါမှအဟုတ် ကုန်ပစ္စည်းအားလုံးကို တားမြစ်ပိတ်ပင်ဖို့ သမ္မတ Donald Trump အစိုးရအဖွဲ့က စဉ်းစားနေတယ်ဆိုပြီး The New York Times သတင်းစာကြီးက အင်္ဂါနေ့မှာဖော်ပြလိုက်ပါတယ်။
WikiLeaks ဝက်ဘ်ဆိုက်တည်ထောင်သူ Julian Assange ကို အမေရိကန်နိုင်ငံကို လွှဲပြောင်းပေးရေး တရားရုံးမှာ ကြားနာ စစ်ဆေး နေတာကိုနောက်နှစ်အထိ အချိန်ရွှေ့ဆိုင်းပေးဖို့ Assange ရဲ့ ရှေ့နေတွေရဲ့ လျှောက်ထားချက်ကို ဗြိတိန် တရားသူကြီးက တနင်္လာ နေ့က ပယ်ချလိုက်ပါတယ်။
Washington Post သတင်းစာရဲ့ ပင်တိုင် ဆောင်းပါးရှင် ဆော်ဒီ သတင်းသမား Jamal Khashoggi ကို လုပ်ကြံခဲ့မှုမှာ ပါဝင်တဲ့လူ ၈ ဦးကို ဆော်ဒီ တရားရုံးက ထောင်ဒဏ် အပြစ်ဒဏ် ချမှတ်လိုက်ပါတယ်။
ဂျာမဏီဆေးရုံမှာ ဆေးကုသမှု ခံယူနေတဲ့ ရုရှားအတိုက်အခံ ခေါင်းဆောင် Alexei Navalny ရဲ့ ကျန်းမာရေး အခြေနေဟာ တိုးတက်လာနေပြီး အခုဆို တပ်ထားတဲ့စက်တွေပါ ဖယ်ရှားလိုက်ပြီဖြစ်သလို ကိုယ်တွင်းအင်္ဂါတွေလည်း ပြန်အလုပ်လုပ် နေပြီဖြစ်ကြောင်း ဆေးရုံက ကြေညာချက် ထုတ်ပြန်ပြောပါတယ်။
လိင်ပြောင်းထားသူ အမျိုးသမီးတဦးကို သတ်ဖြတ်ခဲ့မှုနဲ့ ပြစ်ဒဏ်ကျခံနေရသူ အမေရိကန် မရိမ်း တပ်သားတဦးကိုတနင်္လာနေ့တုန်းက ဖိလစ်ပိုင်သမ္မတ Rodrigo Duterte က လွတ်ငြိမ်းချမ်းသာခွင့်ပေးလိုက်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်