"အခုကြုံနေရတဲ့ ကပ်ရောဂါဟာ နောက်ဆုံးကြုံရတာမျိုး မဟုတ်ပဲ လူနေမှု ဘဝထဲမှာ ရောဂါဖြစ်ပွါးတာတွေ ကပ်ရောဂါနဲ့ ရင်ဆိုင်ရတာတွေဟာ သမိုင်းတလေ ျှာက်မှာ ရှိနေတာ ဖြစ်တဲ့အတွက် ဒါမျိုးကြုံလာရချိန်မှာ ကမ္ဘာတလွှား အသင့်ဖြစ်နေရမှာ ဖြစ်ကြောင်း"WHO အကြီးအကဲ Tedros Adhanom Ghebreyesus က တနင်္လာနေ့မှာ တိုက်တွန်းလိုက်ပါတယ်။
အမေရိကန်ပြည်ထောင်စုရဲ့ ှသမ္မတရွေးကောက်ပွဲ မဲဆွယ်မှုတွေဟာ တနင်္လာနေ့ ကျရောက်တဲ့ အလုပ်သမားနေ့ အားလပ်ရက်မှာတော့ အမေရိကန် အလုပ်သမားတွေအရေး အပါအဝင် ပြည်တွင်းရေးတွေမှာ ဦးစားပေး ပြောဆိုလာကြပါတယ်။
နိုင်ငံတွင်း COVID – 19 ကူးစက်မှု မြင့်တက်လာနေတာကြောင့် နိုဝင်ဘာလမှာ ကျင်းပမယ့် အထွေထွေ ရွေးကောက်ပွဲအတွက် ပထမဆုံး အကြိမ် မဲဆွယ်စည်းရုံးမယ့် အစီအစဉ်ကို ပယ်ဖျက်လိုက်တယ်လို့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က ပြောပါတယ်။
မြန်မာနိုင်ငံမှာ ဒီနေ့ စက်တင်ဘာ ၇ ရက် ည ၈ နာရီအထိ COVID-19 အတည်ပြုလူနာ စုစုပေါင်း ၁,၅၁၈ ယောက်ရှိပါတယ်။ ဒီနေ့တနင်္လာနေ့ အတွက် စစ်ဆေးခဲ့တဲ့ ဓါတ်ခွဲနမူနာတွေကနေလူနာသစ် ၅၄ ယောက်တွေ့ရှိတာဖြစ်ပါတယ်။ လူနာသစ်တွေက ရခိုင်ပြည်နယ်၊ မန္တလေးတိုင်း၊ ရန်ကုန်တိုင်း၊ မွန်ပြည်နယ်တွေက ဖြစ်ပါတယ်။
အမေရိကန် CNN သတင်းဌာနက သတင်းသမားတစ်ယောက် ဖြစ်တဲ့ အမေရိကန် ဖွား David Culver လည်း အခုအခြေအနေကို ကြုံတွေ့နေရတယ်လို့ CNN က အတည်ပြုပြောကြားခဲ့ပါတယ်။ CNN အပြင် Wall Street Journal နဲ့ Getty Images က သတင်းသမားတွေလည်း အလားတူ အခြေအနေကို ရင်ဆိုင်နေရတယ်လို့New York Times သတင်းစာက ပြောပါတယ်။
အိန္ဒိယနိုင်ငံမှာ COVID-19 အတည်ပြုလူနာအရေအတွက်ဟာ Brazil နိုင်ငံထက် ပိုများသွားပြီဖြစ်လို့ ကမ္ဘာမှာ အတည်ပြုလူနာ ဒုတိယမြောက်အများဆုံးနိုင်ငံ ဖြစ်သွားပါတယ်။ ဒီနေ့တနင်္လာနေ့တရက်ထဲ အတည်ပြုလူနာ ၉၀,၈၀၂ စံချိန်တင်ရှိခဲ့တယ်လို့ ကျန်းမာရေးဌာနက ထုတ်ပြန်ပါတယ်။
စက်လှေနဲ့ ရောက်လာကြသူတွေ အစားအသောက်ရောင်းတဲ့ ဆိုင်တွေနား ယောင်လည်လည်လုပ်နေတာကို ဒေသခံတွေ တွေ့ခဲ့ပြီး ရဲကို အကြောင်းကြားခဲ့ကြတာဖြစ်တယ်လို့ Banda Sakti ခရိုင် ရဲချုပ် Iptu Irwansya ကပြောကြားခဲ့တာဖြစ်ပါတယ်။
ဂျပန်နိုင်ငံ တောင်ပိုင်းကို ပြင်းထန်စွာ တိုက်ခတ်နေတဲ့ အင်အားပြင်း တိုင်ဖုန်းမုန်တိုင်းကြောင့် ဒေသခံပြည်သူ ၁.၈ သန်းကို ဘေးလွတ်ရာ ပြောင်းရွှေ့ကြဖို့ ဂျပန်အစိုးရက တနင်္ဂနွေနေ့မှာ အမိန့်ထုတ်ထားပါတယ်။
ရုရှားအတိုက်အခံခေါင်းဆောင် Alexey Navalny အဆိပ်ခတ်ခံရတယ်လို့ သံသယရှိမှုနဲ့ ပတ်သက်ပြီး ရုရှားဘက်က အချက်အလက်တွေမပေးရင် ရုရှားအပေါ် ဒဏ်ခတ် အရေးယူမှုတွေ လုပ်ဖို့ ဖြစ်လာနိုင်ကြောင်း ဂျာမနီ နိုင်ငံခြားရေးဝန်ကြီး Heiko Maas က ပြောပါတယ်။
ကယ်လီဖိုးနီးယားပြည်နယ်မှာ ရာသီဥတု ပူပြင်းခြောက်သွေ့ပြီး တောမီးတွေ အကြီးအကျယ် ဆက်လက် လောင်ကျွမ်းနေတာကြောင့် Labor Day အားလပ်ရက် တောစခန်းထွက် အပန်းဖြေသူတွေထဲက အနည်းဆုံး အယောက် ၆၀ ကျော်ကို စစ်တပ်ရဟတ်ယာဉ်တွေနဲ့ ကယ်ထုတ်ပေးခဲ့ရပါတယ်။
ဟောင်ကောင်လွှတ်တော် ရွေးကောက်ပွဲတွေ ကျင်းပပေးဖို့ ဟောင်ကောင်အစိုးရက ရွှေ့ဆိုင်းလိုက်တာကို ဆန့်ကျင် ဆန္ဒပြခဲ့ကြတဲ့ ဒေသခံတွေထဲက အနည်းဆုံး လူ ၂၉၀ ကို တနင်္ဂနွေနေ့မှာ ဖမ်းဆီးလိုက်တယ်လို့ ဟောင်ကောင်ရဲက ပြောပါတယ်။
ဘယ်လာရုစ်နိုင်ငံမှာ ကာလကြာရှည် အုပ်ချုပ်နေတဲ့ သမ္မတ Alexander Lukashenko ကို ဆက်ပြီး အာဏာရစေတဲ့ အငြင်းပွားဖွယ် ရွေးကောက်ပွဲ နောက်ပိုင်း လူထုဆန္ဒပြပွဲတွေ ဆက်လက်ဖြစ်ပွားနေရာမှာ တနင်္ဂနွေနေ့ကတော့ မြို့တော် Minsk မှာ သောင်းနဲ့ချီပြီး စုဝေး ဆန္ဒပြခဲ့ကြပါတယ်။
မြန်မာနိုင်ငံမှာ ကိုဗစ်ကူးစက်မှု တရိပ်ရိပ်တက်လာနေတဲ့ အခုလိုကာလမှာ နိုင်ငံရေးပါတီတွေအနေနဲ့ လူ ၅၀ ထက်မပိုဘဲ ကိုဗစ်ကာကွယ်တားဆီးရေးဆိုင်ရာ ကျန်းမာရေး သတိပေး လမ်းညွှန်ချက်တွေအတိုင်း စက်တင်ဘာ ၈ ရက် အင်္ဂါနေ့ မနက် ၆ နာရီကစလို့ မဲဆွယ်စည်းရုံးခွင့် ပြုလိုက်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ကြေညာပါတယ်။
မြန်မာနိုင်ငံ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ စက်တင်ဘာလ ၆ ရက် ည ၈ နာရီ ထုတ်ပြန်ကြေညာချက်အရ COVID-19 လူနာသစ် အယောက် ၁၀၀ ထပ်ပြီး အတည်ပြုလိုက်တဲ့အတွက် ကူးစက်သူ စုစုပေါင်း ၁,၄၁၉ ဦး ရှိပါတယ်။
အိန္ဒိယနိုင်ငံမှာ ဒီကနေ့ တနင်္ဂနွေနေ့ တရက်တည်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူ ၉၀,၀၀၀ ကျော် စံချိန်တင်ခဲ့တယ်လို့ အိန္ဒိယ ကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။ ဒါဟာ တကမ္ဘာလုံး အတိုင်းအတာနဲ့ တရက်တာကူးစက်မှုနှုန်း အများဆုံးလည်း ဖြစ်ပါတယ်။
COVID-19 ကြောင့် ၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့ အရောက်မှာ အမေရိကန်ပြည်သူ ၄၁၀,၀၀၀ ကျော် သေဆုံးနိုင်ကြောင်း အမေရိကန်နိုင်ငံ George Washington တက္ကသိုလ် ကျန်းမာရေးဆိုင်ရာ ကိန်းဂဏန်း တိုင်းတာအကဲဖြတ်ရေးဌာနက ခန့်မှန်း တွက်ချက်ထားပါတယ်။
မြန်မာနိုင်ငံမှာ COVID-19 ကူးစက်သူ ၆၆ ဦး စစ်ဆေးတွေ့ရှိခဲ့ကြောင်းနဲ့ သေဆုံးသူ ၁ ဦးရှိခဲ့ကြောင်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက စက်တင်ဘာ ၆ ရက်၊ တနင်္ဂနွေနေ့ မနက် ၈ နာရီခွဲမှာ ကြေညာချက် ထုတ်ပြန်ပါတယ်။
မြေထဲပင်လယ်ထဲမှာ နယ်မြေပိုင်ဆိုင်မှုဆိုင်ရာ အငြင်းပွားနေတာနဲ့ ပတ်သက်ပြီး ဆွေးနွေးမှုတွေ စလုပ်ဖို့နဲ့ တကယ်လို့ မလုပ်ဘူးဆိုရင် နောက်ဆက်တွဲ အကျိုးဆက်တွေ ရင်ဆိုင်ရမှာဖြစ်ကြောင်း တူရကီသမ္မတ Recep Tayyip Erdogan က ဂရိကို သတိပေးလိုက်ပါတယ်။
အာရှဒေသက နျူကလီးယားလက်နက်ပိုင်ဆိုင်တဲ့ အိန္ဒိယနဲ့ တရုတ် ၂ နိုင်ငံ ကာကွယ်ရေးဝန်ကြီးတွေရဲ့ တွေ့ဆုံမှု အပြီးမှာတော့ ၂ နိုင်ငံကြား အငြင်းပွားနေတဲ့ နယ်စပ်ပြဿနာ တင်းမာမှုတွေ လျော့ပါးအောင် ဦးတည်ဆောင်ရွက်ကြဖို့ သဘောတူညီခဲ့ကြတယ်လို့ အိန္ဒိယနဲ့ တရုတ်အစိုးရတွေက စနေနေ့မှာ ပြောပါတယ်။
မြန်မာနိုင်ငံ၊ မြဝတီဘက်ကနေ ထိုင်းနိုင်ငံထဲ တိတ်တဆိတ်ဝင်လာတဲ့ ထိုင်းနိုင်ငံသား ၅ ဦးနဲ့ တရုတ်နိုင်ငံသား တဦးတို့ကို ထိုင်းအာဏာပိုင်တွေက စနေနေ့မနက် စောစောမှာ ဖမ်းဆီးလိုက်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်