ရခိုင်ပြည်နယ်တွင်းက မြန်မာ့တပ်မတော်ရဲ့ စစ်ဆင်ရေးကို အမြန်ဆုံး ရပ်တန့်ပေးဖို့ စစ်တွေမြို့အခြေစိုက် ရခိုင်အမျိုးသားပါတီက နိုင်ငံတော်သမ္မတ၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်တို့ကို လိပ်မူပြီး စက်တင်ဘာ ၅ ရက် နေ့စွဲနဲ့ အိတ်ဖွင့်ပေးစာတစောင် ရေးသားလိုက်ပါတယ်။
မြန်မာနိုင်ငံမှာ ကိုဗစ်ကူးစက်မှု အခြေအနေကြောင့် အသွားအလာ ကန့်သတ်ချက်တွေကို လိုက်နာတဲ့အနေနဲ့ လူစုလူဝေး မလုပ်ကြဖို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြည်သူတွေကို တိုက်တွန်းလိုက်ပါတယ်။
မြန်မာနိုင်ငံတွင်း တိုင်းဒေသကြီး ၃ ခု၊ ပြည်နယ် ၂ ခုနဲ့ နေပြည်တော်တို့မှာ ကိုဗစ်ရောဂါ ကူးစက်သူ နောက်ထပ် ၃၇ ဦး ထပ်တိုးတဲ့အကြောင်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ဒီကနေ့ည ၈ နာရီကျော်မှာ သတင်းထုတ်ပြန်ပါတယ်။
မြောက်ကိုရီးယားနိုင်ငံဟာ ရေငုပ်သင်္ဘောကနေ ပစ်လို့ရတဲ့ တာလတ်ပစ် ပဲ့ထိန်းဒုံးကျည်ကို ပစ်လွှတ်ဖို့အတွက် ပြင်ဆင်နေတယ်လို့ မြောက်ကိုရီးယားရဲ့ သင်္ဘောကျင်းကို သောကြာနေ့က ဂြိုဟ်တုကနေ ရိုက်ကူးထားတဲ့ ဓာတ်ပုံတွေက ပြသနေတဲ့အကြောင်း အမေရိကန် မဟာဗျူဟာနဲ့ နိုင်ငံတကာလေ့လာရေးဌာန (CSIS) က ပြောလိုက်ပါတယ်။
ကမ္ဘာကျော်ဘောလုံးသမား မက်ဆီက ဘာစီလိုနာအသင်းမှာ ၁ နှစ် ဆက်နေသွားမယ်လို့ ပြောလိုက်ပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကားမြို့တော် အပြင်ဘက်က ဗလီတခုအနီးမှာ သောကြာနေ့ ညနေပိုင်း ဝတ်ပြုချိန်အတွင်း ဓာတ်ငွေ့ပိုက် ပေါက်ကွဲတာကြောင့် လူ ၁၆ ယောက်ထက်မနည်း သေဆုံးပြီး ဒါဇင်ပေါင်းများစွာ ဒဏ်ရာရသွားတယ်လို့ ဘင်္ဂလားဒေ့ရှ် တာဝန်ရှိသူတွေက ဒီကနေ့ပြောပါတယ်။
COVID-19 ရောဂါ ကာကွယ်ဆေးတခု ရလာတဲ့အခါမှာ ရောဂါကူးစက်ခံရဖို့ အန္တရာယ်အရှိဆုံး လူတွေကို ဦးစားပေးပြီး ထိုးပေးသင့်တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ Tedros Adhanom Ghebreyesus က သောကြာနေ့ သတင်းစာရှင်းလင်းပွဲအတွင်း ပြောသွားပါတယ်။
မြန်မာ့အိမ်နီးချင်းနိုင်ငံဖြစ်ပြီး ကမ္ဘာမှာ ဒုတိယ လူဦးရေအများဆုံးဖြစ်တဲ့ အိန္ဒိယနိုင်ငံမှာ ကိုဗစ်ရောဂါ ကူးစက်သူ အရေအတွက်ဟာ ဒီကနေ့ဆိုရင် ၄ သန်းကျော်သွားပါပြီ။
မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ကူးစက်သူ (၄၅) ဦး စစ်ဆေး တွေ့ရှိခဲ့ကြောင်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက စက်တင်ဘာ ၅ ရက်၊ စနေနေ့ မနက် ၈ နာရီမှာ ကြေညာချက် ထုတ်ပြန်ပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံမှာ အခုချိန်ထိ ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူ စုစုပေါင်း ၁၂၁၆ ဦး ရှိသွားပြီ ဖြစ်ပါတယ်။
COVID-19 ကပ်ရောဂါ ဆိုင်ရာ WHO ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီးရဲ့ တုန့်ပြန်ဆောင်ရွက်မှုတွေနဲ့ ပတ်သက်ပြီး ပြန်လည်သုံးသပ်ဖို့ WHO က ခန့်အပ်ခဲ့တဲ့ သီးခြားလွတ်လပ်တဲ့ အဖွဲ့ဟာ စုံစမ်းစစ်ဆေးမှုတွေ စတင်လုပ်ဆောင်နေပြီဖြစ်ကြောင်း ဒီအဖွဲ့က ကြာသပတေးနေ့မှာ ပြောပါတယ်။
ပြုံးနေသယောင် မျက်နှာရှိတဲ့ မြန်မာ့မျိုးရင်း ရှားပါးလိပ်တမျိုးကို မျိုးသုဉ်းလုဆဲဆဲ အခြေအနေကနေ နှစ်ပေါင်း ၂၀ လောက်အကြာ မှာ ပြန်ပြီး တိုးပွါးအောင်မွေးမြူနိုင်ခဲ့တယ်လို့ သိပ္ပံပညာရှင်တွေက ပြောပါတယ်။
ရုရှားအတိုက်အခံ ခေါင်းဆောင် Navalny အဆိပ်ခတ်ခံရတာနဲ့ ပတ်သက်ပြီး ဆွေးနွေးဖို့ NATO မဟာမိတ်အဖွဲ့ဝင်တွေ အရေးပေါ်အစည်းဝေး ထိုင်ခဲ့ကြပြီးတဲ့ နောက်မှာ ရုရှားဟာ ဓါတုလက်နက် အသုံးပြုမှု တားဆီးကာကွယ်ရေးအဖွဲ့ OPCW ရဲ့ ကြီးကြပ်မှု အောက်မှာ လွှတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှုကို အပြည့်အဝ ပူးပေါင်းဆောင်ရွက် ရမှာ ဖြစ်ပါတယ်။
ကိုရိုနာ ဗိုင်းရပ်စ်ကြောင့် ရပ်ဆိုင်းထားရတဲ့ အာရှ Champions League ပြိုင်ပွဲ ဘောလုံးပွဲစဉ်တွေကို ပြီးဆုံးအောင် ကစားနိုင်လိမ့်မယ်လို့ ယုံကြည်ကြောင်း အာရှ ဘောလုံး အဖွဲ့ချုပ်က ထိပ်တန်း တာဝန်ရှိသူတစ်ဦးက သောကြာနေ့က AFP သတင်းကို ပြောပါတယ်။
အီရန်ဟာ ကမ္ဘာ့အင်အားကြီး နိုင်ငံတွေနဲ့ရရှိထားတဲ့ နျူကလီယားဆိုင်ရာ သဘောတူညီချက်အရ သူ့ကိုစုဆောင်းခွင့်ပြုထားတဲ့ သန့်စင်ယူရေနီယံပမာဏထက် ကျော်လွန်ထားရှိမှု ဆက်တွေ့နေရပေမယ့် သူတို့ရဲ့ စက်ရုံနေရာတွေကို လာရောက်စစ်ဆေးဖို့တော့ စပြီးခွင့်ပြုလာပြီလို့ပြောပါတယ်။
နေပြည်တော်အပါအဝင် မြန်မာနိုင်ငံတဝန်းမှာ COVID-19 ဗိုင်းရပ်စ်ကူးစက်ခံရသူ ၃၈ ယောက် ထပ်မံတွေ့ရှိတာကြောင့် ကူးစက်ခံရသူအရေအတွက် ၁,၁၇၁ ယောက်ရှိသွားပြီဖြစ်တယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ဒီနေ့ည ၈ နာရီ ထုတ်ပြန်ချက်မှာ ပြောပါတယ်။
အာဂျင်တီးနားတိုက်စစ်မှူး မက်ဆီနဲ့ ဘာစီလိုနာအသင်းတို့ လမ်းခွဲဖို့အတွက် နှစ်ဘက်ဆွေးနွေမှုတွေက ခုချိန်ထိတော့ တိုးတက်မှု တစုံတရာ မရသေးဘဲ ရှေ့မတိုး နောက်မဆုတ် ဖြစ်နေပါတယ်။
နိုဝင်ဘာလမှာ အစောဆုံး ထွက်လာနိုင်တဲ့ COVID-19 ကာကွယ်ဆေး နှစ်မျိုးဟာ အလားအလာကောင်းတဲ့ နည်းစနစ်တွေကို အသုံးပြုထားပြီး ထွက်လာဖို့အတွက် အရှိန်အဟုန်မြှင့်လုပ်ဆောင်နေတယ်လို့ ကျွမ်းကျင်သူတွေက ပြောလိုက်ပါတယ်။
ကမ္ဘာပေါ်မှာ COVID-19 ကာကွယ်ဆေး မရတဲ့နိုင်ငံ မရှိရအောင် ရှေ့လာမယ့် ၂ နှစ်အတွင်း ကာကွယ်ဆေးထုတ်လုပ်သူ ဒါဇင်ပေါင်းများစွာဆီက ထွက်လာမယ့် COVID-19 ကာကွယ်ဆေးတွေကို အများဆုံးနဲ့ အမြန်ဆုံး ဝယ်ယူ ဖြန့်ဖြူးတာကို ဥိးဆောင်သွားမယ်လို့ ကုလသမဂ္ဂ ကလေးသူငယ်များရန်ပုံငွေအဖွဲ့ (UNICEF) က မနေ့က ပြောလိုက်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်