အိန္ဒိယနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် နောက်ထပ်ကူးစက်ခံရသူအရေအတွက် ၈၃,၀၀၀ ကျော်ရှိတဲ့အတွက် စုစုပေါင်း ဗိုင်းရပ်စ်ကူးစက်ခံရသူဦးရေဟာ ကမ္ဘာပေါ်မှာ ကူးစက်မှု ဒုတိယအများဆုံးဖြစ်တဲ့ ဘရာဇီးလ်နိုင်ငံလောက်နီးနီး ရှိလာပြီဖြစ်ပါတယ်။
ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာက ကိုဗစ်-၁၉ ကူးစက်သူ (၂၂) ဦး စစ်ဆေးတွေ့ရှိခဲ့ကြောင်း သောကြာနေ့ကြေညာချက်မှာ ဖော်ပြထားတာကြောင့် မြန်မာနိုင်ငံမှာ ရောဂါပိုးကူးစက်သူ စုစုပေါင်း (၁,၁၃၃) ဦး ရှိသွားပြီ ဖြစ်ပါတယ်။ အခု အသစ်တွေ့ရှိတဲ့ လူနာသစ် (၂၂) ဦးအပြင် သေဆုံးသူ (၁) ဦး ရှိကြောင်းလည်း ဖော်ပြထားပါတယ်။
တိဘက်ဒေသကို တရုတ်အသွင်ပြောင်းလဲပစ်ရေး တရုတ် သမ္မတ Xi Jinping က ဆော်ဩနေတာဟာ တိဘက်ဒေသရဲ့ မူရင်း သရုပ်ဏ္ဍာန် နဲ့တိဘက် ယဉ်ကျေးမှုအတွက် အန္တရာယ်ရှိတယ်လို့ လူ့အခွင့်အရေး အဖွဲ့တွေက ပြောပါတယ်။
အမေရိကန်ပြည်ထောင်စုမှာ သမ္မတရွေးကောက်ပွဲ မကျင်းပခင် ၂ ရက်အလို နိုဝင်ဘာလ ၁ ရက်နေ့မှာ COVID-19 ကာကွယ်ဆေး ဖြန့်ဖြူးပေးရေး အတွက် အသင့်ပြင်ထားကြဖို့ ပြည်နယ် ၅၀ စလုံးနဲ့ မြို့ကြီးတော်များများက ကျန်းမာရေးတာဝန်ခံတွေကို အကြောင်းကြားထားပါတယ်။
နိုဝင်ဘာ အမေရိကန် သမ္မတရွေးကောက်ပွဲ မကျင်းပခင် သီတင်း တပတ်အလိုမှာ နိုင်ငံရေးကြော်ငြာ အသစ်တွေကို လက်မခံတော့ဘူး လို့ ဖေ့စ်ဘုတ် ကုမ္ပဏီက ကြာသပတေးနေ့မှာ ပြောပါတယ်။
လူမည်းအမျိုးသား Jacob Blake ကို ရဲက သေနတ်နဲ့ ပစ်ခတ်ခဲ့တဲ့အတွက် ဆန္ဒပြမှုတွေ ဖြစ်ပွါးနေတဲ့ Wisconsin ပြည်နယ် Kenosha မြို့မှာ ဒေသခံတွေနဲ့ တွေ့ဆုံပွဲလုပ်ဖို့ ဒီမိုကရက်တစ်ပါတီ သမ္မတလောင်း ဂျိုးဘိုင်ဒင်ဟာ ကြာသပတေးနေ့မှာ သွားရောက်ခဲ့ပါတယ်။
နောက်ဆုံး အသုတ်ဖြစ်တဲ့ တာလီဘန် အကျဉ်းသား ၄၀၀ လောက် ကို ပြန်လွှတ်ပေးလိုက်ပြီလို့ အာဖဂန်နစ်စတန် အာဏာပိုင်တွေက ကြာသပတေးနေ့မှာ ပြောပါတယ်။
စက်တင်ဘာလ ၉ ရက်ကနေ ၁၁ ရက်နေ့အထိ ဗီဒီယိုကတဆင့် ပြုလုပ်မယ့် အမေရိကန်-အာဆီယံ ဆွေးနွေးပွဲ၊ အရှေ့အာရှ ထိပ်သီး ညီလာခံ၊ အာဆီယံ ဒေသဆိုင်ရာ ဖိုရမ်နဲ့ မဲခေါင်-အမေရိကန် မိတ်ဖက်နိုင်ငံများ နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေးကို ဝန်ကြီး Pompeo ပါဝင် တက်ရောက်မယ်လို့ အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဌာနက ပြောပါတယ်။
ရခိုင်ပြည်နယ်အပါအဝင် နိုင်ငံတဝန်းမှာ COVID-19 ကူးစက်ခံထားရသူ ၅၃ ယောက် ဒီနေ့ထပ်မံတွေရှိတာကြောင့် ဗိုင်းရပ်စ်ကူးစက်ခံရသူ စုစုပေါင်း ၁,၁၁၁ ယောက်ရှိသွားပြီဖြစ်တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ဒီနေ့ည ၈ နာရီ ထုတ်ပြန်ချက်မှာ ပြောပါတယ်။
ကမ္ဘာတဝန်းက သုတေသီတွေ တီထွင်ထုတ်လုပ်ဖို့ ကြိုးစားနေတဲ့ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးတွေထဲက အမျိုးပေါင်း ၁၇၀ ကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က စောင့်ကြည့်နေပါတယ်။
အမေရိကန်ဘက်က အခုလိုလုပ်တာဟာ သူတို့ရဲ့ သံတမန်ဝန်ထမ်းတွေနဲ့ ကောင်စစ်ဝန်ရုံးဝန်ထမ်းတွေအပေါ် မှာ နောက်ထပ် မတရားတဲ့ ကန့်သတ်မှုတွေ နဲ့ အတားအဆီးတွေကို ချမှတ်လိုက်တာဖြစ်တယ်လို့ ဝါရှင်တန်မှာရှိတဲ့ တရုတ်သံရုံးရဲ့ ကြေငြာချက်မှာ ပြောထားပါတယ်။
တရုတ်နိုင်ငံမှာ မတ်လအစောပိုင်းကတည်းက ပိတ်ထားခဲ့တဲ့ ဘေဂျင်းမြို့နိုင်ငံတကာလေဆိပ်ကို ကြာသပတေးနေ့က ပြန်ဖွင့်လိုက်ပြီး COVID-19 ကူးစက်မှုနှုန်း နည်းတယ်လို့ ယူဆရတဲ့ နိုင်ငံတွေက လေယာဉ်ခရီးစဉ်တွေကို ကန့်သတ် ခွင့်ပြုသွားမှာဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ COVID-19 ကူးစက်သူ လူနာသစ် ၆၃ ယောက် ထပ်ပြီး တွေ့ရတယ်လို့ ကျန်းမာရေးနဲ့ အားကစား ဝန်ကြီးဌာနက စက်တင်ဘာလ ၃ ရက် ကြာသပတေးနေ့ မနက် ၈ နာရီမှာ ထုတ်ပြန်ကြေညာ လိုက်ပါတယ်။
ဂျာမဏီနိုင်ငံမှာ ဆေးကုသမှု ခံယူနေတဲ့ ရုရှား အတိုက်အခံ ခေါင်းဆောင် Alexei Navalny ဆီကရတဲ့ ဓါတ်ခွဲနမူနာ ကို စမ်းသပ်ကြည့်ရာမှာ ဆိုဗီယက်ရုရှားခေတ်က သုံးတဲ့ အာရုံကြောထိခိုက်စေတဲ့ Novichok အဆိပ် တမျိုးကို တွေ့ရတယ်လို့ ဂျာမဏီအစိုးရက ဗုဒ္ဓဟူးနေ့က ပြောပါတယ်။
မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ အလျင်အမြန် ကူးစက်ပျံ့နှံ့နေတာမှာ ရခိုင်ခရီးသွားရာဇဝင်ရှိသူအများစု Qurantine ဝင်ဖို့ ပျက်ကွက်တာနဲ့၊ ရုတ်တရက်များလာတဲ့ Qurantine ဝင်မယ့်သူကြောင့် ကာကွယ်ထိန်းချုုပ်ရေး စိုးရိမ်မူတွေမြင့်တက်လာနေပါတယ်။
ICC နိုင်ငံတက ပြစ်မှုဆိုင်ရာခုံရုံး ရှေ့နေချုပ် Fatou Bensouda ကို ဒဏ်ခတ် အရေးယူလိုက်ကြောင်း အမေရိကန်ပြည်ထောင်စုက စက်တင်ဘာ ၂ ရက် ဗုဒ္ဓဟူးနေ့မှာ ကြေညာပါတယ်။
အိမ်နီးချင်း မြန်မာနိုင်ငံမှာ COVID-19 ကူးစက်မှုနှုန်း မြင့်တက်နေတာကြောင့် ထိုင်းနိုင်ငံ Kanchanaburi ခရိုင်ကနေ မြန်မာနိုင်ငံတွင်း ဝင်ရောက် နိုင်တဲ့ လမ်းကြောင်းတွေအားလုံးကို ပိတ်ထားဖို့ ထိုင်းဝန်ကြီးချုပ် Prayut Chan-o-cha က အမိန့်ထုတ်လိုက်ပါတယ်။
လူ့အခွင့်အရေး လှုပ်ရှားသူတွေရဲ့ ဝက်ဘ်ဆိုဒ်တစ်ခုကို ပိတ်ခိုင်းတဲ့ မြန်မာအစိုးရရဲ့ အမိန့်ဟာ လွတ်လပ်စွာ ပြောဆိုခွင့် နဲ့ သတင်း ရယူခွင့်တွေကို ချိုးဖောက်တာ ဖြစ်ကြောင်းနဲ့ ဒီ အမိန့်ဟာ စစ်တပ်ကို ဝေဖန်ပြောဆိုနေတာတွေကို ဖိနှိပ် ဖို့ ရည်ရွယ်ချက်နဲ့ လုပ်ဆောင်ခဲ့တာ ဖြစ်ကြောင်း ARTICLE 19 အဖွဲ့က ပြောပါတယ်။
တရုတ် အဆင့်မြင့် သံတမန်တွေ အနေနဲ့အမေရိကန် တက္ကသိုလ်တွေကို သွားရောက်လည်ပတ်တာနဲ့ အမေရိကန်နိုင်ငံတွင်းက အစိုးရ တာဝန်ရှိသူတွေကို တွေ့ဆုံရာမှာ ကြိုတင် ခွင့်ပြုချက် ရယူဖို့ လိုအပ်တော့မှာ ဖြစ်တယ်လို့ အမေရိကန် အစိုးရက ဗုဒ္ဓဟူးနေ့က ထုတ်ပြန် ကြေညာလိုက်ပါတယ်။
ဓာတ်ခွဲနမူနာ စုစုပေါင်း ၁,၄၀၈ ကို စစ်ဆေးပြီးစီးခဲ့တာမှာ မန္တလေးတိုင်းဒေသကြီးမှာ ၃ ဦး၊ ရခိုင်ပြည်နယ်မှာ ၅၁ ဦး၊ မွန်ပြည်နယ်မှာ ၃ ဦး ရောဂါပိုး ကူးစက်ထားတာကို တွေ့တာပါ။ ဒီထဲမှာ စစ်တွေမြို့က ၄၅ ဦးနဲ့ အများဆုံးဖြစ်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်