တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ မြန်မာနိုင်ငံမှာ ရောက်ရှိနေတဲ့ တရုတ် ပြည်သူ့သမ္မတနိုင်ငံ၊ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီနိုင်ငံရေးဗျူရိုအဖွဲ့ဝင် Mr. Yang Jiechi ဦးဆောင်တဲ့ကိုယ်စားလှယ်အဖွဲ့ကို ဒီကနေ့ မနက်ပိုင်းကနေပြည်တော် ဇေယျာသီရိဗိမာန်ဧည့်ခန်းမဆောင်မှာ တွေ့ဆုံခဲ့တာပါ။
မြန်မာ့အိမ်နီးချင်းအိန္ဒိယနိုင်ငံမှာ COVID-19 ရောဂါပိုး ကူးစက်သူအရေအတွက် ဆက်တိုးနေပေမယ့်လည်းစီးပွားရေးအကျပ်ဆိုက်နေတာကို ဖြေရှင်းဖို့ တနိုင်ငံလုံးမှာ ကိုဗစ်ကပ်ရောဂါဆိုင်ရာ ကန့်သတ်ချက်တွေကို အစိုးရက ဖြေလေ ျှာ့ပေးနေပါတယ်။
စက်တင်ဘာလ ၂ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်တဲ့ ကြေညာချက်မှာ ပဋိပက္ခ ဖြစ်ပွားနေတဲ့ ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်တွေမှာ အင်တာနက် ပိတ်ထားတာတွေကို ရပ်ဆိုင်းပေးဖို့ ငြိမ်းချမ်းစွာ ဆန္ဒပြ တောင်းဆိုခဲ့တဲ့ မောင်ဆောင်းခကို ရဲတပ်ဖွဲ့က ဇူလိုင်လ ၇ ရက်နေ့က တရားစွဲဆိုထားတယ်လို့ ဖော်ပြထားပါတယ်။
တရုတ်နိုင်ငံဟာ ကြည်း၊ ရေ၊ လေ နည်းလမ်း သုံးခုစလုံးကနေ နျူကလီးယားတိုက်ခိုက်မှု လုပ်နိုင်ဖို့ ကြိုးစားနေတာနဲ့အမ ျှ နျူကလီးယား လက်နက်ပိုင်ဆိုင်မှုဟာ လာမယ့်ဆယ်စုနှစ်အတွင်း အနည်းဆုံး နှစ်ဆတိုးလာမယ်လို့ အမေရိကန် ပန်တဂွန်စစ်ဌာနချုပ်ရဲ့ အစီရင်ခံစာအသစ်တခုမှာ ခန့်မှန်းထားပါတယ်။
အိန္ဒိယ ဆက်သွယ်ရေး ဝန်ကြီးက Facebook ကို မတရားဘက်လိုက်တယ်လို့ စွပ်စွဲ လိုက်ပါတယ်။ ဝန်ကြီး Ravi Shankar Prasad က Facebook အရာရှိချုပ် Mark Zuckerberg အနေနဲ့ ၂၀၁၉ ရွေးကောက်ပွဲမတိုင်ခင် ဝါဒရေးစည်းရုံးမူတွေကို ဖြတ်တောက်ပစ်ခဲ့တယ်လို့ မနေ့က ပြောလိုက်ပါတယ်။
ထိုင်းနိုင်ငံအနေနဲ့ တရုတ်နိုင်ငံက ရေငုပ်သင်္ဘော (၂) စီး ထပ်ဝယ်ယူဖို့ မှာထားတာကို အခု ရွှေ့ဆိုင်းလိုက်ပါတယ်။
မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်သူ နောက် (၁၉) ဦး စစ်ဆေးတွေ့ရှိခဲ့ကြောင်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ စက်တင်ဘာ ၂ ရက်နေ့ မနက် ၈ နာရီ ကြေညာချက်မှာ ဖော်ပြထားတာကြောင့် အခုချိန်ထိ ရောဂါပိုးကူးစက်သူ စုစုပေါင်း (၉၃၈) ဦး ရှိသွားပြီ ဖြစ်ပါတယ်။
လက်ရှိ စမ်းသပ်ထုတ်လုပ်နေတဲ့ COVID-19 ကာကွယ်ဆေး အများအပြား စမ်းသပ်မှု နောက်ဆုံးအဆင့်ကို ရောက်နေပြီလို့ ဒီစမ်းသပ်မှုတွေမှာ ပါဝင်တဲ့ တာဝန်ရှိသူတွေကပြောပါတယ်။
တရုတ် နိုင်ငံခြားရေးမူဝါဒ အကြီးအကဲအနေနဲ့ မနေ့က နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ရာမှာ၊ ကိုဗစ်ကာကွယ်ဆေး ကူညီပေးရေးနဲ့ နယ်စပ်က လောင်းကစားဝိုင်းတွေ ပူးပေါင်းနှိမ်နင်းရေးတို့ကို ဆွေးနွေးခဲ့ပါတယ်။
ပြီးခဲ့တဲ့ အပတ်ထဲ ဆန္ဒပြပွဲတွေနဲ့ အကြမ်းဖက် ဆူပူမှုတွေ ဖြစ်ပွားခဲ့တဲ့ Wisconsin ပြည်နယ်က Kenosha မြို့ကို သမ္မတ ဒေါ်နယ် ထရမ့်က အင်္ဂါနေ့က သွားရောက်ခဲ့ပြီး အဲဒီ မြို့ထဲက ဆူပူမှုတွေဟာ အကြမ်းဖက် လူအုပ်တွေ ကျူးလွန်ခဲ့တဲ့ ပြည်တွင်း အကြမ်း ဖက်မှု ဖြစ်တယ်လို့ ပြောပါတယ်။
မြန်မာနိုင်ငံ ကျန်းမာရေးနဲ့အားကစားဝန်ကြီး ဒေါက်တာမြင့်ထွေးက ကိုဗစ်ကူးစက်မူ အချိန်တိုတွင်း လျှင်မြန်စွာကူးစက်ပျံ.နှံ့နေတာကြောင့် အဆိုးဆုံး အခြေအနေအထိ မှန်းပြီး အတတ်နိုင်ဆုံးဆောင်ရွက်နေတယ်လို့ ပထမဆုံးအကြိမ် အစိုးရိမ်အကြီးဆုံးအဖြစ် ထုတ်ပြောလိုက်ပါတယ်။
ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုတွေ မြန်မြန်ဆန်ဆန်ပျံ့နှံ့လာတာမှာ ခရီးသွားရာဇဝင်မရှိသူတွေ၊ ပိုးတွေ့လူနာတွေနဲ့ ထိစပ်မှုမရှိတဲ့လူတွေ ရန်ကုန်တိုင်းထဲမှာ အများအပြားတွေ့လာရတဲ့အတွက် ရန်ကုန်တိုင်းထဲက မြို့နယ် ၇ ခုမှာ အိမ်ထဲမှာပဲနေဖို့အမိန့်ကို ကျန်းမာရေးဝန်ကြီးဌာနက စက်တင်ဘာလ ၁ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။
တရားဝင်အလည်အပတ်ခရီးစဉ်နဲ့ မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီ နိုင်ငံရေးဗျူရိုဖွဲ့ဝင်လည်းဖြစ်၊ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ ပြည်ပရေးရာလုပ်ငန်းကော်မရှင်ရုံးဥက္ကဋ္ဌ Mr Yang Jiechi ဟာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ နေပြည်တော်မှာ ဒီကနေ့ တွေ့ဆုံပါတယ်။
ကိုရိုနာဗိုင်းရပ်စ်က တိရိစ္ဆာန်ကနေ လူကို ကူးစက်တာလို့ သိပ္ပံပညာရှင်တွေက ထောက်ပြပြောဆိုခဲ့တဲ့နောက်မှာ အာရှနိုင်ငံတွေအကြား တောရိုင်း တိရိစ္ဆာန် မှောင်ခို ရောင်းဝယ်ဖောက်ကားမှုကို ပိတ်ပင်ဖို့ ကြိုးစားလာနေတဲ့အထဲ ဗီယက်နမ်နိုင်ငံလည်း ပါဝင်ခဲ့ပါတယ်။
နိုင်ငံရေးအခြေအနေအပေါ် အားမရတာကြောင့် မဲသွားမထည့်ဘူးဆိုပြီး ပြောဆိုမှုတွေ များပြားလာချိန်မှာပဲ၊ အခုလို ကြေညာချက်ထုတ်ပြီး ရွေးကောက်ပွဲမှာ လူထု တတ်တတ်ကြွကြွပါဝင်တာဟာ ဒီမိုကရေစီ လမ်းစဉ်အတွက်အရေးကြီးတယ်လို့ ခရစ်ယာန်ဂိုဏ်းချုပ်ဆရာတော်ကြီးက ပြောဆိုထားတာပါ။
အိန္ဒိယနဲ့ တရုတ် နယ်မြေပိုင်ဆိုင်မှုအငြင်းပွားနေတဲ့ အိန္ဒိယမြောက်ပိုင်း ဟိမဝန္တာနယ်စပ် Ladakh ဒေသမှာ အခြေအနေတွေပိုပြီးဆိုးရွားအောင် အနှောင့်အယှက်လုပ်ခဲ့တဲ့ တရုတ်စစ်သားတွေကို အိန္ဒိယ တပ်တွေက တားဆီးခဲ့ကြောင်း အိန္ဒိယအာဏာပိုင်တွေက တနင်္လာနေ့မှာပြောကြားခဲ့ပါတယ်။
ရုရှားနဲ့ တရုတ်မှာ စမ်းသပ်နေတဲ့ အလားအလာရှိတဲ့ COVID-19 ကာကွယ်ဆေးတွေမှာ အားနည်းချက်၊ ဘေးထွက်ဆိုးကျိုးတွေ ရှိတာကို တွေ့ရတယ်လို့ ကျွမ်းကျင်သူတွေက ပြောပါတယ်။
အမေရိကန် ပြည်ထောင်စုအတွင်း လူမျိုးရေး မမျှတမှုတွေနဲ့ ရဲတပ်ဖွဲ့က လူနည်းစု လူမည်းတွေ အပေါ် ပြုမူဆက်ဆံတာတွေကို ဆန့်ကျင်ပြီး လမ်းပေါ်ထွက် ဆန္ဒပြနေမှုတွေနဲ့ ပတ်သက်ပြီး အမရိကန် သမ္မတ ဒေါ်နယ်ထရမ့်နဲ့ ဒီမိုကရက်တစ်ပါတီသမ္မတလောင်း Joe Biden တို့အကြား တနင်္လာနေ့က တစ်ဦးကို တစ်ဦး ပြစ်တင် ပြောဆို လိုက်ကြပါတယ်။
အိန္ဒိယ သမ္မတဟောင်း Pranab Mukherjee (အသက် ၈၄နှစ်) ဟာ သီတင်းပတ်ပေါင်းများစွာဆေးရုံတင်ခဲ့ပြီးနောက် တနင်္လာနေ့က COVID-19 ရောဂါနဲ့ ကွယ်လွန်ခဲ့ပါတယ်။
မြန်မာနိုင်ငံမှာ သြဂုတ်လ ၃၁ ရက်နေ့ညပိုင်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန ကြေညာချက်အရ COVID – 19 ကူးစက်သူ လူနာသစ် ၉၅ ယောက်ထပ်ပြီး အတည်ပြုလိုက်တဲ့အတွက် ကူးစက်သူ စုစုပေါင်း ၈၈၂ ယောက်ရှိပြီဖြစ်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်