COVID-19 ကူးစက်ပျံ့နှံ့မှုတွေ ဆက်ပြီးဖြစ်နေတာမှာ အမေရိကန် ပြည်ထောင်စုမှာ ကူးစက်သူ ၆,၀၀၀,၀၀၀ ကျော်နဲ့သေဆုံးသူ ၁၈၀,၀၀၀ ကျော်ရှိပါတယ်။ အနောက်အလယ်ပိုင်း ပြည်နယ်တွေဖြစ်တဲ့ Iowa၊ တောင်နဲ့ မြောက် Dakotaနဲ့ Minnesota ပြည်နယ်တွေမှာ တရက်တာ ကူးစက်မှုနှုန်း မြင့်တက်လာတယ်လို့လည်း သိရပါတယ်။