ကမ္ဘာမှာ တတိယ ကိုဗစ်အဆိုးဆုံး၊ အာရှမှာတော့ အဆိုးဆုံးဖြစ်နေတဲ့ အိန္ဒိယနိုင်ငံမှာ ကိုဗစ်ပိုးတွေ့သူသစ် ၇၆,၄၇၂ ဦး ဒီနေ့ နောက်ဆုံးရှိခဲ့ပြီး တနိုင်ငံလုံး ပိုးတွေ့သူပေါင်း ၃.၄ သန်း ကျော်သွားပါပြီ။
မြန်မာနိုင်ငံတွင်း COVID-19 ကူးစက်မှုတွေ မြင့်တက်နေတဲ့ အတွက် မြန်မာအလုပ်သမားတွေ ခေါ်ယူတာကို ရွှေ့ဆိုင်းထားဖို့ ထိုင်း စီးပွါးရေး လုပ်ငန်းရှင်တွေကို ထိုင်းကျန်းမာရေး အာဏာပိုင်တွေက တောင်းဆိုတော့မှာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်သူ နောက်ထပ် ၁၃ ဦး စစ်ဆေးတွေ့ရှိခဲ့ကြောင်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ သြဂုတ်လ ၂၉ ရက်နေ့ မနက် ၈ နာရီ ကြေညာချက်မှာ ဖော်ပြထားပါတယ်။ ဒါကြောင့် တနိုင်ငံလုံးအတိုင်းအတာနဲ့ အခုချိန်ထိ ရောဂါပိုးကူးစက်သူ စုစုပေါင်း ၆၅၆ ဦး ရှိသွားပြီ ဖြစ်ပါတယ်။
ပြည်ထောင်စု ရှေ့နေချုပ်ရုံးမှာ အသုံးပြုနိုင်ဖို့ အမေရိကန် ဒေါ်လာ ၃ သောင်းတန်ဖိုး ရှိတဲ့ တယ်လီကွန်ဖရင့်ဆိုင်ရာ ပစ္စည်းကိရိယာ တွေကို အမေရိကန်အစိုးရက လှူဒါန်းခဲ့ပါတယ်။
အမေရိကန်နိုင်ငံ ဝါရှင်တန်ဒီစီ မြို့တော်မှာ သောကြာနေ့က ထောင်ပေါင်းများစွာ လာရောက် စုဝေးတဲ့ March on Washington လူထုချီတက်ဆန္ဒပြပွဲမှာ လူ့အခွင့်ရေးလှုပ်ရှားသူ ခရစ်ယာန် သင်းအုပ်ဆရာAl Sharpton က မိန့်ခွန်းပြောခဲ့ပါတယ်။
ရုရှားစစ်တပ်က စစ်သင်္ဘောနဲ့ လေယာဉ် ဒါဇင်နဲ့ချီပါဝင်တဲ့ စစ်ရေးလေ့ကျင့်မှုကြီးကို အမေရိကန်နိုင်ငံ Alaska ပြည်နယ်နားမှာ ပြုလုပ်နေပေါတယ်။
အိန္ဒိယနိုင်ငံ ကမ်းလွန်ဒေသမှာရှိတဲ့ ကပ္ပလီကျွန်းနဲ့ နီကိုဗာကျွန်းတွေမှာ နေထိုင်တဲ့ ရှားပါးတဲ့ ဒေသခံမျိုးနွယ်စုတွေမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေ့ရပါတယ်။
ထိုင်းနိုင်ငံ တွင်း တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာရွှေ့ပြောင်းလုပ်သား ၃၅ ယောက်နဲ့ ကားမောင်းသမား ၂ ယောက်ကို Sai Yok ခရိုင်ထဲမှာ ထိုင်း အာဏာပိုင်တွေက ဖမ်းဆီးလိုက်ပါတယ်။ သူတို့ကို Sai Yok ခရိုင် tambon Sri Mongkhol အရပ်က လမ်းတစ်နေရာ မှာ သောကြာနေ့ လင်းအားကြီးအချိန် ၃ နာရီခွဲလောက်က ဖမ်းဆီးမိခဲ့တာပါ။
မြန်မာနိုင်ငံမှာ COVID-19 ရောဂါကူးစက်သူ နောက်ထပ် ၁၅ ဦး ထပ်တိုးတာကြောင့် စုစုပေါင်း ရောဂါပိုးကူးစက်သူ ၆၄၃ ဦးရှိသွားပါပြီ။ ဒီနေ့ညပိုင်းမှာ စစ်ဆေးပြီးစီးခဲ့တဲ့ ဓာတ်ခွဲနမူနာ စုစုပေါင်း ၁,၃၃၄ ခုထဲမှာ အခုလို နောက်ထပ် ရောဂါပိုးကူးစက်ခံထားရသူတွေ တွေ့ခဲ့တာပါ။
အမေရိကန်မှာ ကိုဗစ်ကာကွယ်ဆေး ဒီနှစ်မကုန်ခင် ဒါမှမဟုတ် ဒီထက်စောပြီးတော့တောင်မှ ရလာနိုင်တယ်လို့ အမေရိကန် သမ္မတ Donald Trump က ပြောပါတယ်။ ရီပတ်ဘလီကန်ပါတီညီလာခံအတွင်း သမ္မတလောင်းအဖြစ် လက်ခံတဲ့ ကြာသပတေးနေ့ မိန့်ခွန်းထဲမှာ သမ္မတထရမ့်ပ်က အဲဒီလိုပြောသွားတာပါ။
တနင်္လာနေ့ကစပြီး ၄ ရက်တာ ကျင်းပတဲ့ ရီပတ်ဘလီကန်ပါတီ ညီလာခံနောက်ဆုံးနေ့မှာ အမေရိကန်သမ္မတ Donald Trump က ဒုတိယသက်တမ်းအတွက် ပါတီကိုယ်စားပြု သမ္မတလောင်းအဖြစ် တရားဝင်လက်ခံလိုက်ပါတယ်။
ဂျပန်နိုင်ငံရဲ့သက်တမ်းအရှည်ဆုံးဝန်ကြီးချုပ် ရှင်ဇိုအာဘေးက ရာထူးက နုတ်ထွက်တော့မယ်လို့ပြောပါတယ်။ နာတာရှည်ခံစားလာရတဲ့ဝေဒနာ ပြန်ပေါ်လာတာကြောင့် နုတ်ထွက်မှာဖြစ်တယ်လို့ပြောပါတယ်။
ဂျပန်နိုင်ငံရဲ့ သက်တမ်းအရှည်ဆုံးဝန်ကြီးချုပ် ရှင်ဇိုအာဘေး
မြန်မာနိုင်ငံမှာ သြဂုတ်လ ၂၈ ရက်နေ့ မနက်ပိုင်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန ကြေညာချက် အရ COVID -19 လူနာသစ် ၂၆ ယောက် ထပ်ပြီး အတည်ပြုလိုက်တဲ့ အတွက် ကူးစက်သူ စုစုပေါင်း ၆၂၈ ဦးရှိပြီဖြစ် ပါတယ်။
မြန်မာနိုင်ငံမှာ ရက်အနည်းငယ်အတွင်း COVID-19 ရောဂါ ကူးစက်မှု ၂၀၀ ကျော် မြင့်တက်ခဲ့တာနဲ့ အတူ တစ်နိုင်ငံလုံးမှာ ကျောင်းတွေ ပိတ်ခဲ့တဲ့ သတင်းတွေကြောင့် ထိုင်းနယ်စပ် လုံခြုံရေး အာဏာပိုင်တွေ ထိုင်း-မြန်မာ နယ်စပ်ကို သတိထားစောင့်ကြည့်လာနေကြပြီးနယ်စပ် အဝင်အထွက်တွေကို တင်းကျပ်လိုက်ပြီ ဖြစ်ပါတယ်။
COVID-19 ရောဂါရှင်တွေနဲ့ ထိတွေ့ဆက်ဆံမိသူတွေ အနေနဲ့ ရောဂါအကူးစက်ခံရတဲ့ လက္ခဏာ ပြပြ မပြပြ ဒီရောဂါပိုး ရှိမရှိ စမ်းသပ်စစ်ဆေးဖို့ အရေးကြီးကြောင်း WHO ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီးက ကူးစက်ရောဂါဆိုင်ရာ ပညာရှင် Maria Van Kerkhove က ကြာသပတေးနေ့ WHO သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
ပြင်းအားအဆင့် ၄ ရှိတဲ့ ဟာရီကိန်းမုန်တိုင်း Laura ဟာ ကြာသပတေးနေ့မှာ အမေရိကန်တောင်ပိုင်း Louisiana ပြည်နယ် ကမ်းရိုးတန်းကို ဝင်ရောက်လာပြီး မိုးရော လေပါ မကြုံစဖူး ပြင်းပြင်းထန်ထန် တိုက်ခတ်ခဲ့တဲ့အပြင် အန္တရာယ်ကြီးတဲ့ လှိုင်းလုံးကြီးတွေ ကိုပါ ဖြစ်ပေါ်စေခဲ့တာပါ။
အမေရိကန် လက်လီအရောင်းဆိုင်လုပ်ငန်းကြီး Walmart က Microsoft နည်းပညာ ကုမ္ပဏီနဲ့ ပူးပေါင်းပြီး TikTok ဗွီဒီယို application ကို ဈေးပြိုင်ဝယ်ယူသွားမယ်လို့ ပြောပါတယ်။
မြန်မာနိုင်ငံမှာ COVID-19 ရောဂါကူးစက်ခံရသူ နောက်ထပ် ၁၆ ယောက် ထပ်မံတွေ့ရှိတာကြောင့် ရောဂါကူးစက်ခံရသူ ၆၀၂ ယောက် ရှိသွားပြီဖြစ်တယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ဒီနေ့ ည ၈ နာရီထုတ်ပြန်ပါတယ်။
လာမယ့် နိုဝင်ဘာ သမ္မတရွေးကောက်ပွဲမှာ ဒီမိုကရက်တစ်ပါတီဘက်က ဂျိုးဘိုင်ဒန်သာ အနိုင်ရပြီး သမ္မတဖြစ်လာခဲ့ရင်၊ သူ့လက်ထက်မှာ အမေရိကန်ပြည်ထောင်စုဟာ ဘေးကင်းလုံခြုံမှုရှိမှာ မဟုတ်ဘူးလို့ ဒုသမ္မတ Mike Pence က မနေ့ ဗုဒ္ဓဟူးနေ့ည ရီပတ်ဘလီကန်ပါတီညီလာခံမှာ မဲဆန္ဒရှင်တွေကို ပြောလိုက်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်