အမေရိကန်နိုင်ငံ သမ္မတ ၄ ဦးရဲ့ မျက်နှာပုံတွေထွင်းထားတဲ့ Mount Rushmore ကျောက်တောင်ကြီး ရှိရာ တောင်ဒါကိုတာပြည်နယ် အမျိုးသားဥယျာဉ်မှာ မီးရှုးမီးပန်းတွေနဲ့ ဆယ်နှစ်ကျော် ကာလအတွင်း ပထမဆုံးကျင်းပမယ့် လွတ်လပ်ရေးနေ့ ပွဲတော်ကို တက်ရောက်ဖို့ သောကြာနေ့မှာ သမ္မတဒေါ်နယ်ထရမ့် သွားရောက်နေပါတယ်။
အာရှမှာ သတင်းလွတ်လပ်ခွင့် အများဆုံး ရှိတဲ့ နေရာတခုဖြစ်တဲ့ ဟောင်ကောင်မှာ တရုတ်နိုင်ငံက လုံခြုံရေး ဥပဒေသစ် ပြဌာန်း လိုက်တာကြောင့် သတင်းလွတ်လပ်ခွင့် အသက်ဆက်ဖို့ ခက်ခဲသွားရပြီလို့ ကျွမ်းကျင်သူတွေက ပြောပါတယ်။
ကိုဗစ် ၁၉ ရောဂါ ဝေဒနာရှင်တွေကို ကုသရေးအတွက် ထိရောက်တဲ့ဆေးရဖို့ စမ်းသပ်စစ်ဆေးမှု အဖြေကို မကြာခင်မှာပဲ ရဖို့ ရှိတယ်လို့ WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့အကြီးအကဲ Tedros Adhanom Ghebreyesus က သောကြာနေ့ ဂျနီဗာအစည်းအဝေးမှာ ပြောပါတယ်။
ပါကစ္စတန် နိုင်ငံခြားရေးဝန်ကြီး Shah Mehmood Qureshi က သူဟာ ကိုဗစ် ၁၉ အ ကူးစက်ခံနေရ ကြောင်း သောကြာနေ့ ပြောပါတယ်။
လူနာသစ် နှစ် ယောက်လုံးဟာ အိန္ဒိယနိုင်ငံက ပြန်လာကြတဲ့ အမျိုးသားတွေဖြစ်ကြတယ်လို့ ကျန်းမာရေးနဲ့ အားကစားဌာနရဲ့ ည ၈ နာရီထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ နှစ် ယောက်လုံးဟာလည်း ရန်ကုန်တိုင်း လှိုင်မြို့နယ်က ဖြစ်ကြပါတယ်။
လုံးခင်း၊ ဖားကန့် ရတနာနယ်မြေအတွင်း မြေပြိုကျမှုဖြစ်စဉ်နဲ့ စပ်လျဉ်း၍ စုံစမ်းစစ်ဆေးရေးအဖွဲ့လို့ နာမည်ပေးထားတဲ့အဖွဲ့မှာ သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဦးအုန်းဝင်းက ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ရမှာဖြစ်ပါတယ်။
ကချင်ပြည်နယ် ဖားကန့်မြို့နယ်ထဲက ကျောက်မျက်လုပ်ကွက် တခုမှာ မြေစာပုံပြိုကျလို့ အသက်ပေါင်းများစွာ ဆုံးရှုံးရတဲ့ ဖြစ်ရပ်ကြောင့် စီးပွားရေးလုပ်ငန်းတွေ အထိန်းအကွပ်လျော့လျဲစွာ လုပ်ကိုင်နေတာကို ထိန်းသိမ်းသင့်ပြီလို့ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်က ကြေညာချက် ထုတ်ပြန်ပါတယ်။
ကချင်ပြည်နယ် ဖားကန့်မြို့နယ်အတွင်းက ကျောက်စိမ်းတူးဖော်တဲ့နေရာမှာ မြေပြိုကျမှုကြောင့် သေဆုံးသွားတဲ့သူတွေအတွက် ဝမ်းနည်း စိတ်မကောင်းဖြစ်ရကြောင်း ရန်ကုန်မြို့ အမေရိကန်သံရုံးက ပြောကြားလိုက်ပါတယ်။
ကိုရိုနာဗိုင်းရပ်စ်နဲ့ ပတ်သက်ပြီး ဆက်ပြီးတော့ သတိရှိရှိနေကြဖို့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်းက တာဝန်ရှိသူတွေကို တိုက်တွန်းလိုက်တယ်လို့ မြောက်ကိုရီးယားအစိုးရပိုင်သတင်းက ပြောပါတယ်။
မြန်မာ့ စပါးအုံးလို့ နာမည်ကြီးတဲ့ ကချင်တိုင်းရင်းသား အောင်လအန်ဆန်က သူဟာ COVID-19 ရောဂါပိုး အကူးစက်ခံနေရတယ်လို့ သူ့ရဲ့ Facebook စာမျက်နှာမှာ ဇူလိုင်လ ၂ ရက်နေ့က ရေးသားထားပါတယ်။
ကုလသမဂ္ဂ IAEA အပြည်ပြည်ဆိုင်ရာ အနုမြူစွမ်းအင် အေဂျင်စီ က စောင့်ကြည့်နေတဲ့ နျူကလီယား စက်ရုံတွေထဲက တခုမှာ မတော်တဆမှု တခု ဖြစ်ပွါးခဲ့ကြောင်း အီရန်က ပြောပါတယ်။
ဂျပန်နိုင်ငံ၊ Tokyo မြို့မှာ မနေ့က တရက်တည်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်သူ ၁၀၇ ယောက် ရှိတဲ့အတွက်၂ လအတွင်း တရက်တည်း ကူးစက်မှုနှုန်း အများဆုံးဖြစ်တယ်လို့ ပြည်နယ်အုပ်ချုပ်ရေးမှုး YURIKO KOIKE က ပြောပါတယ်။
အိန္ဒိယနဲ့ တရုတ် နှစ်နိုင်ငံ နယ်စပ်က တပ်ဖွဲ့ဝင်တွေကြား တင်းမာမှုတွေ မြင့်တက်နေချိန်မှာပဲ ရုရှားတိုက် လေယာဉ်တွေနဲ့ အိန္ဒိယလေတပ်ကို အင်အားဖြည့်တင်းဖို့ အိန္ဒိယအစိုးရက ကြာသပတေးနေ့က ခွင့်ပြုလိုက်ပြီ ဖြစ်ပါတယ်။
ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါဟာ ကမ္ဘာ့ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးကို အကြီးအကျယ် ထိခိုက်စေတယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် Antonio Guterres ကကြာသပတေးနေ့မှာ သတိပေးလိုက်ပါတယ်။
ဥရောပ သမဂ္ဂ EU အဖွဲ့ဝင် ၆ နိုင်ငံ ဖြစ်တဲ့ ဩစတြီးယား၊ ဖင်လန်၊ ပြင်သစ်၊ ဂျာမနီ၊ နယ်သာလန်နဲ့ ပိုလန် နိုင်ငံတွေကို မြန်မာနိုင်ငံ က ပြန်လည် ပေးဆပ်ဖို့ ရှိတဲ့ ကြွေးမြီနဲ့ အတိုး အမေရိကန် ဒေါ်လာသန်း တရာနီးပါး ပေးဆပ်ရမယ့် အချိန်ကို ရွှေ့ဆိုင်းပေးလိုက်တယ်လို့ EU က ဇူလိုင်လ ၁ ရက်နေ့က ကြေညာလိုက်ပါတယ်။
မြန်မာနိုင်ငံ၊ ကချင်ပြည်နယ်၊ ဖားကန့်ဒေသမှာ ကျောက်စိမ်းတွင်း ပြိုကျတာကြောင့် လူ ရာကျော် သေဆုံးခဲ့ရတဲ့ အတွက် အလွန် စိတ်မကောင်း ဖြစ်မိကြောင်း ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် Antonio Guterres က ဇူလိုင်လ ၂ ရက်နေ့ရက်စွဲနဲ့ ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။
ငွေလွှဲလုပ်ငန်းလုပ်နေတဲ့ ဆိုင် ၆ ဆိုင်ဟာ စင်္ကာပူဘဏ္ဍာရေး အာဏာပိုင်တွေ တရားဝင်ထုတ်ပြန်ထားတဲ့ လုပ်ငန်းလိုင်စင်မရှိဘဲ လုပ်နေကြတယ်လို့ သတင်းကပြောပါတယ်။ ငွေပေးချေ၊ လွှဲပြောင်းရေးဆိုင်ရာ ဥပဒေကို ချိုးဖောက်သူတွေအနေနဲ့ ငွေဒဏ် စင်္ကာပူဒေါ်လာ ၁၂၅,၀၀၀၊ ထောင်ဒဏ် ၃ နှစ်အထိ ကျခံရနိုင်ပါတယ်။
ကချင်ပြည်နယ်၊ ဖားကန့်ကျောက်စိမ်းတွင်းမှာ ဒီကနေ့ မြေပြိုတာကနေ သေဆုံးသူ ၁၆၀ ကျော်နဲ့ ဒဏ်ရာရသူ ၅၀ ကျော်ရှိတယ်လို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့်တို့ဟာ လာမယ့်ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးရေး လုပ်ငန်းတွေကို ဒီနေ့က စတင်လိုက်ပြီလို့ အမျိုးသားဒီမိုကရေစီအဖွဲ့ NLD ပါတီက ဒီနေ့ ကြေငြာလိုက်ပါတယ်။
အိန္ဒိယနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ အရေအတွက်ဟာ အခုဆိုရင် ၆၀၀,၀၀၀ ကျော်ရှိသွားခဲ့ပြီဖြစ်ပါတယ်။ ဗိုင်းရပ်စ်ရှိ၊ မရှိ စမ်းသပ်စစ်ဆေးတာတွေ တိုးလုပ်လာနေသလို ကူးစက်ခံရသူအရေအတွက်လည်း တိုးလာနေပြီး ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း ဗိုင်းရပ်စ်ကူးစက်ခံရသူ နောက်ထပ် ၁၉,၁၄၈ ယောက် တွေ့ရှိခဲ့ပါတယ်။
နောက်ထပ်ကြည့်ရှုရန်