COVID - 19 ကာလ အာရှနိုင်ငံတချို့က မြင်ကွင်းများ။
California ပြည်နယ်မှာ ကိုဗစ်ရောဂါ ကူးစက်တဲ့နှုန်း ပိုများလာတဲ့အတွက် ပြည်နယ်တခုလုံးမှာ ကန့်သတ်ထိန်းချုပ်မှုတွေကို ပြည်နယ်အုပ်ချုပ်ရေးမှူး Gavin Newsom က ပြန်လည်ထုတ်ပြန်ခဲ့ပါတယ်။
ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာအုပ်စု ဝေခါရွာက ကျောက်စိမ်းလုပ်ကွက်ဟောင်းနေရာမှာ မြေပြိုတဲ့ မြင်ကွင်း တချို့။ (ဓာတ်ပုံ - U Cho, Hpakant - ဇူလိုင် ၀၂၊ ၂၀၂၀)
ရုရှားနိုင်ငံ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြန်လည်ပြင်ဆင်ရေးကို မဲဆန္ဒရှင်တွေက ထောက်ခံကြောင်း ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ကနဦးရလဒ်တွေမှာ ဖေါ်ပြနေတာကြောင့် လက်ရှိ သမ္မတ Vladimir Putin ဟာ နောက်ထပ် ပြန်ပြီး ဝင်အရွေးခံနိုင်မှာ ဖြစ်သလို ၂၀၃၆ ခုနှစ်အထိလည်း အာဏာဆက်မြဲဖို့ လမ်းပွင့်သွားပါပြီ။
COVID 19 ကပ်ရောဂါ တုံ့ပြန်ရေးအတွက် အထောက်အကူဖြစ်အောင် ကမ္ဘာတလွှား အပစ်အခတ်ရပ်စဲ ကြဖို့ ကုသသမဂ္ဂ အတွင်းရေးမှုးချုပ် Guterres ရဲ့ ပန်ကြားမှု ရက်ပေါင်း ၁၀၀ ပြည့် ခဲ့တဲ့ နောက်မှာ ကုလသမဂ္ဂလုံခြုံရေး ကောင်စီမှာအင်အားကြီး ၂ နိုင်ငံရဲ့ ကန့်ကွက်မှုတွေကို ကျော်လွှားပြီး တခဲနက် အတည်ပြု နိုင်ပြီဖြစ်ပါတယ်။
ဗြိတိန်နိုင်ငံတွင်း အခြေချနေထိုင်ခွင့်ရရှိမယ့် ဟောင်ကောင်ပြည်သူ ဦးရေကို ၃ သန်းအထိ တိုးမြှင့်ပေးသွားမယ်လို့ ဗြိတိန်က ဗုဒ္ဓဟူးနေ့က ပြောလိုက်ပါတယ်။
ကိုရိုနာဗိုင်းရပ်စ်ရောဂါ စတင်ဖြစ်ပွါးချိန်ကစပြီး ကမ္ဘာတလွှားဒီရောဂါ ကူးစက်မှုအားလုံးရဲ့ ထက်ဝက်ကျော်ဟာ ဇွန်လထဲမှာ ဖြစ်ပွါးခဲ့တာကို ကြည့်ရင် ဒီကပ်ရောဂါ အရှိန် မြင့်နေတာကို ပြနေတယ်လို့ WHO ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီးက ဗုဒ္ဓဟူးနေ့မှာပြောပါတယ်။
အင်ဒိုနီးရှားနိုင်ငံ၊ Aceh ပြည်နယ် ကမ်းခြေတစ်ခုကို စက်လှေနဲ့ ရောက်ရှိသွားပြီးတဲ့နောက် မကြာခင် ရက်ပိုင်းကပဲ ကမ်းကပ်ခွင့်ရခဲ့တဲ့ ရိုဟင်ဂျာ ဒုက္ခသည် ၉၉ ဦးကို နာရီနဲ့အမျှ အကူအညီတွေ ပေးအပ် နေတယ်လို့ အင်ဒိုနီးရှားမှာ ရှိတဲ့ ကုလသမဂ္ဂ လက်အောက်ခံ IOM က ပြောပါတယ်။
အင်ဒိုနီးရှားနိုင်ငံ၊ Aceh ကမ်းခြေတစ်ခုကို ဇွန်လ ၂၄ ရက်နေ့က စက်လှေနဲ့ ရောက်ရှိလာတဲ့ ရိုဟင်ဂျာ ဒုက္ခသည် ၉၉ ဦးကို လူသားချင်း စာနာ ထောက်ထားမှုအရ ယာယီ လက်ခံဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပြီး သူတို့ရဲ့ နေရပ် ရခိုင်ပြည်နယ်ကို ပြန်ပို့ဖို့ကို ဦးစားပေး လုပ်ဆောင်သွားမယ်လို့ အင်ဒိုနီးရှားနိုင်ငံက ပြောပါတယ်။
ဇူလိုင်လ ၁ ရက်၊ ဗုဒ္ဓဟူးနေ့အတွက် ဓာတ်ခွဲနမူနာ စုစုပေါင်း ၉၄၇ ခုကို စစ်ဆေးပြီးတဲ့နောက် ရောဂါပိုးကူးစက်သူ နောက်ထပ် ၄ ဦး တွေ့တဲ့အကြောင်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ည ၈ နာရီထုတ်ပြန်ချက်မှာ ဖော်ပြထားတာပါ။
ပြီးခဲ့တဲ့ရက်ပိုင်းတွေမှာ အမျိုးသားလွှတ်တော်၊ ပြည်သူ့လွှတ်တော်၊ ပြည်နယ်နဲ့တိုင်းဒေသကြီးလွှတ်တော် အသီးသီးအတွက် မဲဆန္ဒနယ်စာရင်းတွေကို ထုတ်ပြန်ကြေညာခဲ့ပြီးတဲ့နောက် ရွေးကောက်ပွဲကျင်းပမယ့်ရက်ကို ဒီကနေ့ ကြေညာတာပါ။
မြန်မာ့အိမ်နီးချင်း ထိုင်းနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပိတ်ထားခဲ့တဲ့ ကျောင်းတွေ၊ အဖျော်ယမကာ စားသောက်ဆိုင်နဲ့ အနှိပ်ခန်းတွေလို ရောဂါပိုးကူးစက်မှု အန္တရာယ်မြင့်မားတဲ့ ဖျော်ဖြေရေးနေရာတွေ ပြန်ဖွင့်ခွင့်ပြုထားပြီဖြစ်ပါတယ်။
အမေရိကန်ပြည်ထောင်စုမှာ အင်္ဂါနေ့က ကိုရိုနာဗိုင်းရပ်စ်ပိုး နောက်ထပ်ကူးစက်သူအရေအတွက်ဟာ ၄၇,၀၀၀ ရှိခဲ့တာကြောင့် ရောဂါပိုးစပြီး ပျံ့နှံ့ကူးစက်ကတည်းကဆိုရင် တရက်အတွင်း ရောဂါပိုးကူးစက်သူအရေအတွက် ထပ်ပြီး စံချိန်တင်သွားပါတယ်။
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပြည်ပခရီးသွားဝင်ရောက်ခွင့် ပိတ်ပင်ထားတဲ့ ဥရောပသမဂ္ဂ EU က ဒီကနေ့ကစလို့ ကမ္ဘာလှည့်ခရီးသည်တွေ ဝင်ရောက်ခွင့် ပြန်ပြီး ခွင့်ပြုတော့မှာဖြစ်ပေမယ့် အဲဒီထဲမှာ အမေရိကန်နိုင်ငံသားတွေတော့ မပါသေးပါဘူး။
လူတွေကို ကူးစက်နိုင်ပြီး နောက်ထပ် ကပ်ရောဂါအသစ် တစ်ခုဖြစ်လာနိုင်တဲ့တုပ်ကွေး ဗိုင်းရပ်စ်ပိုး အသစ်တမျိုးကို ဝက်တွေမှာ တွေ့ရှိထားကြောင်း တရုတ်နိုင်ငံထဲက သိပ္ပံ ပညာရှင်တွေက ပြောပါတယ်။
ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုကို ထိန်းချုပ်နိုင်ဖို့ အီးယူ ဥရောပ သမဂ္ဂကနေ နိုင်ငံပေါင်း ၁၄ နိုင်ငံက ခရီးသွားတွေ လာရောက်ခွင့် ကန့်သတ်ထားတာကို ဖြေလျှော့ပေးလိုက်ပါပြီ။ အခုလို ဖယ်ရှားလိုက်တဲ့ စာရင်းထဲမှာတော့ အမေရိကန်ပြည်ထောင်စုက ခရီးသွားတွေအတွက်တော့ မပါပါဘူး။
COVID-19 ကပ်ရောဂါ ဖြစ်ပွားနေတဲ့ ကာလထဲလက်နက်ကိုင် တိုက်ပွဲတွေ မြန်မာနိုင်ငံမှာ ဆက်လက် ဖြစ်ပွားနေတဲ့အပေါ် စိတ်မကောင်းဖြစ်မိကြောင်းနဲ့ အစိုးရနဲ့ လက်နက်ကိုင် အဖွဲ့တွေ အကြား ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ ကျင်းပဖို့ မြန်မာ ခရစ်ယာန် ကက်သလစ် ဘုန်းတော်ကြီးများ ကွန်ဖရင့်က ကြေညာချက် ထုတ်ပြန် တောင်းဆိုခဲ့ပါတယ်။
မကြာသေးခင်က အမေရိကန် ကမ္ဘာ့သတင်းမီဒီယာ ဌာန U.S. Agency for Global Media (USAGM) ရဲ့ အကြီးအကဲ အသစ်ဖြစ်လာတဲ့ Michael Pack က VOA အသံလွှင့်ဌာနက ဝါရင့် သတင်းသမား Elez Biberaj ကို VOA ရဲ့ ယာယီဒါရိုက်တာအဖြစ် ခန့်အပ်လိုက်ပါတယ်။
ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲတွေ ပြင်းထန်လာနေတာကြောင့် ဒေသခံတွေ အစာရေစာ ပြတ်လပ်မှုနဲ့ အိုးအိမ် စွန့်ခွာထွက်ပြေးရမှုတွေ ပိုပြီး ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်လာမှာကို စိုးရိမ်ပူပန်မိတယ်လို့ လူသားချင်း စာနာမှု အကူ အညီပေးရေး အဖွဲ့ ပေါင်း ၂၀ က ဇွန်လ ၃၀ ရက်နေ့က ပူးတွဲ ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။
ထိုင်းနိုင်ငံက ရွှေ့ပြောင်းအလုပ်သမားတွေကို အကူအညီပေးနေတဲ့ လူ့အခွင့်အရေးလှုပ်ရှားသူ Andy Hall အပေါ် စွဲတင်ထားတဲ့အမှုတွေမှာ အပြစ်မရှိကြောင်း ထိုင်းတရားရုံးချုပ်က အမိန့် ချမှတ်လိုက်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်