ရခိုင်နဲ့ ချင်းပြည်နယ်တွေမှာ အပစ်အခတ်ရပ်စဲပြီး စစ်ဆင်ရေးတွေကိုလည်းရပ်ဖို့ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီး Michelle Bachlet က တပ်မတော်ကို တောင်းဆိုလိုက်ပါတယ်။
အမေရိကန် ပြည်ထောင်စု လူဝီစီယားနား ပြည်နယ်ရဲ့ ကိုယ်ဝန်ဖျက်ချရေး ဥပဒေပါ ကန့်သတ်ချက် တခုကို တရားရုံးချုပ်က ပယ်ဖျက်လိုက်တဲ့ တနလာၤနေ့ ဆုံးဖြတ်ချက်ဟာဆိုရင် ကိုယ်ဝန်ဖျက်ချခွှင့်အရေး လှုပ်ရှားသူတွေ အတွက် အောင်ပွဲ ဖြစ်ခဲ့ပါတယ်။
ကမ္ဘာတလွှား ကိုရိုနာဗိုင်းရပ်စ် ဆက်လက်ကူးစက်ပြန့်နှံ့နေတဲ့ အတွက် အိန္ဒိယနဲ့ အမေရိကန် အပါအဝင် တချို့နိုင်ငံတွေမှာ အသွားအလာ ပိတ်ပင်ကန့်သတ်ချက်တွေ ပြန်ပြီးချမှတ်ဖို့ တနွ်းအားပေးမှုတွေ ရှိလာပါတယ်။
အာဖဂန်နစ္စတန်က အမေရိကန် စစ်သားတွေကို သုတ်သင်နိုင်ရေး ရုရှား စစ်ထောက်လှမ်းရေး တပ်ဖွဲ့က တာလီဘန်ကို ဆုငွေ ကမ်းလှမ်းတယ်ဆိုတဲ့ သတင်းတွေနဲ့ ပတ်သက်ပြီး သမ္မတ Donald Trump ကို အစီရင်ခံ တင်ပြချက် မရှိဘူးဆိုတဲ့ အပေါ် အိမ်ဖြူတော်က ကာကွယ် ပြောဆိုနေပါတယ်။
တရုတ်နဲ့ အိန္ဒိယ နှစ်နိုင်ကြား နယ်စပ်အရေးတင်းမာနေချိန်မှာ TikTok အပါဝင် တရုတ်နိုင်ငံထုတ် မိုဘိုင်းဖုန်း Apps ၅၉ ခု အသုံးပြုခွင့်ကို အိန္ဒိယနိုင်ငံက ပိတ်ပင်လိုက်ပါတယ်။
အမေရိကန် သမ္မတ Donald Trump အစိုးရ အနေနဲ့ ၁၇ နှစ်တာ ကာလ အတွင်း ပထမဆုံး အကြိမ် အဖြစ် ပြည်ထောင်စု အစိုးရရဲ့ သေဒဏ်စီရင်မှုကို ပြန်လည် စတင်ကျင့်သုံးတော့မှာ ဖြစ်ပါတယ်။
အိန္ဒိယနိုင်ငံမှာ ဒီကနေ့ တရက်ထဲ ပိုးကူးစက်ခံထားရသူ ၂၀,၀၀၀ ဝန်းကျင်နဲ့ နောက်ထပ်စံချိန်သစ်တင်ခဲ့တာပါ။ မနှစ်ဒီဇင်ဘာလမှာ ကပ်ရောဂါ စတင်ခဲ့တဲ့အချိန်ကစပြီး ပိုးကူးခံထားရသူ အများဆုံး ရှိနေတာကတော့ အမေရိကန်၊ ဘရာဇီးလ်၊ ရုရှားနဲ့ အိန္ဒိယနိုင်ငံပါ။
မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်ထဲ လတ်တလော လုပ်ဆောင်နေတဲ့ နယ်မြေရှင်းလင်းရေး စစ်ဆင်ရေးတွေဟာ ရိုဟင်ဂျာတွေအပေါ် ကျူးလွန်ခဲ့တဲ့ ရက်စက် ကြမ်းကြုတ်မှုတွေကို ပြန်လည် ထင်ဟပ်စေသလို၊ အရပ်ဘက်၊ စစ်ဘက် မခွဲဘဲ ပစ်မှတ်ထားရှင်းလင်းမယ့် အန္တရာယ်ဖြစ်နေတယ်ဆိုတာ ဖော်ပြနေကြောင်း REFUGEES INTERNATONAL အဖွဲ့က ပြောပါတယ်။
လူ ၅၀ လောက်လိုက်ပါလာတဲ့ ဒီသင်္ဘောက မြို့အနောက်တောင်ဘက် Buriganga မြစ်အတွင်း တခြား သင်္ဘောတစင်းနဲ့ တိုက်မိ နစ်မြုပ်ခဲ့တာဖြစ်တယ်လို့ မီးသတ်တပ်ဖွဲ့ တာဝန်ရှိသူ တဉီးက ရိုက်တာသတင်းကို ပြောတာပါ။
အမေရိကန်မှာ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း ကိုဗစ်ရောဂါကူးစက်မှု သိသိသာသာ ပြန်တိုးလာတာဟာ အထူးသဖြင့် အသက် ၃၅ နှစ်အောက် လူငယ်တွေကြား နှာခေါင်းစည်းတပ်ရမယ်၊ ခပ်ခွာခွာနေရမယ်ဆိုတဲ့ ရောဂါတားဆီးရေးဆိုင်ရာ သတိပေးချက်တွေကို လိုက်နာမှု မရှိတာကြောင့်လို့ ဒုသမ္မတ Mike Pence က တနင်္ဂနွေနေ့မှာ ပြစ်တင် ဝေဖန်လိုက်ပါတယ်။
အာဖဂန်နစ္စတန်နိုင်ငံမှာ အမေရိကန်စစ်သားတွေကို သတ်ဖြတ်ဖို့ တာလီဘန် စစ်သွေးကြွတွေကို ရုရှား စစ်ထောက်လှမ်းရေးအဖွဲ့က ဆုလာဘ်ငွေကြေး ပေးမယ်ဆိုတဲ့ လျှို့ဝှက်တဲ့ ကမ်းလှမ်းချက်တွေ လုပ်ခဲ့တယ်ဆိုတဲ့ သတင်းမျိုး သူ့အနေနဲ့ မကြားမိခဲ့ဘူးကြောင်း အမေရိကန်သမ္မတ Donald Trump က တနင်္ဂနွေနေ့က ပြောပါတယ်။
ရုရှားနိုင်ငံနဲ့ ဆက်ဆံရေးမှာ စစ်ရေးသာမက စီးပွားရေးနဲ့ ကဏ္ဍပေါင်းစုံမှာ ခိုင်မာတဲ့ ပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်သင့်တယ်လို့ အလားအလာရှိတဲ့ မြန်မာ့ အနာဂတ်ခေါင်းဆောင်အဖြစ် ရုရှားရုပ်သံတခုရဲ့ တွေ့ဆုံမေးမြန်းခန်းမှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့ပါတယ်။
ကမ္ဘာတဝန်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုပေါင်း ၁၀ သန်းကျော်သွားပြီဖြစ်သလို ဒီရောဂါကြောင့် သေဆုံးသူ ၅ သိန်းကျော်သွားပြီလို့ အမေရိကန်အခြေစိုက် Johns Hopkins တက္ကသိုလ် သုတေသနဌာနရဲ့ တနင်္ဂနွေနေ့စာရင်းမှာ ဖော်ပြပါတယ်။
ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် ကျောက်တန်းကျေးရွာအုပ်စုတဝိုက် စစ်ရေးတင်းမာနေတယ်ဆိုတဲ့ သတင်းတွေအပေါ် စိုးရိမ်ကြောင်းနဲ့ ပဋိပက္ခတွေကြားက အရပ်သားတွေရဲ့ အသက်အိုးအိမ် စည်းစိမ်ကို အကာအကွယ်ပေးရေးအတွက် အရေးတကြီး ဆောင်ရွက်ဖို့ ကုလသမဂ္ဂက တနင်္ဂနွေနေ့မှာ တောင်းဆိုလိုက်ပါတယ်။
အမေရိကန်မှာ သောကြာနေ့ကစပြီး ကိုရိုနာဗိုင်းရပ်စ် နောက်ထပ်ကူးစက်ခံရသူ ၄၄,၆၀၂ ယောက်ထက်မနည်းရှိပြီး ရောဂါကူးစက်သူ စုစုပေါင်း ၂ သန်းခွဲနီးပါး ရှိခဲ့ကြောင်း ကူးစက်ရောဂါ ထိန်းချုပ်ကာကွယ်ရေးဌာန (CDC) က မနေ့တုန်းကပဲ ပြောဆိုလိုက်ပါတယ်။
အိန္ဒိယနိုင်ငံမှာ မနေ့က ကိုရိုနာဗိုင်းရပ်စ် နောက်ထပ်ကူးစက်ခံရသူ ၁၈,၅၅၂ ယောက် ရှိခဲ့တာကြောင့် နေ့စဉ်ကူးစက်မှုနှုန်းမှာ နောက်ထပ် စံချိန်တင် မြင့်တက်ခဲ့ပါတယ်။
မြန်မာနိုင်ငံမှာ COVID-19 ရောဂါပိုး ကူးစက်ခံရသူ နောက်ထပ် ၃ ယောက် တွေ့ရှိခဲ့တာကြောင့် ရောဂါကူးစက်ခံရသူ ၂၉၉ ယောက် ရှိသွားပြီဖြစ်တယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ဒီနေ့ ဇွန်လ ၂၈ ရက် ည ၈ နာရီ ထုတ်ပြန်ချက်မှာ ပြောပါတယ်။
ဟောင်ကောင်အတွက် တရုတ်အစိုးရက အကောင်အထည်ဖော်မယ့် အမျိုးသားလုံခြုံရေး ဥပဒေကို ဆန့်ကျင်ကန့်ကွက်တဲ့ အနေနဲ့ ရာနဲ့ချီတဲ့ ဟောင်ကောင်ပြည်သူတွေ ဒီကနေ့ လမ်းတွေပေါ်မှာ ငြိမ်းငြိမ်းချမ်းချမ်း ချီတက် ဆန္ဒပြခဲ့ကြပါတယ်။
ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် ကျောက်တန်းကျေးရွာအုပ်စု အနီးတဝိုက်မှာ စစ်ရေးတင်းမာမှုတွေ ကြီးထွားလာနေတဲ့အပေါ် စိုးရိမ်ကြောင်း ကုလသမဂ္ဂက ဒီကနေ့ပဲ ကြေညာချက်ထုတ်ပြန် ပြောဆိုလိုက်ပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းက ဒုက္ခသည်စခန်းတခုအနားမှာ ရာဇဝတ်ဂိုဏ်းဝင်တွေလို့ ယူဆရတဲ့ ရိုဟင်ဂျာ အမျိုးသား ၄ ယောက် ဘင်္ဂလားဒေ့ရှ် ရဲတပ်ဖွဲ့နဲ့ အပြန်အလှန် ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့ပြီး သေဆုံးသွားကြောင်း ဘင်္ဂလားဒေ့ရှ် ရဲတပ်ဖွဲ့က ပြောပါတယ်။
နောက်ထပ်ကြည့်ရှုရန်