မလေးရှား ရေကြောင်းဥပဒေစိုးမိုးရေး အေဂျင်စီက “ပင်လယ်ရေနက် ငါးဖမ်းပိုက်ချ လုပ်ငန်းခွင်” တခုမှာ မြန်မာ ၁၇ ယောက်ကို ဇွန်လ ၂၅ ရက်နေ့က တွေ့ရှိပြီး ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ မလေးရှားနိုင်ငံ ရေကြောင်းဥပဒေစိုးမိုးရေး အေဂျင်စီရဲ့ ညွှန်ကြားရေးမှူးရဲ့ ပြောဆိုချက်ကို ကိုးကားပြီး မလေးရှားသတင်းတွေမှာ ဖော်ပြပါတယ်။
Geroge Floyde အပါအဝင် တခြား အာဖရိကန်-အမေရိကန်တွေ ရဲဖမ်းဆီးမှုအတွင်း သေဆုံးရမှုတွေကို အကြောင်းပြုပြီး ရဲတပ်ဖွဲ့ ပြုပြင်ပြောင်းလဲရေးကို ပါတီကြီး ၂ ရပ်လုံးက ထောက်ခံထားပေမယ့် ရဲတပ်ဖွဲ့ ပြုပြင်ပြောင်းလဲရေး ဥပဒေကို လွှတ်တော်မှာ အတည်ပြုနိုင်ရေး ကြိုးပမ်းချက်က ရှေ့မတိုး နောက်မဆုတ်သာ အခြေအနေနဲ့ ရပ်တန့်နေပါတယ်။
အမေရိကန်နိုင်ငံ တောင်ပိုင်းနဲ့ အနောက်ပိုင်းပြည်နယ် အများအပြားမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုနှုန်း မြင့်မားနေပြီး အရီဇိုးနားနဲ့ ဖလော်ရီဒါပြည်နယ်တွေမှာ စနေနေ့က တရက်အတွင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ စံချိန်တင်လောက်အောင် တွေ့ခဲ့ရပါတယ်။
ကိုရိုနာဗိုင်းရပ်စ်ကြောင့် မြန်မာ့စီးပွားရေး အထိနာနေချိန်မှာပဲ မြန်မာနိုင်ငံကို အမေရိကန်ဒေါ်လာ ၃၅၆ ဒသမ ၅ သန်း အရေးပေါ် အကူအညီ ပေးအပ်ဖို့ နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) အမှုဆောင်ဘုတ်အဖွဲ့က အတည်ပြု ဆုံးဖြတ်ကြောင်း ဇွန်လ ၂၆ ရက် သောကြာနေ့က သတင်းထုတ်ပါတယ်။
အမေရိကန်ပြည်ထောင်စုမှာ ကိုရိုနာဗိုင်းရပ်စ် ကျယ်ကျယ်ပြန့်ပြန့် စတင်ကူးစက်ပြီးနောက် မတ်လလယ်ကတည်းက စလို့ အာရှနွယ်ဖွား မုန်းတီးရေး လုပ်ဆောင်မှုတွေ ၂,၁၀၀ ကျော် စာရင်းယူနိုင်ခဲ့တယ်လို့ ဒီဖြစ်ရပ်တွေကို စောင့်ကြည့်တဲ့ STOP AAPI Hate ဆိုတဲ့အဖွဲ့က ပြောပါတယ်။
ကမ္ဘာကျော် လူမှုကွန်ရက်တခုဖြစ်တဲ့ Facebook ကုမ္ပဏီက သမ္မတ Trump အပါအဝင် သူတို့ရဲ့ စည်းမျဉ်းစည်းကမ်းတွေကို မလိုက်နာဘဲ ချိုးဖောက်ပြီး တင်နေတဲ့ပို့စ်တွေ အားလုံးမှာ သတိပေးချက် တွဲထည့်သွားမယ်လို့ အေပီသတင်းတပုဒ်မှာ ပြောထားပါတယ်။
အာရှဒေသမှာ ကိုရိုနာဗိုင်းရပ်စ် အဆိုးရွားဆုံး ကူးစက်ပျံ့နှံ့မှု ဖြစ်ပွားနေတဲ့ အိန္ဒိယနိုင်ငံမှာ ၂၄ နာရီအတွင်း ကူးစက်မှုအသစ် ၂၀,၀၀၀ နီးပါးရှိခဲ့ပြီး စုစုပေါင်း ပိုးကူးစက်ခံရသူ အရေအတွက် ၅ သိန်းကျော်သွားပြီ ဖြစ်ပါတယ်။
မြန်မာစစ်ဘက်အနေနဲ့ အရပ်သားပြည်သူတွေကို အကာအကွယ်ပေးရမယ့် တာဝန်ကို လိုက်နာဖို့နဲ့ နိုင်ငံတကာ တရားခုံရုံး (ICJ) က ဒီနှစ်အစောပိုင်းမှာ ချမှတ်ထားတဲ့ အမိန့်ကို လေးစားဖို့ ဗြိတိန်နိုင်ငံခြားရေးဌာန၊ အာရှရေးရာဝန်ကြီးနဲ့ မြန်မာနိုင်ငံအခြေစိုက် သံတမန်တွေက တိုက်တွန်းလိုက်ပါတယ်။
ကမ္ဘာတဝန်းမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်ပွားမှု မှန်မှန်မြင့်တက်လာနေတာမှာ အခုဆို ပိုးကူးစက်မှုပေါင်း ၁၀ သန်းနား နီးလာပြီ ဖြစ်ပါတယ်။ John Hopkins တက္ကသိုလ်ရဲ့ မှတ်တမ်းအရ စနေအစောပိုင်းမှာ ကမ္ဘာတဝန်း ကူးစက်မှု ၉ သန်း ၈ သိန်း ကျော်လာပါပြီ။
ဇွန်လ ၂၆ ရက် နေ့ဟာ ကုလသမဂ္ဂအဖွဲ့ကြီးတည်ထောင် ခဲ့တဲ့ ၇၅ နှစ်မြောက် နှစ်ပတ်လည်နေ့ ဖြစ်ပါတယ်။
ကပ်ရောဂါကာလမှာ တရုတ်နိုင်ငံက တောင်တရုတ်ပင်လယ်တွင်း လှုပ်ရှားမှုတွေတိုးလုပ်နေတာကြောင့် အရှေ့တောင်အာရှနိုင်ငံတွေအနေနဲ့ လုံခြုံရေးသတိရှိကြဖို့ ဗီယက်နမ်နဲ့ ဖိလစ်ပိုင်နိုင်ငံ ခေါင်းဆောင် တွေက သောကြာနေ့က ကျင်းပတဲ့ (၃၆) ကြိမ်မြောက် အာဆီယံ ထိပ်သီး အစည်းအဝေးမှာ သတိပေးလိုက်ပါတယ်။
အင်အားကြီး နိုင်ငံတွေအကြား တင်းမာမှုတွေ မြင့်တက်နေချိန်နဲ့ ဒေသတွင်း ပြဿနာတွေ မဖြေရှင်းနိုင်သေးတဲ့ အခုလို အချိန်မှာ အရှေ့တောင်အာရှနိုင်ငံများအဖွဲ့(အာဆီယံ)ရဲ့ စည်းလုံးညီညွတ်မှုနဲ့ ဒေသတွင်း အခန်းကဏ္ဍက ပိုပြီး အရေးကြီးလာတယ်လို့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်က အာဆီယံ ထိပ်သီးအစည်းအဝေးမှာ ပြောကြားလိုက်ပါတယ်။
ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကြောင့် တိုင်းပြည်ရဲ့အရင်းအမြစ်တွေ ဆုတ်ယုတ်လာနဲ့ စီးပွားရေးထိခိုက်မှုတွေကြောင့် မြန်မာနိုင်ငံကနေ နေရပ်စွန့်ခွာလာတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေကို လုံးဝလက်ခံတော့မှာ မဟုတ်ဘူးလို့ မလေးရှား ဝန်ကြီးချုပ် Muhyiddin Yassin က သောကြာနေ့က ပြောလိုက်ပါတယ်။
ကိုရိုနာဗိုင်းရပ်စ်ရောဂါ ရှိမရှိ စမ်းသပ်စစ်ဆေးမှုတွေ၊ ကာကွယ်ဆေးနဲ့ တခြားကုသမှုဆိုင်ရာတွေမှာ တိုးတက်မှုရှိအောင် လုပ်ဆောင်ရေး အတွက် ရန်ပုံငွေ ဒေါ်လာ ဘီလီယံ ၃၀ ကျော် လိုအပ်နေတယ်လို့ WHO ကမ္ဘာ့ကျန်းမာရေး အဖွဲ့ ကြီးက သောကြာနေ့က ပြောပါတယ်။
ရခိုင်ပြည်နယ်က လုံခြုံရေးအခြေအနေတွေနဲ့ လက်ရှိဖြစ်နေတဲ့ COVID-19 ကပ်ရောဂါအခြေအနေတွေကြောင့် ရိုဟင်ဂျာဒုက္ခသည်တွေဟာ သူတို့ရဲ့နေရပ်ရင်းကို သူတို့ရဲ့ ဆန္ဒအလျှောက်၊ ဂုဏ်သိက္ခာရှိရှိနဲ့ ဘေးကင်းလုံခြုံစွာ ပြန်ဖို့ မဖြစ်နိုင်သေးဘူးလို့ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးကပြောလိုက်ပါတယ်။
မြန်မာအစိုးရအနေနဲ့ လူမှောင်ခိုကူးမှု တိုက်ဖျက်ရေးဆောင်ရွက်ရာမှာ အနိမ့်ဆုံးစံ သတ်မှတ်ချက်တွေကိုတောင် အပြည့်အ၀ လိုက်နာဆောင်ရွက်ခြင်း မရှိတဲ့အပြင် သိသာ ထင်ရှားတဲ့ ကြိုးပမ်းဆောင်ရွက်ချက်မျိုးတွေလည်း မတွေ့ရတာကြောင့် အခုလို Tier 3 အဆင့် ဆက်ပြီး သတ်မှတ်တာဖြစ်တဲ့အကြောင်း အစီရင်ခံစာမှာ ထောက်ပြထားပါတယ်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ် (WHO) က ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါကို တိုက်ဖျက်နေတာနဲ့အမျှ WHO ကို ရန်ပုံငွေတွေ နောက်ထပ် ထောက်ပံ့သွားမယ်လို့ ပြင်သစ်နဲ့ ဂျာမနီနိုင်ငံတွေက ကြာသပတေးနေ့က ကတိပြုလိုက်ပါတယ်။
ရခိုင်ပြည်နယ်မှာ လူမျိုးတုံး သတ်ဖြတ်မှု ကျူးလွန်ခဲ့တယ်ဆိုတဲ့ စွဲချက်နဲ့ နိုင်ငံတကာ တရားခုံရုံး ICJ မှာ မြန်မာနိုင်ငံကို တရားစွဲထားတဲ့ ဂမ်ဘီယာနိုင်ငံရဲ့ တရားရေးဝန်ကြီးလည်းဖြစ်၊ ရှေ့နေချုပ်လည်းဖြစ်သူ Abubacarr Tambadou ဟာ ဇွန်လ ၃၀ ရက်နေ့မှာ ရာထူးက နုတ်ထွက်တော့မယ်လို့ ဂမ်ဘီယာအစိုးရက ကြေငြာပါတယ်။
အိန္ဒိယနိုင်ငံမှာ ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ အရေအတွက်ဟာ ၁၇,၂၉၆ ရှိပြီး နောက်ထပ်စံချိန်တင်ခဲ့တာကြောင့် အခုဆိုရင် ရောဂါကူးစက်သူအရေအတွက်ဟာ ၅၀၀,၀၀၀ နီးပါးရှိသွားပြီဖြစ်ပါတယ်။
အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနဲ့ တရားမဝင် တိုက်ဖျက်နေ့အခမ်းအနားက မြင်ကွင်းတချို့။
နောက်ထပ်ကြည့်ရှုရန်