COVID ကာလ တရုတ်နဲ့ အိန္ဒိယက မြင်ကွင်းတချို့။
ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကြောင့် လနဲ့ချီပိတ်ထားရတဲ့ ပြင်သစ်နိုင်ငံက နာမည်ကျော် Eiffel Tower မျှော်စင်ကို ကြာသပတေးက ပထမဆုံးအကြိမ်ပြန်ဖွင့်လိုက်ပြီဖြစ်ပါတယ်။
အမေရိကန်မှာ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကြောင့် အခြေနေသိပ်ဆိုးနေတဲ့ ရက်တွေအတွင်း အစိုးရက နိုင်ငံတွင်း စီးပွားရေး ပြန်လည်နှိုးဆွပေးဖို့ ကြိုးစားတဲ့ အနေနဲ့ မကြာခင်လတွေ အတွင်း ငွေပေးပို့ ခဲ့ရာမှာ သေဆုံးသွားပြီဖြစ်တဲ့ လူပေါင်း တသန်းကျော် အတွက် ပေးပို့ တဲ့ ငွေဟာ ၁.၄ဘီလျံ လောက် ရှိတယ်လို့ GAO က ပြောပါတယ်။
မြန်မာနိုင်ငံအတွင်း COVID-19 တုံ့ပြန်ရေး အရေးယူဆောင်ရွက်ချက်တွေ လုပ်ဆောင်နေစဉ်မှာပဲ ၂၀၁၈/၂၀၁၉ ဘဏ္ဍာရေးနှစ်အတွင်း ၆.၈ ရာခိုင်နှုန်း တိုးတက်ခဲ့တဲ မြန်မာ့စီးပွားရေးဟာ COVID ဒဏ်ကြောင့် ၂၀၁၉/၂၀၂၀ ဘဏ္ဍာရေးနှစ်မှာ တိုးတက်မှု ဝ.၅ရာခိုင်နှုန်းပဲ ရှိမယ်လို့ ဇွန်လ ၂၅ ရက်နေ့ ကမ္ဘာ့ဘဏ်က အစီရင်ခံစာထုတ်ပြန်ကြေညာခဲ့ပါတယ်။
အမေရိကန်နိုင်ငံမှာကိုရိုနာဗိုင်းရပ်စ် ရောဂါ အကူးစက်ခံရသူ သန်း ၂၀ ကျော် လောက်အထိ ရှိနိုင်တယ်လို့ အစိုးရက ပြောဆိုနေချိန်မှာပဲ တရက်အတွင်း အကူးစက်ခံရသူ အရေအတွက်က အများဆုံးစံချိန်တင်ထားတဲ့ အရေအတွက် နီးပါးဖြစ်သွားခဲ့ပါတယ်။
ရုရှားနိုင်ငံ မော်စကိုမြို့တော်မှာ ရောက်နေတဲ့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ အိန္ဒိယ ကာကွယ်ရေးဝန်ကြီး Rajnath singh နဲ့ ဇွန်လ ၂၄ ရက်နေ့က တွေ့ဆုံခဲ့တယ်လို့ နယူးဒေလီအခြေစိုက် ANI သတင်းဌာနရဲ့အွန်လိုင်း သတင်းတပုဒ်မှာ ဖော်ပြထားပါတယ်။
နယူးဒေလီအာဏာပိုင်တွေရဲ့ အဆိုအရတော့ လာမယ့် ဇူလိုင် ၆ ရက်နေ့မှာ အပြီးလုပ်သွားမှာဖြစ်ပါတယ်။ နယူးဒေလီမြို့ဟာ အိန္ဒိယနိုင်ငံမှာ ရောဂါကူးစက်မှု အဆိုးဆုံးနေရာဖြစ်ပြီး ဗိုင်းရပ်စ်ကူးစက်မှုပေါင်း ၇၀,၀၀၀ ကျော်ရှိပါတယ်။
အင်ဒိုနီးရှားနိုင်ငံ Aceh ခရိုင် ကမ်းလွန်ပင်လယ်ပြင်ထဲကနေ ကယ်တင်ခဲ့တဲ့ ရိုဟင်ဂျာဒုက္ခသည် ၁၀၀ နီးပါး ထဲမှာ ကလေးငယ် အယောက် ၃၀ ပါတယ်လို့ Aceh မြောက်ပိုင်းခရိုင် ရဲချုပ်ကပြောပါတယ်။
လက်တင်အမေရိကနိုင်ငံတွေမှာ COVID-19 ကြောင့် သေဆုံးတဲ့သူအရေအတွက်ဟာ ၁၀၀,၀၀၀ ကျော်ဖြစ်လာတာကြောင့် ဒီဒေသဟာ ကမ္ဘ္ဘာပေါ်မှာ အခုနောက်ဆုံး ဗိုင်းရပ်စ်ကူးစက်မှု အဓိကနေရာဖြစ် ဖြစ်လာနေပါတယ်။
COVID ကာလ အာရှတလွှားက မြင်ကွင်းတချို့။
ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု မြင့်တက်နေတဲ့ အိန္ဒိယနိုင်ငံမှာ မြို့တော် နယူးဒေလီမြို့က COVID-19 ရောဂါ ကုသရေးဌာန ဆေးရုံ ဆေးခန်းတွေအတွက် အိန္ဒိယ စစ်တပ်က ဆရာဝန်တွေကို တာဝန်ချထားပေးဖို့ ဗဟို အစိုးရက စီစဉ်နေပြီ ဖြစ်ပါတယ်။
အင်ဒိုနီးရှားနိုင်ငံ Aceh ဒေသ ကမ်းလွန်ပင်လယ်ပြင်မှာ ရိုဟင်ဂျာမွတ်ဆလင် ၁၀၀ ဝန်းကျင် လိုက်ပါလာတဲ့ စက်လှေတစင်း မျောနေ တာကို ငါးဖမ်းသမားတွေက တနင်္လာနေ့နှောင်းပိုင်းမှာ တွေ့ရှိကယ်တင်ခဲ့ကြပြီးတဲ့နောက် အခုအခါ ကမ်းကပ်ခွင့်ရဖို့ စောင့်ဆိုင်းနေရ ပါတယ်။
Republican ပါတီဘက်က တင်သွင်းခဲ့တဲ့ အမေရိကန် ရဲတပ်ဖွဲ့ပြုပြင်ပြောင်းလဲရေး ဆိုင်ရာ ဥပဒေတရပ်အတွက် အခြေအတင်ဆွေးနွေးမှုကို ဒီမိုကရက်အမတ်တွေက ပိတ်ပင်ခဲ့တဲ့ နောက်မှာ ဒီဥပဒေ အတွက် အထက်လွှတ်တော်မှာ ဗုဒ္ဓဟူးနေ့ ပြုလုပ်တဲ့ မဲခွဲမဲ့ကိစ္စ မအောင်မမြင်ဖြစ်ခဲ့ရပါတယ်။
ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုဟာ အခုအခါမှာ ကမ္ဘာတလွှား လူပေါင်း ၉ .၃ သန်းလောက် ဖြစ်နေပြီး ရှေ့သီတင်းပတ်ထဲလောက်ဆို ဆယ်သန်းလောက် ဖြစ်လာနိုင်တယ်လို့ သူခန့်မှန်းကြောင်း WHO အကြီးအကဲ Tedros Adhanom Ghebreyesus က ဗုဒ္ဓဟူးနေ့မှာ ပြောပါတယ်။
အင်ဒိုနီးရှားနိုင်ငံ Aceh ဒေသ ကမ်းလွန်ပင်လယ်ပြင်မှာ ရိုဟင်ဂျာမွတ်ဆလင် ၁၀၀ လောက် လိုက်ပါလာတဲ့ စက်လှေတစင်း မျောနေတာကို ငါးဖမ်းလှေတွေက တွေ့ရှိခဲ့ကြပြီး အခုအခါ ကမ်းကပ်ခွင့်ရဖို့ စောင့်ဆိုင်းနေပါတယ်။
ရခိုင်ပြည်နယ် မောင်တောမြို့နယ်မှာ COVID-19 ရောဂါကူးစက်နေသူ အမျိုးသားတဦးကို ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ဒီနေ့ပဲ အတည်ပြုလိုက်တဲ့အတွက် မြန်မာနိုင်ငံမှာ စုစုပေါင်းရောဂါကူးစက်သူ ၂၉၃ ယောက် ရှိသွားပါပြီ။
တောင်ကိုရီးယားအပေါ် စစ်ရေးအရ တုံ့ပြန်မှုအားလုံးကို မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအွန်းက ရပ်ဆိုင်းလိုက်တယ်လို့ နိုင်ငံပိုင်သတင်းက ဗုဒ္ဓဟူးနေ့မှာ ကြေငြာပါတယ်။ ဘယ်လို စစ်ရေးတုံ့ပြန်မှုတွေလည်း ဆိုတာကိုတော့အတိအကျပြောမထားပါဘူး။
နိုင်ငံကြီးတော်တော်များများမှာ ရောဂါကူးစက်မှုတွေ အမြင့်ဆုံးအဆင့်ကို ရောက်နေတာ၊ ဒါမှမဟုတ် အမြင့်ဆုံးအခြေအနေကို ဦးတည်နေတာတွေ တွေ့မြင်နေရကြောင်း WHO အရေးပေါ်လုပ်ငန်း အကြီးအကဲ Dr. Michael Ryan က သတိပေးခဲ့တာပါ။
မြန်မာနိုင်ငံမှာ ဇွန်လ ၂၃ ရက်နေ့က COVID-19 ရောဂါ ဓာတ်ခွဲစမ်းသပ်မှု စုစုပေါင်း ၁၈၀၀ ကျော် ပြုလုပ်ခဲ့တဲ့အထဲ ရောဂါပိုးကူးစက်ထားသူ ၂ ဦး ထပ်မံတွေ့ရှိတာကြောင့် ဓာတ်ခွဲအတည်ပြု လူနာ ၂၉၂ ဦးရှိသွားပြီလို့ ကျန်းမာရေးနဲ့ အားကစား ဝန်ကြီးဌာနက မနေ့ကအတည်ပြု ကြေညာခဲ့ပါတယ်။
ကမ္ဘာ့နံပါတ်တစ် နာမည်ကျော် ဆားဘီးယား တင်းနစ်ကစားသမား Novak Djokovic ဟာ သူကိုယ်တိုင် စီစဉ်တဲ့ Adria Tour လို့ခေါ်တဲ့ ဆားဘီးယားနဲ့ ခရိုအေးရှားတင်းနစ်ပွဲစဉ်တွေမှာ ပါဝင်ကစားခဲ့ပြီးတဲ့နောက် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံနေရကြောင်း အင်္ဂါနေ့က ကြေညာချက် ထုတ်ပြန် ပြောကြားလိုက်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်