အမေရိကန်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ရောဂါကူးစက်မှု အခြေနေဟာ ဆိုးဝါးနေဆဲ ဖြစ်နေပေမယ့် သမ္မတ ဒေါ်နယ်ထရမ့်ကတော့ နယ်စပ်စည်းရိုးခတ်တဲ့ အခြေနေကို စစ်ဆေးဖို့ နဲ့ နိုင်ငံရေး ဟောပြောမှုတွေ လုပ်ဖို့ အမေရိကန်အနောက်တောင်ပိုင်းက Arizona ပြည်နယ်ကို သွားနေပါပြီ။
။ လာမယ့် သီတင်းနှစ်ပတ် အချိန်ကာလဟာ အမေရိကန်မှာ COVID-19 ထိန်းချုပ်နိုင်ရေး လုပ်ဆောင်နိုင်ခြင်းရှိမရှိ အဆုံးအဖြတ်ပေးမယ့် အရေးကြီးတဲ့အချိန်ဖြစ်တယ်လို့ ကူးစက်ရောဂါဆိုင်ရာ ကျွမ်းကျင်သူ Dr. Anthony Fauci က ပြောပါတယ်။
နှစ်ပေါင်း ၅၀ အတွင်း လူအသေအပျောက်ရှိခဲ့တဲ့ထိ နှစ်ဖက်တပ်ဖွဲ့တွေ ခိုက်ရန်ဖြစ်ပွားခဲ့အပြီး အိန္ဒိယနဲ့ တရုတ်နိုင်ငံအကြား တင်းမာမှုတွေကို လျှော့ချဖို့ သဘောတူလိုက်ကြပါတယ်။
မက္ကဆီကိုနိုင်ငံမှာ အင်္ဂါနေ့က ပြင်းအား ၇.၄ ရှိတဲ့ အင်အားပြင်းငလျင် လှုပ်ခဲ့တာမှာ သေဆုံးသူ ၂ ဦးထက်မနည်း ရှိခဲ့ပြီး အဆောက်အဦးတွေ အများအပြား ထိခိုက်ပျက်စီးခဲ့ရပါတယ်။
အမေရိကန်သမ္မတ အိမ်ဖြူတော်အနီး ပန်းခြံထဲက သမ္မတဟောင်း Andrew Jackson ရဲ့ ရုပ်တုကို မနေ့ညပိုင်းက ဖြိုချဖို့ ကြိုးစားတဲ့ ဆန္ဒပြသူတွေကို ရဲတပ်ဖွဲ့က အင်အားသုံး ဖယ်ရှားခဲ့ပါတယ်။
ရခိုင်ပြည်နယ်တွင်း လက်နက်ကိုင် ပဋိပက္ခတွေကြောင့် ကလေးသူငယ်တွေ အသက် ဆုံးရှုံးမှုနဲ့ ထိခိုက် ဒဏ်ရာရပြီး ကိုယ်လက်အင်္ဂါ ဆုံးရှုံးတဲ့နှုန်းက မြင့်တက်လာနေတယ်လို့ ကလေးသူငယ်များ စောင့်ရှောက်ရေးအဖွဲ့ Save the Children အဖွဲ့က သတိပေးလိုက်ပါတယ်။
စင်္ကာပူနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ပျံ့နှံ့ကူးစက်မှုအရေးကနေ ပြန်ပြီးနလံထူလာဖို့ ကြိုးပမ်းနေတဲ့ အချိန်မှာပဲ ရွေးကောက်ပွဲ ကျင်းပဖို့အတွက် စင်္ကာပူပါလီမန်ကို အင်္ဂါနေ့က ဖျက်သိမ်းလိုက်ပါတယ်။
နိုင်ငံရပ်ခြားကနေ အမေရိကန်ပြည်ထောင်စုထဲ လာရောက် အလုပ် လုပ်ကိုင်ချင်တဲ့သူတွေ အတွက် ပြည်ဝင်ခွင့်ဗီဇာ အတော်များများကို သမ္မတ Donald Trump က ဒီနှစ်ကုန်အထိ ယာယီ ပိတ်လိုက်သလို၊ အမြဲတမ်းနေထိုင်ခွင့် green card ယာယီပိတ်ထားတာကိုလည်း သက်တမ်း တိုးလိုက်ပါတယ်။
မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးအခြေအနေနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီက ချမှတ်လိုက်တဲ့ ဆုံးဖြတ်ချက်ကို မြန်မာနိုင်ငံဘက်က လက်မခံပယ်ချလိုက်ပါတယ်။
သူလျှိုလုပ်မှုနဲ့ တရုတ်နိုင်ငံက စွပ်စွဲ ဖမ်းဆီးထားတဲ့ ကနေဒါနိုင်ငံသား ၂ ယောက်ကို ချက်ချင်းပြန်လွှတ်ပေးဖို့ အမေရိကန်နိုင်ငံခြားဝန်ကြီး Mike Pompeo က တိုက်တွန်းလိုက်ပါတယ်။
ာဖဂန်နစ္စတန်နိုင်ငံမှာ ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း တာလီဘန်တွေရဲ့တိုက်ခိုက်မှုဟာ ၁၉နှစ်ကြာ အာဖဂန်စစ်ပွဲအတွင်း အစိုးရတပ်ဖွဲ့ဝင်တွေ ထိခိုက်သေဆုံးမှု အများဆုံးဖြစ်ခဲ့တဲ့ သီတင်းပတ်ဖြစ်တယ်လို့ အာဖဂန် အမျိုးသားလုံခြုံရေးကောင်စီက ပြောလိုက်ပါတယ်။
ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါ တိုက်ဖျက်ရေးမှာ ဗိုင်းရပ်စ် ထက် ပိုပြီး ကြီးမားလာတဲ့ ခြိမ်းခြောက်မှုက ကမ္ဘာ့ဦးဆောင်မှု လစ်ဟင်းလာတာ ဖြစ်ပြီး ကပ်ဘေး အရေးက နိုင်ငံရေးအသွင်ဆောင်လာနေတယ်လို့ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး WHO အကြီးအကဲက တနလာၤနေ့မှာ ပြောဆိုလိုက်ပါတယ်။
ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီမှာ မြန်မာနိုင်ငံဆိုင်ရာ ဆုံးဖြတ်ချက်တရပ်ကို ဒီကနေ့ပဲ တခဲနက် အတည်ပြုလိုက်ပါတယ်။ မြန်မာနိုင်ငံက လူ့အခွင့်အရေး အခြေအနေတွေနဲ့ ပတ်သက်လို့ ဥရောပသမဂ္ဂ (EU) က ကမကထလုပ် တင်သွင်းခဲ့တဲ့ ဆုံးဖြတ်ချက်ကိုတော့ ထောက်ခံမဲ ၃၇ မဲ၊ ကန့်ကွက်မဲ ၂ မဲနဲ့ ကြားနေမဲ ၈ မဲတို့နဲ့ အတည်ပြုခဲ့တာပါ။
အမေရိကန်ရဲတပ်ဖွဲ့ ပြုပြင်ပြောင်းလဲရေးအတွက် ဒီမိုကရက်အမတ်တွေ ဦးဆောင်ထားတဲ့ အောက်လွှတ်တော်နဲ့ ရီပတ်ဘလစ်ကန်အမတ်တွေ ထိန်းချုပ်ထားတဲ့ အထက်လွှတ်တော်မှာ ဒီသီတင်းပတ်ထဲ မဲခွဲဆုံးဖြတ်ဖို့ စီစဉ်နေကြပါတယ်။
ကမ္ဘာတဝန်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု တရက်တည်း စံချိန်တင် မြင့်တက်မှုနဲ့ ကြုံနေရချိန်မှာပဲ အိန္ဒိယနိုင်ငံ ကျေးလက်ဒေသတွေမှာ ကူးစက်မှုနှုန်းလည်း သိသိသာသာ တိုးလာနေတာ တွေ့ရပါတယ်။
အမေရိကန်ပြည်ထောင်စု အရီဇိုးနားပြည်နယ်မှာရှိတဲ့ Tyson ကြက်သားထုတ်စက်ရုံမှာ ဝန်ထမ်းတွေ ကိုဗစ်ကူးစက်ထားတာကြောင့် အဲဒီစက်ရုံထုတ် ကြက်သားတင်သွင်းမှုကို ရပ်ဆိုင်ထားကြောင်း တရုတ်အစိုးရက တနင်္ဂနွေနေ့မှာ ကြေညာပါတယ်။
ကမ္ဘာနဲ့အဝန်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်ပွားမှုတွေ ဖြစ်ပွားနေတာ ၆ လကျော်လာတဲ့ ခုလိုအချိန်ထိ ဗီယက်နမ်နိုင်ငံမှာ COVID-19 ကြောင့် သေဆုံးသူ တဦးမှ မရှိသေးသလို နောက်ဆုံး ၂ လကျော်တာ ကာလအတွင်းမှာလည်း ပြည်တွင်းမှာ ကူးစက်မှု လုံးဝမရှိပါဘူး။
ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကြောင့် ၃ လအကြာမှာမှ ပထမဆုံးကျင်းပတဲ့ အမေရိကန်သမ္မတ Donald Trump ရဲ့ လူထုဟောပြောပွဲကို မှန်းထားသလောက် မလာကြတာဟာ ရောဂါကူးစက်မှုအန္တရာယ် ရှိနေသလို ဆန္ဒပြမှုတွေ ရှိနိုင်တယ်ဆိုတဲ့ လူတွေမလာအောင် သတင်းတုထုတ်လွှင့်တဲ့ မီဒီယာတွေကြောင့်လို့ သမ္မတ မဲဆွယ်အဖွဲ့ တာဝန်ခံတွေက အပြစ်တင်ကြပါတယ်။
အာရှနဲ့ အာဖရိကတိုက်တွေက ဂြိုဟ်နက္ခတ်လေ့လာမှု ဝါသနာပါတဲ့သူ အများအပြားဟာ တနင်္ဂနွေနေ့က ရှားရှားပါးပါး မီးကွင်းသဏ္ဌာန် နေကြတ်တာကို တွေ့ခဲ့ကြရပါတယ်။
ဥရောပတိုက်မှာ ကိုရိုနာဗိုင်းရပ်စ် ရောဂါကူးစက်မှုအတွက် အသွားအလာ ကန့်သတ်မှုတွေကို တဖြည်းဖြည်း ပြန်ပြီး ဖြေလျှော့ပေးနေချိန်မှာပဲ စပိန်နိုင်ငံက ပိတ်ထားတဲ့ သူ့ရဲ့နယ်စပ်ဂိတ်တွေကို တနင်္ဂနွေနေ့မှာ ပြန်ဖွင့်ပေးလိုက်ပါပြီ။
နောက်ထပ်ကြည့်ရှုရန်