မြန်မာနိုင်ငံမှာ COVID-19 ကပ်ရောဂါ ကူးစက်ခံရသူ နောက်ထပ် ၃ ဦး ဒီကနေ့မှာ ထပ်မံတွေ့ရှိခဲ့တာကြောင့် ရောဂါကူးစက်ခံရသူ စုစုပေါင်း ၂၉၀ ရှိသွားပြီလို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ဒီနေ့ ဇွန်လ ၂၁ ရက်နေ့ ည ၈ နာရီ သတင်းထုတ်ပြန်ချက်မှာ ပြောပါတယ်။
ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေး ဖော်ထုတ်နိုင်ရေး လူတွေနဲ့စမ်းသပ်မှု ဒုတိယအဆင့်ကို စတင်လိုက်ပြီဖြစ်ကြောင်း တရုတ် ဆေးပညာသိပ္ပံ၊ ဇီဝဆေးပညာဌာန (IMBCAMS) က တနင်္ဂနွေနေ့က ပြောပါတယ်။
အမေရိကန်ပြည်ထောင်စု Minnesota ပြည်နယ် Minneapolis မြို့မှာ ဖြစ်ခဲ့တဲ့ ပစ်ခတ်မှုအတွင်း လူ ၁ ဦးသေဆုံးပြီး ၁၁ ဦး ဒဏ်ရာရခဲ့ကြောင်း ရဲတပ်ဖွဲ့က ဒီနေ့ပဲ ပြောလိုက်ပါတယ်။
ဗြိတိန်နိုင်ငံ Reading မြို့မှာ မနေ့ စနေနေ့က ဓားနဲ့တိုက်ခိုက်မှုဟာ အကြမ်းဖက်ဝါဒ စွဲကိုင်တဲ့ တိုက်ခိုက်မှု ဖြစ်တယ်လို့ ဗြိတိန်ရဲတပ်ဖွဲ့က ဒီနေ့ ပြောလိုက်ပါတယ်။
Minneapolis မြို့မှာ မေလ ၂၅ ရက်နေ့က အာဖရိကန်-အမေရိကန် အမျိုးသား George Floyd ရဲဖမ်းထားစဉ် သေဆုံးခဲ့ရတာနဲ့ ပတ်သက်ပြီး တရားမမျှတတဲ့ ခွဲခြားဆက်ဆံမှုတွေနဲ့ ရဲတွေရဲ့ ဆိုးဝါးတဲ့လုပ်ရပ်တွေ အဆုံးသတ်ဖို့ အမေရိကန်နိုင်ငံတလွှား ဒီသီတင်းပတ်ကုန်မှာလည်း ဆက်လက်ဆန္ဒပြ တောင်းဆိုနေကြပါတယ်။
အမျိုးသားလုံခြုံရေးကို ခြိမ်းခြောက် အန္တရာယ်ပြုတဲ့ ရာဇဝတ်မှုတွေကို စုံစမ်းစစ်ဆေးဖို့နဲ့ ကျူးလွန်သူတွေကို တရားစွဲဆို အရေးယူနိုင်ဖို့ ဟောင်ကောင်မှာ အထူးဌာနတခုကို ဖွဲ့စည်း တည်ထောင်မယ်လို့ တရုတ်နိုင်ငံပိုင် Xinhua သတင်းဌာနက စနေနေ့က ကြေညာလိုက်ပါတယ်။
ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကူးစက်ပျံ့နှံ့မှုဟာ အမေရိကန်နိုင်ငံမှာ ၂ သန်းကျော်နဲ့ အများဆုံးဖြစ်နေပေမယ့် အမေရိကန်နိုင်ငံသားတွေဟာ အခုချိန်အထိ နှာခေါင်းစည်း တပ်သင့်မတပ်သင့် မေးခွန်းထုတ်နေကြဆဲ ဖြစ်ပါတယ်။
အိန္ဒိယနိုင်ငံ မြို့တော် နယူးဒေလီက ဆေးရုံတွေမှာ ခွင့်ယူထားတဲ့ ကျန်းမာရေးဝန်ထမ်းတွေအားလုံး အမြန်ဆုံး အလုပ်ပြန်ဝင်ကြဖို့ အစိုးရက အမိန့်ထုတ်ပြန်ထားချိန်မှာပဲ အိန္ဒိယနိုင်ငံထဲ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုကလည်း စံချိန်တင် မြင့်တက်လာနေပါတယ်။
အမေရိကန် အမျိုးသားလုံခြုံရေး အကြံပေးဟောင်း John Bolton ရဲ့ Trump အစိုးရအဖွဲ့အကြောင်း ရေးသားထားတဲ့ စာအုပ်ကို ထုတ်ဝေခွင့်မပေးဖို့ တရားရေးဌာနက အရေးပေါ် ပန်ကြားချက် ပေးပို့ထားတဲ့ကြားကပဲ အမေရိကန် ဗဟိုအစိုးရ တရားသူကြီးက စနေနေ့မှာ ထုတ်ဝေခွင့် ပေးလိုက်ပါတယ်။
ကမ္ဘာပေါ်မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုဟာ အန္တရာယ်ကြီးတဲ့ အဆင့်သစ်တခုထဲကို ရောက်လာပြီး ပိုးကူးစက်မှုကလည်း အရှိန်ပိုမြင့်လာတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က သတိပေးလိုက်ပါတယ်။
မြန်မာနိုင်ငံမှာ COVID-19 ရောဂါအတွက် ဒီကနေ့ ဓာတ်ခွဲစမ်းသပ်မှု စုစုပေါင်း ၁,၃၀၀ ကျော် လုပ်ခဲ့တဲ့ထဲမှာ ရောဂါပိုးကူးစက်ထားသူ ၁ ဦး ထပ်မံတွေ့ရှိပါတယ်။ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ည ၈ နာရီထုတ်ပြန်တဲ့ သတင်းမှာ ဒီကနေ့ထိဆိုရင် ဓာတ်ခွဲအတည်ပြုလူနာ ၂၈၇ ဦးရှိသွားပြီလို့ ပြောထားပါတယ်။
ဥရောပမှာ မနေ့က ကစားသွားတဲ့ အမှတ်ပေးဘောလုံးပွဲ တချို့မှာတော့ နာမည်ကြီးအသင်းတွေ သရေကျသွားခဲ့ပါတယ်။
တောင်ကိုရီးယားနိုင်ငံမှာ ဒီနေ့ ကိုရိုနာဗိုင်းရပ်စ် နောက်ထပ်ကူးစက်ခံရသူ ၆၇ ယောက်ရှိပြီး ဒါဟာ ပြီးခဲ့တဲ့ မေလ ၂၈ ရက်နေ့ကတည်းကဆိုရင် နေ့စဉ်ကူးစက်မှုနှုန်း အများဆုံး စံချိန်တင်ခဲ့တာ ဖြစ်ပါတယ်။
အမေရိကန်ပြည်ထောင်စုမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု ဖြစ်ပွားကတည်းက ပထမဆုံးအကြိမ် အနေနဲ့ သမ္မတ Trump ဒီကနေ့ စနေနေ့မှာ လူထုဟောပြောပွဲ ကျင်းပမှာဖြစ်ပါတယ်။
ကမ္ဘာ့တဝှမ်း လူ သန်းပေါင်း ၈၀ နီးပါး အိုးအိမ် စွန့်ခွာ ထွက်ပြေး ရတဲ့ ဒုက္ခသည်တွေအဖြစ် နေထိုင်နေကြရသလို မနှစ်က တစ်နှစ် တည်းမှာပဲ လူ ၁၀ သန်း အိုးအိမ် စွန့်ခွာ ထွက်ပြေးကြရတာဟာ စိုးရိမ် ထိတ်လန့်စရာအခြေအနေ ဖြစ်တယ်လို့ကုလသမဂ္ဂ အတွင်း ရေးမှူးချုပ် က ဇွန်လ ၂၀ ရက် ကမ္ဘာ့ဒုက္ခသည်များနေ့မှာ ပြောကြားလိုက်ပါတယ်။
တောင်-မြောက် ကိုရီးယား နှစ်နိုင်ငံ ဆက်ဆံရေးတင်းမာမှုတွေမြင့်တက်နေတဲ့ကိစ္စအပေါ် တာဝန်ယူကြောင်း ပြသတဲ့ အနေနဲ့ တောင်ကိုရီးယားနိုင်ငံရဲ့ နှစ်နိုင်ငံပေါင်း စည်းရေးဝန်ကြီးဌာန ဝန်ကြီး Kim Yeon-chul မနေ့က ရာထူးက နှုတ်ထွက်သွားပါတယ်။
တရုတ်ရဲ့ သီးခြားအုပ်ချုပ်ခွင့်ရထားတဲ့ နယ်မြေတခုဖြစ်တဲ့ ဟောင်ကောင်ကို တရုတ်နိုင်ငံရဲ့ မြို့တမြို့ အဖြစ်နဲ့ပဲ အမေရိကန်ပြည်ထောင်စုက သတ်မှတ်ရတော့မှာ ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီး Mike Pompeo က သောကြာနေ့ ကိုပေဟေဂင် ဒီမိုကရေစီ ထိပ်သီးအစည်းအဝေးမှာ ပြောကြားလိုက်ပါတယ်။
ဗုဒ္ဓဟူးနေ့မှာ အရှေ့အလယ်ပိုင်းသတင်းမီဒီယာကွန်ရက်၊ RFA နဲ့ လွတ်လပ်တဲ့ ဥရောပအသံ (RFE/Free Liberty)၊ ကျူးဘားအသံလွှင့်ဌာနဆိုင်ရာရုံးနဲ Open Technology Fund ဌာနတွေရဲ့ အကြီးအကဲတွေကို ရာထူးကနေ ထုတ်ပယ်လိုက်တာ နဲ့ပတ်သက်ပြီး စိုးရိမ်မှုရှိကြောင်း အမေရိကန် ပါတီကြီး ၂ ရပ်စလုံးက လွှတ်တော်အမတ်တွေက ပြောကြပါတယ်။
ဇွန်လ ၁၉ ရက်နေ့ဟာ အမေရိကန်နိုင်ငံမှာ ကျွန်စနစ်ဖျက်သိမ်းတာကို တနိုင်ငံလုံး အတိုင်းအတာနဲ့ သိခဲ့ရတဲ့ နှစ်ပေါင်း ၁၅၅ နှစ်မြောက်နေ့ဖြစ် ပြီး အမေရိကန်နိုင်ငံတလွှားမှာ အထိမ်းအမှတ်ပွဲတွေ ဆင်နွှဲနေကြပါတယ်။
ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်က မြို့နယ်တချို့မှာ အင်တာနက်လိုင်းတွေ ဖြတ်တောက်ထားတာ ပြန်ဖွင့်ပေးဖို့ အရှေ့တောင်အာရှ ဒေသဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေးရုံးက မြန်မာအစိုးရကို တိုက်တွန်းလိုက်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်