အခုသီတင်းပတ်အစောပိုင်းက အိန္ဒိယနဲ့ တရုတ် နှစ်နိုင်ငံနယ်စပ်မှာ တပ်ဖွဲ့ဝင်တွေကြား ခိုက်ရန်ဖြစ်ပွားမှုအတွင်း ဖမ်းသွားတဲ့ အိန္ဒိယစစ်သား ၁၀ ယောက်ကို တရုတ်နိုင်ငံက အိန္ဒိယဘက်ကို ပြန်လွှဲပေးခဲ့တယ်လို့ အိန္ဒိယအစိုးရ သတင်းရင်းမြစ်တခုက ဒီနေ့ ပြောပါတယ်။
အခုဆိုရင် အိန္ဒိယနိုင်ငံမှာ ဗိုင်းရပ်စ်ကူးစက်ခံရသူ အရေအတွက်ဟာ ၃၈၀,၀၀၀ ကျော်ရှိသွားပြီဖြစ်ပြီး၊ သေဆုံးသူလည်း နောက်ထပ် ၃၃၆ ယောက် ထပ်တိုးတာကြောင့် စုစုပေါင်း သေဆုံးသူအရေအတွက်ဟာ ၁၂,၅၇၃ ယောက်ထက်မနည်း ရှိသွားပြီဖြစ်တယ်လို့ အိန္ဒိယကျန်းမာရေးဝန်ကြီးဌာနက အတည်ပြုပါတယ်။
ကမ္ဘာတဝန်း COVID ကာလ မြင်ကွင်းများ။
မြန်မာနိုင်ငံမှာ Coronavirus ပိုးကူးစက်သူ နောက်ထပ် ၂၃ ဦး စစ်ဆေးတွေ့ရှိခဲ့ကြောင်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ဇွန်လ ၁၉ ရက်နေ့ မနက် ၈ နာရီ ထုတ်ပြန်ချက်မှာ ဖော်ပြ ထားပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံမှာ အခုချိန်ထိ ရောဂါပိုးကူးစက်သူ စုစုပေါင်း၂၈၆ ဦး ရှိသွားပြီ ဖြစ်ပါတယ်။
ကမ္ဘာတလွှားကူးစက်ပြန့်ပွားနေတဲ့ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါ ကုသဆေးနဲ့ ကာကွယ်ဆေးတွေ ထုတ်နိုင်အောင် သုတေသန လုပ်ဆောာင်မှုတွေဟာ လျှင်လျှင်မြန်မြန် တိုးတက်လာနေတယ်လို့ WHO ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီးက ပြောပါတယ်။
မြန်မာ့သစ်တော အားလုံးကို ပထမဆုံး အကြိမ်အဖြစ် လေ့လာ မှတ်တမ်းတင်ထားရှိမယ့် ၅ နှစ် စီမံကိန်းတစ်ရပ်ကို စတင်တော့မှာ ဖြစ်တယ်လို့ ကုလသမဂ္ဂအဖွဲ့က ပြောပါတယ်။
အမေရိကန်နိုင်ငံရဲ့ နိုဝင်ဘာ ရွေးကောက်ပွဲ မတိုင်ခင် ပြည်သူတွေ စိတ်ဝမ်းကွဲစေမယ့် ဝါဒဖြန့်မှု အစိတ်အပိုင်း တခု အနေနဲ့ အမေရိကန်နိုင်ငံတွင်းက ရဲတပ်ဖွဲ့ပြဿနာတွေကို ဦးတည် အသုံးချဖို့ ရုရှားက ပြင်းပြင်းထန်ထန်လုပ်ဆောင်နေပုံရပါတယ်။
အမေရိကန် အာကာသအေဂျင်စီ NASA အတွက် တည်ဆောက်ပေးတဲ့ Orion အာကာသယာဉ် အတွက် အရေးကြီးတဲ့ စမ်းသပ်မှု ပြီးစီး အောင်မြင်ခဲ့ပြီလို့ အမေရိကန် လေကြောင်းဆိုင်ရာ ကုမ္ပဏီ Lockheed Martin က ပြောပါတယ်။
ကုလသမဂ္ဂ လုံခြုံရေးကောင်စီအမြဲတမ်း အဖွဲ့ဝင်မဟုတ်တဲ့ အဖွဲ့ဝင် နေရာအတွက် ရွေးချယ်ပွဲတွေကို ဗုဒ္ဓဟူးနေ့က ကျင်းပခဲ့ရာ မှာ အိန္ဒိယ၊ အိုင်ယာလန်၊ မက္ကဆီကိုနဲ့ နော်ဝေးနိုင်ငံတို့ အရွေးခံခဲ့ရပါတယ်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ် (WHO) အနေနဲ့ ရှေ့နှစ်အကုန်မှာ COVID-19 ကာကွယ်ဆေး သန်း ၂,၀၀၀ လောက် ရရှိနိုင်ဖို့ မျှော်လင့်ထားတယ်လို့ WHO ရဲ့ ဦးဆောင်သိပ္ပံပညာရှင်က ပြောလိုက်ပါတယ်။ အဲဒီဆေးတွေကို ဦးစားပေးပြီး ကာကွယ်ဆေးထိုးရမယ့်လူတွေအတွက် အသုံးပြုသွားရမယ်လို့ပြောပါတယ်။
ကိုယ့်နေရပ်ကို စွန့်ခွာပြီး နယ်စပ်ဖြတ်ကျော် ထွက်ပြေးသွားခဲ့ကြရတဲ့ တကမ္ဘာလုံးက ဒုက္ခသည်အရေအတွက်ရဲ့ သုံးပုံနှစ်ပုံဟာ မြန်မာအပါအဝင် နိုင်ငံ ၅ နိုင်ငံကဖြစ်ကြတယ်လို့ ကုလသမဂ္ဂကပြောလိုက်ပါတယ်။
ဗွီအိုအေရဲ့ မိခင်အဖွဲ့အစည်းဖြစ်တဲ့ U.S. Agency for Global Media (USAGM) ရဲ့ အကြီးအကဲအဖြစ် အသစ်ခန့်အပ်ခံထားရသူ Michael Pack ဟာ အရှေ့အလယ်ပိုင်းသတင်းမီဒီယာကွန်ရက်၊ လွတ်လပ်တဲ့ အာရှအသံ (RFA) နဲ့ လွတ်လပ်တဲ့ ဥရောပအသံ (RFE/Free Liberty) သတင်းဌာနတွေရဲ့ အကြီးအကဲတွေကို ရာထူးကနေ ထုတ်ပယ်လိုက်ပါတယ်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Mike Pompeo နဲ့ တရုတ်နိုင်ငံရဲ့ ထိပ်တန်းသံတမန်တဦးလည်းဖြစ်၊ ပေါ်လစ်ဗြူရိုအဖွဲ့ဝင်တဦးလည်းဖြစ်တဲ့ Yang Jiechi တို့ အမေရိကန်နိုင်ငံ ဟာဝိုင်ယီပြည်နယ်မှာ ဗုဒ္ဓဟူးနေ့က တွေ့ဆုံခဲ့ပါတယ်။
COVID 19 ကြောင့် ဒုတိယကမ္ဘာစစ်နောက်ပိုင်း ကာလအရှည်ကြာဆုံး ရပ်နားထားခဲ့ရတဲ့ Premier League ပြိုင်ပွဲတွေ ဇွန်လ ၁၇ ရက်နေ့ ဗုဒ္ဓဟူးနေ့မှာ ပြန်လည် စတင်နေပြီ ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ Coronavirus ပိုးကူးစက်သူ နောက်ထပ် ၁ ဦး စစ်ဆေးတွေ့ရှိခဲ့ကြောင်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ဇွန်လ ၁၈ ရက်နေ့ မနက်မှာ သတင်းထုတ်ပြန်လိုက်တာကြောင့် အခုချိန်ထိ ရောဂါပိုးကူးစက်သူ စုစုပေါင်း၂၆၃ ဦး ရှိသွားပြီ ဖြစ်ပါတယ်။
ဟိမဝန္တာတောင်တန်း အနောက်ပိုင်းက တရုတ်နဲ့ အိန္ဒိယနယ်စပ်မှာ နှစ်ဖက်တပ်ဖွဲ့တွေ ခိုက်ရန် ဖြစ်ပွားရာက အိန္ဒိယ စစ်သား အနည်းဆုံး ၂၀ သေဆုံးခဲ့ရလို့ ဆက်ဆံရေး တင်းမာနေတာကို လျှော့ချဖို့ တရုတ်နဲ့ အိန္ဒိယနိုင်ငံတို့ သဘောတူညီခဲ့ကြပါတယ်။
Georgia ပြည်နယ် Atlanta မြို့ မှာ ပြီးခဲ့တဲ့ သီတင်းပတ်တုန်းက Wendy စားသောက်ဆိုင်ကားရပ်တဲ့ နေရာမှာ လူမည်းအမျိုးသား Brooks သေနတ်နဲ့အပစ်ခံရပြီး သေဆုံးခဲ့မှု အတွက် အလုပ်အထုတ်ခံခဲ့ရတဲ့ လူဖြူရဲအရာရှိ Garrett Rolfe ကို ကြီးလေးသော လူသတ်မှု (felony murder) နဲ့ တရားစွဲဆိုလိုက် ပါတယ်။
မြန်မာနိုင်ငံအတွင်း ကိုဗစ်–၁၉ ရောဂါကူးစက်ပျံ့နှံ့မှု တိုက်ဖျက်ရေးအတွက် အမေရိကန်ပြည်ထောင်စုက ဒေါ်လာ ၄ သန်း ထပ်ပေးမယ့်အကြောင်း ရန်ကုန်မြို့မှာရှိတဲ့ အမေရိကန်သံရုံးက ဇွန်လ ၁၇ ရက်နေ့မှာ ကြေညာပါတယ်။
နောက်ထပ်ကြည့်ရှုရန်