၆ ကြိမ်မြောက် ဥရောပ-ကချင်ဆွေးနွေးပွဲ (European Kachin Seminar) ကို ဇူလိုင် ၂၅ ကနေ ၂၈ ရက်နေ့အထိ ချက်ပြည်သူ့သမ္မတနိုင်ငံ Caslav မြို့မှာ ကျင်းပနေပြီး ကချင်ဒေသက စစ်ဘေးဒုက္ခသည် IDP တွေကို ဘယ်လိုကူညီသွားကြမလဲဆိုတဲ့ ကိစ္စကို အလေးထားဆွေးနွေးခဲ့ကြပါတယ်။
အမေရိကန်တရားရုံးချုပ်က သောကြာနေ့က အခုလို အမိန့်ချလိုက်တာကြောင့် အောက်တရားရုံးတွေရဲ့ အမိန့်ကို ပယ်ဖျက်ပြီး သမ္မတထရမ့်အနေနဲ့ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ အသုံးစရိတ် ၃.၅ ဘီလျံကို အသုံးပြုခွင့်ရသွားမှာဖြစ်ပါတယ်။
ဖိလစ်ပိုင်နိုင်ငံမြောက်ဘက် Batanes အရပ်မှာ ငလျင် နှစ် ခု လှုပ်သွားတာကြောင့် လူ ရှစ် ဦးထက်မနည်း သေဆုံးပြီး ၆၀ ကျော် ဒဏ်ရာ ရသွားတယ်လို့ သဘာဝဘေးအန္တရာယ်ဆိုင်ရာ တာဝန်ရှိသူတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်က ဟောင်ကောင်ဆန္ဒပြသူတွေကို ရထားဘူတာတခုမှာ တုတ်တွေ၊ ရေပိုက်တွေနဲ့ ရိုက်နှက်ခဲ့တဲ့အရပ်မှာ ဆန္ဒမပြဖို့ ရဲတို့ တားမြစ်ထားတာကို မနာခံပဲ ဆန္ဒပြကြသူတွေကို ဟောင်ကောင် ရဲတွေက မျက်ရည်ယိုဗုံးတွေ၊ ရာဘာကျည်ဆံတွေ၊ နံပါတ်တုတ်တွေသုံးပြီး ဒီကနေ့ ဖြိုခွင်းခဲ့ပါတယ်။
အမေရိကန်က သူ့ရဲ့ နောက်ဆုံးပေါ် F-35 Stealth တိုက်လေယာဉ် ဝယ်ယူခွင့် ရှိတဲ့နိုင်ငံ စာရင်းကနေ တူရကီကို ထုတ်ပယ်ခဲ့ပါတယ်။ F-35 တိုက်လေယာဉ်နဲ့ ရုရှားရဲ့ ထောက်လှမ်းရေးသတင်း စုဆောင်းရယူနို်င်တဲ့ ဒီစနစ် နှစ်ခု အတူ ဒွန်တွဲ မတည်ရှိနိုင်ဘူးလို့ အိမ်ဖြူတော်က ပြောခဲ့ပါတယ်။
အဖိနှိပ်ခံ အာဖဂန် ပြည်သူတွေကို ခြိမ်းခြောက်နေမယ့်အစား အမေရိကန်က ရုရှားနဲ့ စစ်ရေးပြိုင်ဆိုင်မှု လုပ်ပါလားလို့ အာဖဂန် သမ္မတအဖြစ် ဝင်ရောက်အရွေးခံမယ့် ကိုယ်စားလှယ်တဦးက သမ္မတဒေါ်နယ်ထရမ့်ကို သောကြာနေ့က တိုက်တွန်းလိုက်ပါတယ်။
တရုတ်နဲ့ တခြားနိုင်ငံတချို့ကို ဖွံ့ဖြိုးဆဲနိုင်ငံတွေအဖြစ် သတ်မှတ်ထားတာကို ရပ်ဆိုင်းဖို့ WTO ခေါ် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ကို အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က ဖိအားပေးနေပါတယ်။ ဖွံ့ဖြိုးဆဲနိုင်ငံ Developing Nations အဖြစ် ကမ္ဘာ့ကုန်သွယ်ရေး လုပ်ထုံးလုပ်နည်းအရ သက်ညှာမှု ရရှိနိုင်တာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံရဲ့ အသက်သွေးကြောဖြစ်တဲ့ ဧရာဝတီမြစ်အတွင်းကို ပလပ်စတစ် တန်ချိန် ၁၂၀ နီးပါး နေ့စဉ် စွန့်ပစ်နေကြောင်း မကြာသေးမီက ထုတ်ပြန်တဲ့ လေ့လာချက်စစ်တမ်းတစ်ခုမှာ တွေ့ရှိခဲ့ပါတယ်။
ရခိုင်လူမျိုးစုလက်နက်ကိုင်အဖွဲ့ AA အတွက် ရန်ပုံငွေ ရှာပေးတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဖမ်းဆီးထိန်းသိမ်းထားသူ ကိုးဦးကို ဆက်ပြီး ချုပ်နှောင်ထားဖို့ ဒီကနေ့ ရန်ကုန်အနောက်ပိုင်းခရိုင် တရားရုံးက ရမန်ပေးလိုက်ပါတယ်။
ရိုဟင်ဂျာအရေးနဲ့ ပတ်သက်ပြီး ပြင်သစ်အထက်လွှတ်တော်မှာ စာနဲ့ ရေးသားမေးမြန်းချက်တခုကို ပြင်သစ်နိုင်ငံ၊ ဥရောပနဲ့ နိုင်ငံခြားရေးရာဌာနက အကြောင်းပြန်ကြားတာမှာ အခုလို ပြောထားတာဖြစ်ပါတယ်။ ရိုဟင်ဂျာလို့ သုံးနှုန်းခေါ်ဆိုတာကို မြန်မာအစိုးရကတော့ လက်မခံပါဘူး။
ကြာသပတေးနေ့က ပဲ့ထိန်းဒုံးကျည် ပစ်လွှတ်စမ်းသပ်တယ်ဆိုတာကို မြောက်ကိုရီးယားက ဒီကနေ့ တရားဝင် ကြေညာပါတယ်။ အမေရိကန်ပြည်ထောင်စုနဲ့ ပူးတွဲစစ်ရေးလေ့ကျင့်မှုတွေ မကြာခင်မှာလုပ်ဖို့ရှိတဲ့ တောင်ကိုရီးယားက စစ်လိုလားသူတွေကို သတိပေးတဲ့အနေနဲ့ အခုလို ဒုံးကျည် ပစ်လွှတ်စမ်းသပ်တာလို့ ဆိုပါတယ်။
အမေရိကန် ဒီမိုကရက်အမတ်တွေကို သမ္မတ Donald Trump ကို တရားစွဲဆိုမယ့်အလားအလာတွေဟာ ကွန်ဂရက် လွှတ်တော်ကြားနာပွဲမှာ အထူးစုံစမ်းစစ်ဆေးရေးမှူး Robert Mueller ထွက်ဆိုခဲ့ပြီးတဲ့နောက် မှေးမှိန်အားပျော့သွားပါတယ်။
အမေရိကန်ပြည်ထောင်စု အကျဉ်းထောင်များဌာနအနေနဲ့ သေဒဏ်စီရင်တာကို ၁၆ နှစ်တာ ပြတ်တောက်နေခဲ့ပြီးတဲ့နောက် လာမယ့် လတွေအတွင်း လူသတ်မှုနဲ့ ပြစ်ဒဏ်ချခံထားရသူ ၅ ဦးကို သေဒဏ်စီရင်ဖို့ရှိနေတယ်လို့ တရားရေးဌာနက ကြာသပတေးနေ့က ကြေညာပါတယ်။
သမ္မတ Donald Trump က အမေရိကန်ပြည်ထောင်စုရဲ့ စစ်ရေးအသုံးစားရိတ်ကို တိုးမြှင့်ပေးတော့မယ်လို့ ကတိပေးလိုက်ပါတယ်။
အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယား ပြည်နယ်က မရိန်းတပ်သားတွေပါဝင်နေတဲ့ မူးယစ်ဆေးဝါး နဲ့ လူကုန်ကူးမှု မှောင်ခိုလုပ်ငန်းကို ရေတပ်အရာရှိတွေနဲ့ ရေတပ် ရာဇဝတ်မှုခင်းစုံစမ်းရေးဌာန NCIS တို့က ဖြိုခွဲဖို့ ကြိုးစားနေတာတွေ့ရပါတယ်။
မြောက်ကိုရီးယားက တာတိုပစ် မစ်ဇိုင်းဒုံး ၂ စင်းကို အရှေ့ဖက် ကမ်းလွန်ဒေသမှာ ဒီနေ့အစောပိုင်းက စမ်းသပ်ပစ်လွှတ်ခဲ့ကြောင်း တောင်ကိုရီးယားက ပြောပါတယ်။
အာဖဂနစ္စတန်နိုင်ငံ ကာဘူးမြို့တော်မှာ ဒီကနေ့ အစောပိုင်း ပေါက်ကွဲမှုတွေ ဆက်တိုက် ဖြစ်ခဲ့ရာက အနည်းဆုံး ၁၀ ဦး သေဆုံးပြီး အများအပြား ဒဏ်ရာရခဲ့ကြပါတယ်။
Facebook သုံးစွဲသူတွေရဲ့ ကိုယ်ရေး အချက်အလက်တွေကို ကိုင်တွယ်တာမှာ အမှားအယွင်းတွေ ရှိတာကြောင့် Facebook ကုမ္ပဏီဟာ အမေရိကန် ဒေါ်လာ ၅ ဘီလျံ ဒဏ်ကြေး ပေးဆောင်ဖို့ သဘောတူခဲ့ပါတယ်။
မြောက်ကိုရီးယား နိုင်ငံဟာ ကြာသပတေးနေ့ မနက်အစောပိုင်းတုန်းက ဒုံးကျည် နှစ်စင်း ပစ်လွှတ်ခဲ့တယ်လို့ တောင်ကိုရီးယား စစ်တပ်က ပြောပါတယ်။
ဘင်္ဂလားဒေ့ရှ်ရောက် သိန်းနဲ့ချီတဲ့ ရိုဟင်ဂျာတွေကို ပြန်လည်လက်ခံဖို့ အသင့်ရှိကြောင်း မြန်မာအစိုးရက ပြောဆိုထားပေမဲ့ လက်တွေ့မှာ ပြင်ဆင်မှုတွေဟာ လုံလောက်မှု မရှိကြောင်း သြစတေးလျှ အခြေစိုက် သုတေသနအဖွဲ့တခုက ဂြိုဟ်တုဓာတ်ပုံ အထောက်အထားတွေနဲ့ ပြောဆိုလိုက်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်