ဂျပန်နိုင်ငံ တိုကျိုမြို့လယ်လမ်းမကြီးမှာ ကားမောင်းလာတဲ့ လူတယောက်က နှစ်သစ်ကူးပွဲတော်ဆင်နွှဲနေကြတဲ့ လူအုပ်ထဲ တမင်ဝင်တိုက်လိုက်လို့ လူ ၈ ယောက်ထက်မနည်း ဒဏ်ရာရသွားပါတယ်။
ကမ္ဘာတဝန်းနိုင်ငံတော်တော်များများမှာ မီးရှူး၊ မီးပန်းတွေပစ်ဖေါက်ပြီး ၂၀၁၉ နှစ်သစ်ကို ကြိုဆိုခဲ့ကြပါတယ်။ အမေရိကန်ပြည်ထောင်စု New York မြို့က အထင်ကရ Times Square နေရာမှာနှစ်စဉ်လုပ်နေကျ နှစ်သစ်ကူးပွဲကတော့ ဒီနှစ်မှာ သတင်းထောက်တွေနဲ့ သတင်းလွတ်လပ်ခွင့်ကို ထူးထူးခြားခြား ဂုဏ်ပြုခဲ့ပါတယ်။
၂၀၁၉ နှစ်သစ်အတွက် အနုပညာရှင်တချို့ရဲ့ နှစ်သစ်ဆုတောင်းများကို ဗွီအိုအေက စုစည်း တင်ဆက်လိုက်ပါတယ်။
ကမ္ဘာတဝှမ်းမှာရှိတဲ့ သတင်းထောက်တွေ နဲ့ သတင်းမီဒီယာတွေမှာ လုပ်ကိုင်နေသူတွေ အသတ်ခံရမှုဟာ အခု ၂၀၁၈ ခုနှစ်အတွင်းမှာ တိုးလာခဲ့တယ်လို့ ဘယ်လ်ဂျီယမ်အခြေစိုက် နိုင်ငံတကာသတင်းသမားများအဖွဲ့ချုပ် (IFJ) က ပြောကြားလိုက်ပါတယ်။
ဘင်္ဂလားဒေ့ရ်ှ နိုင်ငံမှာ တနင်္ဂနွေနေ့ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲမှာ လက်ရှိဝန်ကြီးချုပ် Sheikh Hasina ရဲ့ညွန့်ပေါင်းအဖွဲ့က အပြတ်အသတ် အနိုင်ရခဲ့တယ်လို့ ရွေးကောက်ပွဲတာဝန်ရှိသူတွေက ဒီကနေ့ကြေညာခဲ့ပါတယ်။
အမေရိကန်ပြည်ထောင်စု New York မြို့က အထင်ကရ Times Square နေရာမှာ ဒီကနေ့ညနေကျင်းပမယ့် နှစ်သစ်ကူးပွဲအတွက် လုံခြုံရေးတွေ တင်းကြပ်ထားပါတယ်။
၂၀၁၈ ခုနှစ်ကုန်ဆုံးလို့ ၂၀၁၉ ခုနှစ်ကို ကူးပြောင်းခါနီး အခါသမယမှာ ဗွီအိုအေပရိသတ်များနဲ့ မြန်မာနိုင်ငံသူ နိုင်ငံသားအားလုံးအတွက် မြန်မာနိုင်ငံ အဓိက ဘာသာကြီးလေးခုမှ ပုဂ္ဂိုလ်ကြီးများရဲ့ နှစ်သစ်ဆုတောင်းစကားများကို ဗွီအိုအေက စုစည်း တင်ဆက်ပေးလိုက်ပါတယ်။
တရုတ်နဲ့ အမေရိကန် ၂ နိုင်ငံကြား ကုန်သွယ်ရေးစစ်ပွဲမှာ အဓိကထားပြောနေရတဲ့ ဉာဏ်ပညာအခြေပြုပစ္စည်း မူပိုင်ခွင့်ဆိုင်ရာ ပြဿနာ တွေကို ဇန်နဝါရီလ တရက်နေ့က စပြီး တရုတ်နိုင်ငံရဲ့ အမြင့်ဆုံးတရားရုံးမှာ ကြားနာစစ်ဆေးတော့မှာ ဖြစ်ကြောင်း တရုတ်အစိုးရက ကြေညာလိုက်ပါတယ်။
အင်ဒိုနီးရှား သမ္မတရွေးကောက်ပွဲဝင်ပြိုင်မယ့် သူတွေအနေနဲ့ အစ္စလမ် ကိုရမ်ကျမ်းစာနဲ့ပတ်သက်ပြီး အစစ်ဆေးခံကြဖို့ဆိုတဲ့ အင်ဒိုနီးရှားနိုင်ငံ အာချေးပြည်နယ် ဘာသာရေးဆရာတွေရဲ့ တိုက်တွန်းချက်ဟာ လူမျိုးရေးညီညွတ်မှုကို ထိခိုက်စေတယ်လို့ အစ္စလာမ်ဘာသာရေး ကျွမ်းကျင် သူတွေက အပြင်းထန် ဝေဖန်လိုက်ကြပါတယ်။
ကိုရီးယား ၂ နိုင်ငံ ခေါင်းဆောင်တွေကြား ၂၀၁၈ ခုနှစ်ထဲ ထိတွေ့ဆက်ဆံမှုတွေ လုပ်ခဲ့သလိုပဲ လာမယ့်နှစ်သစ်မှာလည်း ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ တိုးမြှင့်ကျင်းပသွားဖို့ မြောက်ကိုရီးယားခေါင်းဆောင် Kin Jong Un က တောင်ကိုရီးယားသမ္မတ ဆီ တနင်္ဂနွေနေ့က စာတစောင် ပေးပို့ခဲ့တယ်လို့ တောင်ကိုရီးယား သမ္မတရုံးက ပြောပါတယ်။
ဘင်္ဂလားဒေ့ရှ် နိုင်ငံမှာ လက်ရှိဝန်ကြီးချုပ် Sheikh Hasina တတိယအကြိမ် သက်တမ်းအတွက် ပြန်လည်အရွေးခံရဖို့ များနေချိန်မှာပဲ တနင်္ဂနွေနေ့ ကျင်းပတဲ့ ရွေးကောက်ပွဲနဲ့ ဆက်နွယ်ပြီး ဖြစ်ပွါးတဲ့ အကြမ်းဖက်မှုတွေကြောင့် သေဆုံးရသူ အရေအတွက်က အနည်းဆုံး ၁၇ ဦး ရှိနေပြီဖြစ်ပါတယ်။
ကွန်ဂိုနိုင်ငံမှာတော့ အချိန်အတာ်ကြာတဲ့ ရွေ့ဆိုင်းထားရတဲ့ သမ္မတရွေးကောက်ပွဲတွေ ဒီနေ့ပြုလုပ်ပြီး မဲဆန္ဒရှင်တွေ မဲပေးနေကြပါပြီ။ ဒီ ရွေးကောက်ပွဲဟာဆိုရင် ကွန်ဂိုနိုင်ငံမှာတော့ ပထမဆုံးအကြိမ် ငြိမ်းချမ်းပြီး ဒိမိုကရေစီနည်းကျ အာဏာလွဲှပြောင်းပေးမယ့် ရွေးကောက်ပွဲဖြစ်လာဖို့ မျှော်မှန်းထားပါတယ်။
အမေရိကန်သမ္မတ Donald Trump နဲ့ တရုတ် သမ္မတ Xi Jinping တို့ နှစ်ဦးဟာ စနေနေ့တုန်းက တယ်လီဖုံးကတဆင့် စကားပြောခဲ့ပြီး၊ G20 စက်မှုထိပ်သီးအစည်းအဝေးအတွင်း ရခဲ့တဲ့ သဘောတူညီချက်တွေကို အကောင်အထည်ဖော်ဖို့ သူတို့ဆန္ဒတွေကို ထုတ်ဖော်ပြောခဲ့ကြပါတယ်။
တရုတ်အစိုးရ ဒုတိယ ထောက်လှန်းရေးအကြီးအကဲဟောင်း Ma Jian ကို အဂတိလိုက်စားမှုနဲ့ ကြာသပတေးနေ့က ထောင်ဒဏ် တသက်ပြစ်ဒဏ် ချမှတ်ခဲ့ပါတယ်။
အာဖဂန်ကအိုင်အက်စ် အဖွဲ့ခွဲပြောခွင့်ရ Sultan Aziz Azam ဟာ ဒီဇင်ဘာလ ၂၃ ရက် တနင်္ဂနွေနေ့က အာဖဂန်နိုင်ငံ Nangarhar ခရိုင် လေကြောင်းတိုက်ခိုက်မှုမှာ သေဆုံးခဲ့ကြောင်း အမေရိကန်စစ်တပ်အရာရှိတဦးက ကြာသပတေးနေ့မှာ ပြောပါတယ်။ ဒီလေကြောင်း တိုက်ခိုက်မှုမှာ နောက်ထပ် အိုင်အက်စ် စစ်သွေးကြွ တဦးပါ သေဆုံးခဲ့တာ ဖြစ်ပါတယ်။
ထိုင်းနိုင်ငံ ဆူဖန်ဘူရီခရိုင်က ကြံခင်းထဲမှာ ပျောက်ဆုံးသွားတဲ့ ၂ နှစ်သား ကလေးငယ်ကို အင်္ဂါနေ့က ပြန်တွေ့ခဲ့အခါမှာ သေဆုံးနေပုံကို ကြည့်ပြီး သွေးရိုးသားရိုး သေဆုံးတာမဟုတ်ဖူးလို့ သံသယရှိနေတဲ့ သူ့မိဘတွေအတွက် ကလေးငယ်ရဲ့ အလောင်းကို ဒုတိယအကြိမ်မြောက် ခွဲစိတ်စစ်ဆေးဖို့ လုပ်နေပါတယ်။
စစ်ရေးပဋိပက္ခတွေ ဖြစ်ပွားနေတဲ့ ရခိုင်ပြည်နယ် အပါအဝင် ကျန်နယ်မြေတွေမှာပါ မြန်မာစစ်တပ်က စစ်ရေးလှုပ်ရှားမှုတွေ ရပ်ဆိုင်းပေးမယ်ဆိုရင် တိုက်ခိုက်မှုတွေကို ရပ်ဆိုင်းမှာဖြစ်ကြောင်း တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၄ ဖွဲ့က ဒီနေ့ပဲ ကြေညာလိုက်ပါတယ်။
အမေရိကန်ပြည်ထောင်စုမှာ အစိုးရလုပ်ငန်း တချို့ ယာယီရပ်ဆိုင်းထားတာ ဒီကနေ့ ၆ ရက်ရှိနေပြီး၊ ယာယီအသုံးစရိတ်ကိစ္စ အိမ်ဖြူတော်နဲ့ Democrat လွှတ်တော်အမတ်တွေကြား ပြေလည်မှုရမယ့် အလားအလာ မရှိသေးပါဘူး။
အင်ဒိုနီးရှားနိုင်ငံ အနောက်ဘက် ကမ်းရိုးတန်းဒေသမှာ ပြီးခဲ့တဲ့ သီတင်းပတ်ထဲ လူပေါင်း ၄၃၀ ထက်မနည်း သေဆုံးခဲ့တဲ့အထိ ဆူနာမီ ရေလှိုင်းတွေ ဖြစ်ခဲ့တဲ့ Anak Krakatau မီးတောင်ပေါက်ကွဲမှု အန္တရာယ် သတိပေးချက်ကို အာဏာပိုင်တွေ အဆင့်တိုးမြှင့် သတ်မှတ်လိုက်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်