စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ လှုပ်ရှားမှုတွေမှာ ပါဝင်နေကြတဲ့ အနုပညာရှင်တွေဟာ ဒီကနေ့အထိ ပြည်တွင်းမှာ စစ်ဘေးဒဏ်ကြောင့် ဒုက္ခရောက်နေကြတဲ့ ပြည်သူတွေနဲ့ အာဏာရှင်စနစ်ကို နည်းမျိုးစုံနဲ့ တော်လှန်နေကြသူတွေကို သူတို့တတ်နဲ့ပညာနဲ့ တဘက်တလမ်းက ကူညီ ပံ့ပိုးပေးနေကြတာမှာ ရန်ပုံငွေဂီတပွဲတွေကျင်းပတာလည်း ပါဝင်ပါတယ်။
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဟိုပုံးမြို့နယ်အတွင်းမှာ စစ်ကောင်စီတပ်နဲ့ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးတပ် PNLA အကြားမှာ ၂ ရက်ဆက် တိုက်ပွဲဖြစ်ပွားနေပြီး ကျေးရွာအချို့က လက်နက်ကြီးကျည်ကျမှာစိုးရိမ်ပြီး တိမ်းရှောင်တာတွေ ရှိနေပါတယ်။
ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့မှာ ကြာသပတေးနေ့ ညနေပိုင်းကနေ စတင်ပြီး ဆီဆိုင်မြို့ မြို့မဈေး မီးစတင်လောင်ကျွမ်းခဲ့ပါတယ်။ ငြိမ်းသတ်မယ့်သူမရှိတာကြောင့် တညလုံးနီးပါး လောင်ကျွမ်းခဲ့ပါတယ်။ ဒေသခံတွေကတော့ လက်နက်ကြီး ထိမှန်ရာကနေ မီးလောင်ကျွမ်းတာ ဖြစ်နိုင်ကြောင်း ပြောဆိုပါတယ်။
ချင်းကာကွယ်ရေးတပ်ဖွဲ့တွေသိမ်းပိုက်ထားတဲ့ တီးတိန်မြို့နယ်ထဲက သိုင်းငင်းစခန်းကို စစ်တပ်ဘက်က ပြန်လည် ရယူဖို့ စစ်ကြောင်းထိုးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ကာကွယ်ရေးတပ်ဖွဲ့တွေဘက်ကလည်း စခန်းကို စွန့်လွှတ်မှာ မဟုတ်ဘူးလို့ ဆိုပါတယ်။
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်က ကျောက်မဲလေး ကျေးရွာအခြေစိုက် စစ်ကောင်စီတပ်စခန်းကို မန္တလေး ပြည်သူ့ကာကွယ်ရေးတပ် MDY-PDF နဲ့ တအာင်းတပ် TNLA တို့ ပူးပေါင်းတိုက်ခိုက်နေပြီး တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။
၂၇၆၃ နှစ်မြောက် ကရင်နှစ်သစ်ကူးပွဲတော်ကို အမေရိကန်ပြည်ထောင်စု ပြည်နယ်အတော်များများမှာ ဇန်နဝါရီလ ၆ ရက်၊ ပြီးခဲ့တဲ့ စနေနေ့က စည်ကားစွာ ကျင်းပခဲ့ကြပါတယ်။ အမေရိကန်နိုင်ငံတဝန်း ဒီနှစ် ကျင်းပခဲ့တဲ့ ကရင်နှစ်သစ်ကူးနေ့အကြောင်း ကိုဇော်ဝင်းလှိုင်က စုစည်း တင်ပြပေးထားပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်း နမ္မတူမြို့နဲ့ အနီးဝန်းကျင်တဝိုက် စစ်ကောင်စီတပ်နဲ့ တအာင်းတပ် TNLA အကြား တိုက်ပွဲတွေ ပြင်းထန်နေတာကြောင့် ထောင်နဲ့ချီတဲ့ နမ္မတူမြို့နေ ပြည်သူတွေဟာ စစ်ဘေးလွတ်ရာကို တိမ်းရှောင်နေကြသလို လက်နက်ကြီးထိမှန်လို့ သေဆုံးတာတွေလည်း ရှိနေပါတယ်။
မူဆယ်မြို့နယ် စယ်လန့်ရွာအနီး ဖြစ်ပွားတဲ့ တိုက်ပွဲကြောင့် စစ်ရှောင်နေတဲ့ ပြည်သူ ၃၀၀ ကျော်ဟာ နေရပ်ပြန်ကြပြီ ဖြစ်ပါတယ်။ နေရပ်ပြန်သူတွေဟာ မူဆယ်မြို့နယ် တုမ်ခွမ်ရွာမှာ ရောက်ရှိနေသူတွေဖြစ်ပြီး နမ့်ခမ်းမြို့ကို တိမ်းရှောင်နေသူ ၂၀၀ကျော်ကတော့ နေရပ်မပြန်သေးပဲ အခြေအနေကို စောင့်ကြည့်နေဆဲဖြစ်ပါတယ်။
ပြည်တွင်းမှာ အခြေစိုက် လုပ်ကိုင်နေကြတဲ့ အွန်လိုင်းလုပ်ငန်း အားလုံး လာမယ့် အောက်တိုဘာ လဆန်းကစပြီး မှတ်ပုံတင်ရမယ်လို့ စီးပွားကူးသန်း၊ ကုန်သွယ်ရေးဦးစီးဌာနက အသိပေးလိုက်ပါတယ်။
စစ်ကိုင်းတိုင်း မင်းကင်းမြို့နယ်ထဲမှာ နစ်မြုပ်သွားတဲ့ စစ်ကောင်စီ သင်္ဘောကနေ ပျောက်ဆုံးနေသူ ဆယ်ဂဏန်းနဲ့ချီ ရှိနေပြီး အသက်ရှင် ကျန်ရစ်သူတချို့လည်း ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ရေတက်ချိန် ဖြစ်နေတဲ့အတွက် စက်လှေကို ဆယ်ယူဖို့ မဖြစ်နိုင်သေးဘူး လို့လည်း ဒေသခံတွေက ပြောပါတယ်။
ရှမ်းပြည်နယ် လားရှိုးနဲ့ မူဆယ်မြို့တွေမှာ ဒီရက်ပိုင်းအတွင်း မိုးသည်းထန်ရေကြီးမှုတွေ ကြုံနေရပြီး အနည်းဆုံး လူ ၁ ဦး သေဆုံးခဲ့ကြောင်း မြို့ခံတွေက ပြောပါတယ်။ မြန်မာနိုင်ငံ နေရာတော်တော်များများမှာ မိုးများရေကြီးနိုင်ကြောင်း မိုးလေဝသဌာနကလည်း သတိပေးထားတာပါ။
ရှမ်းပြည်နယ် မြောက်ပိုင်းမှာ စစ်ကောင်စီနဲ့ TNLA တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ကြား တိုက်ပွဲတွေကြောင့် ဒေသခံတချို့ သေကြေထိခိုက်မှုတွေ ကြုံနေရပါတယ်။ ကွတ်ခိုင်နဲ့ မူဆယ်မြို့နယ်တွေမှာ ဒီရက်ပိုင်းအတွင်း စစ်ကောင်စီက လေကြောင်း တိုက်ခိုက်တာ အပါအဝင် တိုက်ပွဲတွေ ပြင်းထန်နေတာပါ။
စစ်ကိုင်းတိုင်း၊ ကလေး-တမူး ကားလမ်းမကြီးကို တိုက်ပွဲအခြေအနေကြောင့် အသွားအလာ ကန့်သတ်ထားတာ အချိန်ကာလ ၁ လကျော် ကြာလာပြီဖြစ်လို့ ကုန်စည် အသွားအလာတွေ ခက်ခဲနေပြီး၊ မြို့တွင်းမှာ ကုန်စည်စျေးတချို့ သိသိသာသာ တက်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
၂၀၂၃ခုနှစ်မှာ စစ်ကောင်စီဘက်က ချင်းပြည်နယ်မှာ လေကြောင်းတိုက်ခိုက်မှုအကြိမ်ရေ ပိုမိုများပြားနေတာမှာ ဟားခါးမြို့အနီးက မားလ်ဆောင်မ် ဆိုတဲ့ကျေးရွာကို လေယာဥ်နဲ့ ဗုံးကျဲ တိုက်ခိုက်ခဲ့ပါတယ်။ အရပ်သား ၃၀ကျော်သေဆုံး၊၈၀ကျော် ထိခိုက်၊ စစ်ပြေးဒုက္ခသည် ၂သောင်း တိုးလာတယ်လို့ CHRO အဖွဲ့က ပြောပါတယ်။
ရှမ်း-ကယားနယ်စပ်မှာ ပြီးခဲ့တဲ့ မတ်လကတည်းက တိုက်ပွဲ ပြင်းထန်ခဲ့တဲ့နောက် ခုချိန်ထိ ကြိုကြားကြိုကြား ဆက်လက် ဖြစ်ပွားနေပါတယ်။ နေ့စဥ်နီးပါး ဒေသမတည်ငြိမ်ဘဲ သေနတ်သံတွေ ကြားနေရတာမို့ ရွာသူ ရွာသားတွေလည်း နေအိမ် မပြန်ရဲကြသေးပါဘူး။
ကချင်ပြည်နယ်၊ ကန်ပိုက်တီမြို့နဲ့ တရုတ်နိုင်ငံ၊ ထိန်ချုံးမြို့ကြားက နယ်စပ် ကုန်သွယ်ရေးဂိတ်မှာ စီးပွားရေးဇုန်တခုကို အကောင်အထည်ဖော်ဖို့ တရုတ်နဲ့ မြန်မာ နှစ်နိုင်ငံကြားမှာ ဆွေးနွေးနေပါတယ်။
စစ်ကိုင်းတိုင်း၊ ကန့်ဘလူခရိုင်အတွင်းက တိုက်နယ် ၄ ခုကို မြန်မာစစ်တပ်က ဧပြီလ ၂ ရက်ကနေ ၄ ရက်အတွင်း စစ်ကြောင်းထိုး ဝင်ရောက်ပြီး ကျေးရွာတချို့ကို မီးရှို့ခဲ့တာကြောင့် ဒေသခံ ၃၀,၀၀၀ ဝန်းကျင်လောက် စစ်ဘေးရှောင်နေကြရတယ်လို့ ဒေသခံတွေနဲ့ အကူအညီ ပေးနေသူတွေက ပြောပါတယ်။
NCA အပစ်ရပ်စာချုပ်ကို လက်မှတ်ရေးထိုးထားကြတဲ့ ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ RCSS နဲ့ ပအိုဝ်း အမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် PNLO တပ်ဖွဲ့တွေအကြားမှာ ပြီးခဲ့တဲ့ မတ်လ ၃၀ရက်နေ့နဲ့ ပစ်ခတ်တိုက်ခိုက်မှု ၃ကြိမ်ဖြစ်ခဲ့ပါတယ်။
ဒီးမော့ဆိုမြို့နယ် အရှေ့ဖက်ခြမ်း ထီးပိုးကလိုး ကျေးရွာအုပ်စုမှာ မတ်လ ၃၀ ရက် မနေ့က လေကြောင်းနဲ့ တိုက်ခိုက်ခံရလို့ အရပ်သားပြည်သူ တစ်ဦးသေဆုံးပြီး ၃ ဦးထက်မနည်းလည်း ထိခိုက် ဒဏ်ရာရရှိခဲ့တယ်လို့ ဒီးမော့ဆိုမြို့နယ် အရှေ့ခြမ်းကနေ ဘေးလွတ်ရာမှာ တိမ်းရှောင်နေတဲ့ စစ်ရှောင်အမျိုးသမီးတဦးက VOA ကို ပြောပါတယ်။
ရှမျး-ကယားနယျစပျမှာ ရကျဆကျ တိုကျပှဲတှေ ဆကျလကျဖွဈပှားနတောမှာ စဈကောငျစီဘကျက လယောဉျနဲ့ ပိုမိုတိုကျခိုကျ နှိပျကှပျလာတယျလို့ ကရငျနီအမြိုးသားမြားကှယျရေးတပျ KNDF က VOA ကို ပွောပါတယျ။
နောက်ထပ်ကြည့်ရှုရန်