မေလ ၂၃ ရက်နေ့က ကျရောက်တဲ့ ဗုဒ္ဓနေ့ကို ကမ္ဘာတဝန်းက ဗုဒ္ဓဘာသာဝင်တွေလိုပဲ အမေရိကန်ပြည်ထောင်စု မြို့တော် ဝါရှင်တန် ဒီစီမှာလည်း မနေ့က သမ္မတ အိမ်ဖြူတော်နဲ့ ဝါရှင်တန်မြို့တော်က အထင်ကရ လွတ်လပ်ရေး ကျောက်တိုင်နေရာတွေမှာ ဗုဒ္ဓနေ့ အခမ်းအနားတွေ ကျင်းပခဲ့ကြပါတယ်။
ထိုင်းနိုင်ငံကဒုက္ခသည် စခန်းတွေမှာ နေထိုင်တဲ့ မြန်မာဒုက္ခသည်တွေ ထဲက အမေရိကန်ပြည်ထောင်စုမှာ အခြေချဖို့ အရည်ချင်းပြည့်သူတွေကို လူတွေ့မေးမြန်းမှုတွေ စတင်တော့မယ်လို့ ထိုင်းအစိုးရက ပြောပါတယ် ဒီနှစ်ကုန်လောက်မှာ ပထမအသုတ်ကို ပို့ပေးဖို့ မျှော်လင့်ကြောင်းလည်း ပြောပါတယ်
တိုက်ပွဲတွေ ဖြစ်ပွါးနေတဲ့ မြန်မာနိုင်ငံမြောက်ပိုင်း ကချင်ပြည်နယ်ထဲမှာ တကမ္ဘာလုံးမှီခိုနေရတဲ့ မြေရှားသတ္တု ထုတ်လုပ်မှု ရုတ်ချည်းတိုးလာတာကြောင့် ဒေသခံတွေကိုရော သဘာဝဝန်းကျင်ကိုပါ ဆိုးရွားစွာ ထိခိုက်လာတာ တွေ့ရတယ်လို့ နိုင်ငံတကာ သဘာဝသယံဇာတအရေး စောင့်ကြည့်တဲ့ Global Witness အဖွဲ့က သတိပေးလိုက်ပါတယ်။
ရွှေစျေးနှုန်းကို ထိန်းနိုင်ဖို့ ရွှေအရောင်းနဲ့ အဝယ်ကို ယာယီပိတ်ထားမယ်လို့ မန္တလေး ရွှေလုပ်ငန်းရှင်များအသင်းက ပြောပါတယ်။ ကမ္ဘာ့ရွှေစျေးနဲ့အတူ တဖြည်းဖြည်း လိုက်တက်လာတဲ့ ပြည်တွင်းအခေါက်ရွှေစျေးက တကျပ်သားကို ပြင်ပမှာ ကျပ် ၅၂ သိန်းကျော်အထိ တက်လာခဲ့ပါတယ်။
ဝိုင်းမော်မြို့အနီးမှာ စစ်ရေးတင်းမာမှုတွေ မြင့်တက်လာတာကြောင့် ဝိုင်းမော်နဲ့ ဝိုင်းမော်အနီးအနားက ကျေးရွာတွေက ပြည်သူတွေဟာ နောင်ချိန်းရွာဘက်နဲ့ မြစ်ကြီးနားဘက်ကို တိမ်းရှောင်နေကြပါတယ်။
ထိုင်းနိုင်ငံမြောက်ပိုင်း၊ ချင်းမိုင်ခရိုင် Fang District၊ ဖန်မြိုနယ်အတွင်းက ရဲစစ်ဆေးရေးဂိတ်ကို ဖြတ်မောင်းခဲ့တဲ့ ပစ်ကပ်ကားငယ်တစီးကို နယ်စပ်စစ်ဆေးရေးဂိတ်ကနေ လိုက်လံဖမ်းဆီးရာမှာ မြန်မာနွယ်ဖွား လားဟူတိုင်းရင်းသားတဦးကို ရွှေတြိဂံဒေသထုတ်စိတ်ကြွဆေးပြား နစ်သန်းနဲ့ ဖမ်းမိခဲ့ပါတယ်။
ကုန်ကြမ်းတင်သွင်းမှုမှာ import (သွင်းကုန်) လိုင်စင် ချထားမှုကလည်း ပိုပိုပြီးတော့ တဖြေးဖြေးနဲ့ ကျပ်တည်းလာတဲ့အတွက်ကြောင့်မို့လို့လည်း ကုန်ထုတ်လုပ်မှုတွေ လုပ်ငန်းတွေကလည်း ပိုပိုပြီးတော့မှ ကျဆင်းလာတယ်။ အခုနွေရာသီမှာ စပြီးတော့မှ challenges (စိန်ခေါ်မှု) ထပ်ဖြစ်တာက ဘာလဲဆိုတော့ မီးရရှိဖို့ပါ
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ် ရန်ကုန်-မော်လမြိုင် ကားလမ်းပေါ်မှာရှိတဲ့ မစောတံတားဟာ မေလ ၂၃ရက်၊ ဒီကနေ့မနက်ပိုင်းက မိုင်းဖောက်ခံရပြီး ပြိုကျသွားခဲ့ပါတယ်။ တံတားပေါ် ဖြတ်သန်းသွားလာနေတဲ့ ဒေသခံတွေ သေဆုံးတာတွေ ဒဏ်ရာရတာတွေလည်းရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ရခိုင်ပြည်နယ်က ရိုဟင်ဂျာ ထောင်နဲ့ချီရဲ့ အသက်တွေကို ကယ်တင်နိုင်ဖို့ နိုင်ငံတကာရဲ့ အရေးပေါ်ဆောင်ရွက်မှု လိုအပ်နေပြီလို့ မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ အထူးစုံစမ်းရေးမှူး Tom Andrews ကပြောကြားလိုက်ပါတယ်။
မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေမှာ လူသားမျိုးနွယ်အပေါ်ကျူးလွန်တဲ့ ရာဇဝတ်မှုနဲ့ စစ်ရာဇဝတ်မှုတွေ ကျူးလွန်ခြင်း ရှိ မရှိဆိုတာကို ဆန်းစစ်နေတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရား IIMM ကထုတ်ပြန်ပါတယ်။
မုတ်သုံအဝင်ကာလနဲ့ ဘင်္ဂလားပင်လယ်အော်မှာ ဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်းကြောင့် ပုံမှန်မိုးရွာသွန်းနိုင်တဲ့ ပမာဏထက် မိုးရေချိန်လက်မ ပိုများနိုင်တယ်လို့ မိုးဇလတာဝန်ရှိသူက ပြောပါတယ်။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ တက္ကသိုလ်ရိပ်သာလမ်းနေအိမ် အမှတ် ၅၄ ကို လေလံကြမ်းခင်းစျေးသစ် ကျပ်ငွေ ၂၈၅ ဘီလီယံနဲ့ထပ်မံ လေလံတင်ရောင်းချနိုင်ဖို့ ဦးအောင်ဆန်းဦးက ဒီကနေ့ တင်သွင်းခဲ့ပါတယ်။
နောက်ထပ်ကြည့်ရှုရန်