အစ္စရေးနဲ့ ဟာမတ်စ်ကြား ဂါဇာဒေသမှာ အပစ်အခတ်ရပ်စဲဖို့နဲ့ ဖမ်းဆီးထားတဲ့ ဓားစာခံတွေပြန်လွှတ်ဖို့ သဘောတူညီချက်ရရှိရေး အီဂျစ်နဲ့ ကာတာနိုင်ငံက စေ့စပ်ညှိနှိုင်းသူတွေနဲ့ ဆွေးနွေးမှုတွေကို ကိုင်ရိုမြို့မှာ ဒီကနေ့ ပြန်လည်စတင်မှာ ဖြစ်ပါတယ်။
အမေရိကန်ပြည်ထောင်စု Idaho နဲ့ Missouri ပြည်နယ်တွေမှာ ကျင်းပခဲ့တဲ့ ရီပတ်ဘလစ်ကန် ပါတီတွင်း သမ္မတလောင်းရွေးပွဲမှာ သမ္မတဟောင်း Donald Trump အနိုင်ရသွားပါတယ်။
အမေရိကန် စစ်သုံး ကုန်တင်လေယာဉ် C-130 ပေါ်ကနေ လိုက်ချပေးနေတဲ့ ဒီ လူသားချင်းစာနာမှု အကူညီထဲမှာ လူ ၃ သောင်းခွဲကျော် စားသုံးနိုင်မယ့် အသင့်စား အစားအသောက်တွေ ပါဝင်ပြီး ဒါဟာ ပထမအသုတ် အနေနဲ့ ပေးပို့တာ ဖြစ်ပါတယ်။
အမေရိကန် တောင်ပိုင်း တက္ကဆက်ပြည်နယ်မှာ ပြီးခဲ့တဲ့ရက်ပိုင်းကစလို့ လောင်ကျွမ်းနေတဲ့ မီးဟာ တက္ကဆက် သမိုင်းမှာ အကြီးဆုံး တောမီးကြီးဖြစ်ပြီး ၊ ရာသီဥတု အခြေအနေတွေကြောင့် မီးစွယ်ကျိုးအောင် ငြိမ်းသတ်ဖို့ မီးသတ်သမားတွေ အတော်ကို ရုန်းကန်နေရပါတယ်။
၂၀၂၄ ခုနှစ်အတွက် နိုင်ငံတကာ အမျိုးသမီးသတ္တိရှင်ဆု ရသူစာရင်းကို အမေရိကန်ပြည်ထောင်စု နိုင်ငံခြားရေးဝန်ကြီးဌာနက မတ်လ ၁ ရက်နေ့မှာ ကြေညာလိုက်ပြီး မြန်မာအမျိုးသမီး ဒေါ်မဉ္ဇူဝင်းလည်း ဆုရရှိသူ စာရင်းထဲမှာ ပါဝင်ပါတယ်။ ဒေါ်မဉ္ဇူဝင်းဟာ ပြစ်မှုဆိုင်ရာ ရှေ့နေဖြစ်ပြီး တရားရေးပိုင်းမှာ ကူညီပေးနေသူလည်းဖြစ်ပါတယ်။
၂၀၂၄ အမေရိကန်သမ္မတရွေးကောက်ပွဲမှာ ၂၀၂၀ ရွေးကောက်ပွဲလိုပဲ အဓိကနိုင်ငံရေးပါတီကြီး ၂ ခုကို အရင်ခေါင်းဆောင် ၂ ဦး၊ ဂျိုးဘိုင်ဒန်နဲ့ ဒေါ်နယ်ထရမ့်ပဲ ဦးဆောင်တာပါ။ ဒီတခေါက် ထူးခြားချက်ကတော့ အမေရိကန်နိုင်ငံရေးမှာ AI ဉာဏ်ရည်တုနည်းပညာကို ပိုသုံးလာတာပါ။ VOA ပုံပြရုပ်သံကို မအေးသန္တာကျော် တင်ဆက်ပေးထားပါတယ်။
ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာကျင်းပတဲ့ ပညာတော်သင်ဆု မိတ်ဆက် အခမ်းအနားမှာ Diversity and Inclusion Scholarship မတူကွဲပြားမှုနှင့် အားလုံးပါဝင်ခွင့်ရှိသော ပညာတော်သင်ဆု အစီအစဥ်အရ မြန်မာနိုင်ငံက ကျောင်းသား ၁၀၀၀ ကျော်အနေနဲ့ ပညာတော်သင်ဆု လက်ခံရရှိမှာပါ။
မက္ကဆီကို နယ်စပ်ကနေ အမေရိကန်ထဲ တရားမဝင် ဝင်လာနေသူတွေကို တားဆီးရေးကိစ္စက နိုဝင်ဘာကျင်းပမယ့် သမ္မတရွေးကောက်ပွဲအတွက် အဓိကအရေးကြီးတဲ့ ကိစ္စတခုဖြစ်တာကြောင့် သမ္မတဝင်အရွေးခံကြမယ့် သူတို့ ၂ ယောက် နယ်စပ်ဒေသကို သွားကြမှာပါ။
မြန်မာ့အရေးတွေမှာ တက်တက်ကြွကြွနဲ့လုပ်ဆောင်ခဲ့သူတဦးဖြစ်တဲ့ အမေရိကန် အထက်လွှတ်တော် ရီပတ်ဘလီကန်ခေါင်းဆောင် Mitch McConnell က သူ ခေါင်းဆောင်နေရာကနေ နုတ်ထွက်တော့မယ့် လို့ ဗုဒ္ဓဟူးနေ့မှာ ကြေညာလိုက်ပါတယ်။
အမေရိကန်ပြည်ထောင်စု Michigan ပြည်နယ်မှာ မနေ့ ဖေဖော်ဝါရီ ၂၇ ရက်နေ့က ကျင်းပတဲ့ ပါတီတွင်း သမ္မတလောင်း ရွေးပွဲတွေမှာ ဒီမိုကရက်ပါတီက သမ္မတ Joe Biden အနိုင်ရပြီး ရီပတ်ဘလစ်ကန် ပါတီက သမ္မတဟောင်း Donald Trump အနိုင်ရသွားပါတယ်။
အမေရိကန်နဲ့ ထိုင်းနိုင်ငံတို့ ဦးစီးပြီး အရှေ့တောင်အာရှရဲ့ နိုင်ငံစုံပါဝင်တဲ့ အရှည်ကြာဆုံး စစ်ရေးလေ့ကျင့်မှု "ရွှေမြွေဟောက် စစ်ရေးလေ့ကျင့်မှု" Cobra Gold 2024 ကို မနေ့က တရားဝင်စတင် ဖွင့်လှစ်ပါတယ်။
ဒေါ်လာဘီလီယံများစွာပါတဲ့ ယူကရိန်းကူညီထောက်ပံ့ရေးသေချာအောင်နဲ့ အသုံးစရိတ်မလုံလောက်တဲ့အတွက် အစိုးရလုပ်ငန်းတွေရပ်ဆိုင်းမယ့်အရေးတွေ ရှောင်နိုင်ဖို့ သမ္မတတဂျိုးဘိုင်ဒန်နဲ့ လွှတ်တော်ခေါင်းဆောင်တွေ အင်္ဂါနေ့မှာ အိမ်ဖြူတော်မှာ ဆွေးနွေးခဲ့တာ တိုးတက်မှုရှိကြောင်း လွှတ်တော်ခေါင်းဆောင်တွေကပြောပါတယ်။
နောက်ထပ်ကြည့်ရှုရန်
တရုတ်နိုင်ငံ၏ ကမ္ဘာတဝန်း ဖွံ့ဖြိုးမှုစီမံကိန်းများအတွက် အသုံးစရိတ်သည် ဒီရာစုနှစ် စတင်ကတည်းက ဒေါ်လာ ၁ ထရီလီယံခန့် တိုးလာခဲ့ပြီး ကမ္ဘာမှာ ဘဏ္ဍာငွေအများဆုံး ထောက်ပံ့တဲ့ နိုင်ငံဖြစ်လာပါသည်။