အမေရိကန်ပြည်ထောင်စု ချီကာဂိုမြို့မှာ အထောက်အထားမဲ့နိုင်ငံထဲဝင်လာသူတွေကို အရေးမယူဘဲ နားခိုခွင့်ပေးထားတဲ့ မြို့ရဲ့ မူဝါဒတွေ၊ အခြေအနေနဲ့ ပတ်သက်ပြီး မြို့တော်ဝန်က ဗုဒ္ဓဟူးနေ့ လွှတ်တော်ကော်မတီကြားနားပွဲအတွင်း ကာကွယ်ပြောဆိုသွားခဲ့ပါတယ်။ ဒီအကြောင်း Kane Farabaugh ရဲ့သတင်းကို ကိုရန်နိုင် ပြောပြပေးမှာပါ။
ယူကရိန်းစစ်ပွဲ ၄ နှစ်ထဲကို ဝင်လာချိန်မှာဘဲ တိုင်းပြည်ရဲ့ မြေမျက်နှာပြင် ၄ ပုံ ၁ ပုံမှာ မြေမြှုပ်မိုင်းတွေ ရှင်းလင်းရေးလုပ်ဆောင်ဖို့လိုအပ်လာပြီး အဲဒီလိုရှင်းဖို့အတွက် အကူအညီရရှိရေးကိစ္စတွေမှာ စိန်ခေါ်မှုတွေ ရှိနေတဲ့အကြောင်း Lesia Bakalets ရဲ့သတင်းကို ကိုဇော်ဝင်းလှိုင်က တင်ပြပေးပါမယ်။
ယူကရိန်း စစ်ပွဲဖြစ်လာတာ ၄ နှစ်တာကာလအတွင်း ဝင်လာတာနဲ့အမျှ ယူကရိန်းနိုင်ငံသား ၆.၈ သန်း ကျော်ဟာလည်း ဒုက္ခသည်တွေဖြစ်လာကြပါတယ်။ စစ်ပွဲပြီးဆုံးသွားရင်တောင် ဒီဒုက္ခသည်တွေထဲက တဝက်နီးပါးလောက်သာ နေရပ်ပြန်လာနေဖို့ စီစဉ်ထားကြတာပါ။ VOA သတင်းထောက် Lesia Bakalets ရဲ့သတင်းကို မခင်လေး ပြောပြပေးပါမယ်။
ရှမ်းမြောက် မုံးစီးဒေသ ရွှေတူးတဲ့နေရာပစ်ခတ်မှု MNDAA ရုံးရှေ့ ဒေသခံတွေ ဆန္ဒပြ၊ အာရက္ခတပ်တော် AA နဲ့ပူးပေါင်းအဖွဲ့ ဧရာဝတီတိုင်း သာပေါင်းအခြေစိုက် ခမရ (၃၀၈) နဲ့ကာကင်းစခန်းကိုသိမ်း၊ မြဝတီမြို့ ကျားဖြန့်လုပ်ငန်းတွေက ကယ်လာသူ (၇,၀၀၀) အတွက် နေထိုင်စားသောက်ရေးကုန်ကြစရိတ် BGF မတတ်နိုင်တော့ စတဲ့သတင်းတွေ...
ယူကရိန်းကို စစ်ရေးအကူ တင်ပို့နေတာတွေ ချက်ချင်း ရပ်ထားလိုက်ဖို့ အမေရိကန်သမ္မတထရမ့်က တနင်္လာနေ့မှာ အမိန့်ပေးလိုက်ပါတယ်။ ဘက်အားလုံး ငြိမ်းချမ်းရေး စကားဝိုင်းကို ရောက်လာကြဖို့ ရည်ရွယ်တာ ဖြစ်တယ်လို့ သူ့အစိုးရက ပြောပါတယ်။ လန်ဒန်ကနေ Henry Ridgwell ပို့လိုက်တဲ့ သတင်းဆောင်းပါးကို ဦးတင်မောင်သန်း ပြောပြမှာပါ။
အီလီနွိုက်ပြည်နယ်က မွတ်စလင်အမေရိကန်တွေ ရာမဒန်ဥပုသ်ကာလ စတင်ချိန်မှာပဲ အသက် ၆ နှစ်အရွယ် ပါလက်စတိုင်းအမေရိကန်ကလေးငယ်တစ်ဦးကို သတ်ဖြတ်ခဲ့တယ်လို့ စွပ်စွဲခံထားရသည့် အမျိုးသားတစ်ဦးကို တရားခွင်က အပြစ်ရှိကြောင်း စီရင်ချက်ကို ကြေညာခဲ့ပါတယ်။ Kane Farabaugh သတင်းပေးပို့ထားတာကို ကိုစံကျော် ပြောပြပါမယ်။
ကားပုံစံနဲ့ ရေပေါ်မောင်းလို့ရတဲ့ ယာဉ်တွေကို အီဂျစ်နိုင်ငံမှာ ထုတ်လုပ်ပြီး အမေရိကန်ပြည်ထောင်စု၊ ဥရောပနဲ့ အိန္ဒိယနိုင်ငံအပါအဝင် နိုင်ငံပေါင်း ၇၀ လောက်ကို တင်ပို့နေပါတယ်။ ကားအစိတ်အပိုင်းအများစုကို အီဂျစ်ပြည်တွင်းထုတ်ကုန်တွေနဲ့ပဲ ထုတ်လုပ်တပ်ဆင်ထားတာပါ။ Reuters သတင်းကို အခြေခံပြီး အလိမ္မာ ပြောပြထားပါတယ်။
ပင်လယ်ပြင်မှာ ကယက်လှေစီးနေတဲ့ လူငယ်တဦးကို ဝေလငါးက ပါးစပ်ထဲ ငုံလိုက်ပြီးမှ ပြန်ထုတ်ပေးလိုက်လို့ အသက်ဘေးက လွတ်သွားပါတယ်။ ပျံသန်းနေတဲ့ လေယာဉ်အင်ဂျင်ကို ငှက်ဝင်တိုက်လို့ မီးစွဲလောင်ပြီး အရေးပေါ်ဆင်းသက်ခဲ့ရပါတယ်။
အမေရိကန်ပြည်ထောင်စုက ကနေဒါ၊ မက္ကဆီကို အပေါ် ချမှတ်ထားတဲ့ သွင်းကုန်ခွန် နှုန်းထား အသစ်က အင်္ဂါနေ့မှာ စတင်သက်ရောက်ပြီး တရုတ်အပေါ်မှာလည်း သွင်းကုန်ခွန်ကို ၂ ဆ တိုးမြှင့်လိုက်ပါတယ်။ Ken Bredemeier ရဲ့ သတင်းဆောင်းပါးကို မသိင်္ဂီထိုက် တင်ပြပါမယ်။
ကမ္ဘာကျော်ဘောလုံးသမား မက်ဆီက သူ့ရဲ့ကစားသမားဘဝမှာ အခုလိုအောင်မြင်မှုတွေ ရလာလိမ့်မယ်လို့ ဘယ်တုန်းကမှ မတွေးမိခဲ့ဘူးလို့ ပြောလိုက်ပါတယ်။ နီပေါနိုင်ငံမှာကျင်းပတဲ့ ၄ နိုင်ငံ ဖိတ်ခေါ်ဘောလုံးပွဲမှာတော့ မြန်မာအမျိုးသမီးအသင်း အနိုင်ရပြီး ချန်ပီယံဖြစ်သွားပါတယ်။
အမေရိကန်သမ္မတ Donald Trump ဟာ လွှတ်တော် ၂ ရပ်ပေါင်း ရှေ့မှောက် အင်္ဂါနေ့ညက မိန့်ခွန်းပြောကြားရာမှာ သူ့အစိုးရလက်ထက် စတင်ဆောင်ရွက်ခဲ့တာတွေအပေါ် ဂုဏ်ယူပြောကြားခဲ့ပါတယ်။
မတ်လ (၂) ရက်နေ့မှာကျရောက်တဲ့ တောင်သူလယ်သမားနေ့ ဆိုတာဟာ ဒီမိုကရေစီစနစ်ကို ဖျက်သိမ်းပြီး ပထမဆုံးအာဏာသိမ်းခဲ့တဲ့နေ့ကို စစ်အာဏာရှင်တွေက အဓမ္မ သတ်မှတ်ခဲ့တဲ့နေ့ ဆိုတဲ့ သမိုင်းအမှန်ကို သိရှိကြတဲ့သူတွေ အတော်နည်းပါတယ်။ ဒါနဲ့ပတ်သက်ပြီး လေ့လာထားတဲ့ ကိုခင်မောင်စိုးမင်း က အခုလို စုစည်းတင်ပြလိုက်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်