အမေရိကန်အစိုးရ၊ အမေရိကန်လွှတ်တော်နဲ့မြန်မာ့အရေးဆွေးနွေးတဲ့အခါမှာ မဟာဗျူဟာအရ အမေရိကန်ကို ပိုလုံခြုံစေသလား၊ ပိုအားကောင်းစေသလားဆိုတဲ့ အချက်တွေအပေါ်အခြေခံပြီး စဉ်းစားသင့်တယ်လို့ NUG ဝန်ကြီး ဒေါက်တာဆာဆာက VOA ကို ပြောပါတယ်။ ဝါရှင်တန်ဒီစီအသိုင်းအဝိုင်းက မြန်မာ့အရေးကဏ္ဍမှာ မအိသန့်စင် တင်ဆက်ထားပါတယ်။
မြန်မာပြည်သား ရွှေ့ပြောင်းအလုပ်သမားတွေ အများဆုံးရှိတဲ့ ထိုင်းနိုင်ငံမှာ နိုင်ငံခြားသားအလုပ်သမားတွေ မလုပ်ရဆိုတဲ့ ဥပဒေနဲ့ တားမြစ်ထားတဲ့ လုပ်ငန်း (၂၀) ကျော် ရှိပါတယ်၊ ဒီလုပ်ငန်းအမျိုးအစားတွေက ဘာတွေလဲဆိုတာကို မညိုညိုလွင်က ဒီတပတ် သတင်းတွေထဲက သုတအစီအစဥ်မှာ ပြောပြထားပါတယ်
အမေရိကန် လွှတ်တော်မှာ မြန်မာစစ်တပ်အပေါ် လက်နက်ပိတ်ဆို့ အရေးယူနိုင်ဖို့ ကြိုးစားနေသလို ဥပဒေကြမ်းတွေ ဆွေးနွေးနိုင်ဖို့ ပြန်လည်တင်သွင်းတာ မြင်ရဖို့ ရှိတယ်လို့ မြန်မာ့အရေး လှုပ်ရှားနေသူတွေက ပြောပါတယ်။ ဒါပေမဲ့ သတိထားစောင့်ကြည့်ပြီး တိုက်တွန်းသွားဖို့ လိုတယ်လို့ ဆိုပါတယ်။ ကိုငြိမ်းချမ်းအေး တင်ပြထားပါတယ်။
လက်ရှိမှာ ပြောင်းဆံကို ထိုင်းနိုင်ငံက အခွန်ကင်းလွတ်ခွင့်နဲ့ ဝယ်ယူနေတဲ့အတွက် ပြောင်းစျေးက မြင့်တက်နေ၊ ဒီလို လယ်ယာသတင်းတွေအပြင် တပတ်အတွင်း လယ်ယာထွက်ကုန် သီးနှံဈေးနှုန်း အတက်အကျသတင်းတွေ စုစည်းပြီး Farmer Times Media က တင်ဆက်ပေးထားပါတယ်။
မြန်မာနိုင်ငံဘာသာရေးလွတ်လပ်ခွင့်နဲ့ ပက်သတ်တဲ့ အမေရိကန် လွှတ်တော်အွန်လိုင်း ကြားနာပွဲကျင်းပ၊ ကချင် ရခိုင်တို့မှာ တိုက်ပွဲများပြင်းထန်၊ ကျားဖြန့်နှိမ်နင်းရေးများ ထိုင်းနဲ့ အရှိန်မြှင့်ပူးပေါင်းလုပ်ဆောင်၊ ဒီလို တပတ်အတွင်းသတင်းတွေကို မခင်လေးနဲ့ ကိုဝင်းခန့်မောင် တင်ပြထားပါတယ်။
မြေရှား သတ္တု တူးဖော်ရေး အမေရိကန် နဲ့ သဘောတူညီချက်လက်မှတ်ထိုးဖို့ အမေရိကန် သမ္မတ အိမ်ဖြူတော်ကို ရောက်လာတဲ့ ယူကရိန်း သမ္မတဇာလန်စကီး ဟာ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်၊ ဒုသမ္မတဂျေဒီဗန့်တို့ နဲ့ စကားအခြေအတင်ဖြစ်ပြီး သဘောတူလက်မှတ်မထိုးဖြစ်ပဲ ပြန်သွားခဲ့ပါတယ်။ အဲ့ဒီထဲက တချို့ကို ကောက်နှုတ် ဖော်ပြလိုက်ပါတယ်။
အခုဆက်လက်ပြီး သုတစုံလင် အမေရိကန်တခွင် အစီအစဥ်ကို တင်ဆက်ပေးပါမယ်။ ကိုအောင်အောင် တင်ပြထားပါတယ်။
သတင်းမီဒီယာ နှိပ်ကွပ်ခံရမှု အများဆုံးနိုင်ငံတွေထဲမှာ မဲခေါင်မြစ်ဝှမ်းဒေသ နိုင်ငံတွေပါဝင်တယ်လို့ လေ့လာသူတွေက ပြောပါတယ်။ ဒီဒေသမှာ သတင်းမီဒီယာအလုပ်လုပ်နေကြတဲ့ သတင်းသမားတချို့ စုပေါင်းပြီး လေ့လာထားတဲ့ ဆန်းစစ်ချက် အစီရင်ခံစာကို ဘန်ကောက်မြို့က နိုင်ငံခြားသတင်းထောက်များအသင်းမှာ ကျင်းပခဲ့ပါတယ်။
ကုလသမဂ္ဂနဲ့ လူ့အခွင့်အရေးအဖွဲ့တွေက သတိပေး တားမြစ်နေတဲ့ကြားကဘဲ Uyghur လူမျိုး ၄၀ ကို ထိုင်းအစိုးရက တရုတ်ကို ပြန်ပို့လိုက်ပါတယ်။ ထိုင်းမှာရောက်နေတဲ့ Uyghur တွေ နေရပ်ပြန်ပို့တဲ့ကိစ္စကို တရုတ်အစိုးရဘက်ကလည်း အတည်ပြု ပြောဆိုထားပါတယ်။ ဒီအကြောင်း AFP သတင်းကို အခြေခံပြီး ကိုဇော်ဝင်းလှိုင်က တင်ပြပေးပါမယ်။
ဂျပန် Nissan ကားကုမ္ပဏီရဲ့လုပ်ငန်းမှာ အမေရိကန် Tesla ရဲ့ ရင်းနှီးမြှုပ်နှံမှုတွေ ဝင်လာစေဖို့ နည်းလမ်းရှာနေချိန်မှာ၊ ထိုင်ဝမ် Foxconn ကုမ္ပဏီက Honda ကားကုမ္ပဏီနဲ့ ပေါင်းလုပ်ဖို့ ချည်းကပ်မှုတွေ ရှိလာတဲ့အကြောင်း ကိုဉာဏ်ဝင်းအောင် တင်ပြထားပါတယ်။
အခုဆက်လက်ပြီး ကမ္ဘာ့မီဒီယာတွေမှာ မြန်မာနိုင်ငံနဲ့ပတ်သက်လို့ ဘယ်လိုများ သုံးသပ်ရေးသားနေကြသလဲဆိုတာ ကြည့်ကြရအောင်ပါ။ ဦးကျော်ဇံသာက မူရင်းအသုံးအနှုံးနဲ့ မူရင်းအာဘော်အတိုင်း ထုတ်နုတ်ပြောပြထားပါတယ်။
ဒီနှစ် အော်စကာဆုပေးပွဲအပြီး ပါတီမှာ အကျွေးအမွေးအစီအစဉ်အတွက် နာမည်ကျော်စားဖိုမှူး Wolfgang Puck ကို ငှားရမ်းထားပါတယ်။ ဒီနှစ်အတွက် ဘာဟင်းလျာတွေ စီစဉ်ထားပါလဲ။ သက်တံရောင်သတင်းလွှာအစီအစဉ်မှာ မအေးသန္တာကျော် တင်ဆက်ထားပါတယ်။
နောက်ထပ်ကြည့်ရှုရန်