အီဂျစ်နိုင်ငံကို သွားလည်ခဲ့တဲ့ နော်သဇင်က ကမ္ဘာ့အံ့ဖွယ် ၇ ခုထဲမှာ ပါတဲ့ ဂီဇာ ပိရမစ် တွေဆီ သွားလည်ခဲ့ပါတယ်။ ကုလသမဂ္ဂ ယူနက်စကိုရဲ့ ကမ္ဘာ့ရှေးဟောင်း အမွေအနှစ်လည်းဖြစ်တဲ့ ဂီဇာပိရမစ်တွေဆီကို နော်သဇင်နဲ့အတူ လိုက်သွား လေ့လာကြရအောင်။
မြန်မာ့ရှေးရိုးရာ ကိုးကွယ်ယုံကြည်မှု တခုဖြစ်တဲ့ နတ်ကိုးကွယ်မှုရဲ့ ပြယုဂ်၊ နတ်ကနားပွဲကို ဘန်ကောက်မြို့တော်မှာ ကျင်းပခဲ့ပြီး နတ်ကိုးကွယ်တာဟာ အထင်သေးစရာ မဟုတ်၊ ကိုယ်ပိုင်ယဥ်ကျေးမှု တခု ဖြစ်တယ်ဆိုတာ နိုင်ငံတကာက သိရှိဖို့ ရည်ရွယ်တယ်လို့ ဆိုပါတယ်။ နေရာပေါင်းစုံ အကြောင်းစုံမှာ မညိုညိုလွင် တင်ပြထားပါတယ်။
ရခိုင်တိုင်းရင်းသား ကျောင်းဆရာလေးဖြစ်တဲ့ ကိုမြင့်စိုးဟာ အခက်အခဲအမျိုးမျိုးကြားကနေ အမေရိကန်အစိုးရက ပေးတဲ့ Fulbright ပညာတော်သင်ဆုရှင် တယောက် ဖြစ်လာခဲ့ပါတယ်။ ကျောင်းဆရာလေး ကိုမြင့်စိုး တယောက် ဘယ်လိုတွေ ကြိုးစားလုပ်ဆောင်ခဲ့တယ်ဆိုတာကို မခင်လေးက GenZ လူငယ်တွေအတွက် ဆက်သွယ်စကားပြောထားပါတယ်။
အီတလီဆောက်လုပ်ရေးလုပ်ငန်းတွေမှာ လူနဲ့အတူတွဲ လုပ်နိုင်တဲ့ စက်ရုပ် စမ်းသပ်အသုံးပြု၊ လူတွေ စကားပြောနိုင်တဲ့ မျိုးဗီဇကို ကြွက်တွေဆီမှာ ထည့်သွင်း စမ်းသပ်ခဲ့တော့ ကြွက်တွေ အသံပြောင်းသွားတာ ကန်သိပ္ပံပညာရှင်တွေ တွေ့ရှိ၊ ထူးခြားဆန်းပြားသတင်းများကို မမြသဇင်အောင်နဲ့ ကိုငြိမ်းချမ်း တင်ဆက်ထားပါတယ်။
ကျားဖြန့်လုပ်ငန်းတွေမှာ ဘယ်သူတွေ ပါဝင်ပတ်သက်နေသလဲ၊ မီဒီယာတွေက ဘယ်လိုရေးသားဖော်ပြကြသလဲဆိုတာ ကမ္ဘာ့၊မြန်မာ့ မီဒီယာမြင်ကွင်းကဏ္ဍမှာ ဆောင်းပါးရှင်ပြည်သွေးနိုင်က ဆွေးနွေးတင်ပြထားပါတယ်။
ကုလသမဂ္ဂရဲ့ အဓိက တရားစီရင်ရေးဆိုင်ရာ တရားရုံး ICJ နဲ့ ကြီးလေးတဲ့ နိုင်ငံတကာဥပဒေ ချိုးဖောက်မှုတွေကို စစ်ဆေးတဲ့ ICC နိုင်ငံတကာ ရာဇဝတ်တရားရုံးတွေနဲ့ ပတ်သက်တဲ့ အချက်အလက်တွေ၊ မတူကွဲပြားမှုတွေအကြောင်း မညိုညိုလွင်က သတင်းတွေထဲက သုတအစီအစဉ်မှာ တင်ပြထားပါတယ်။
မြန်မာပြည်က ရွှေ့ပြောင်းအခြေချသူ တဦး အမေရိကန်ပြည်ထောင်စုရဲ့ မြို့နယ်ပညာရေး ဘုတ်အဖွဲ့မှာ ရွေးကောက်တင်မြှောက်ခံထားရတာဟာ သူတပါးအရပ်ဒေသရောက် ဧည့်သည်လိုမနေဘဲ ဒေသန္တရ ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တာကြောင့် ဖြစ်တယ်လို့ ဒေါက်တာ Hre Mang က ပြောပါတယ်။ ကိုဇော်ဝင်းလှိုင် တွေ့ဆုံမေးမြန်းထားပါတယ်။
လယ်ယာလုပ်သား ရှားပါးမှုကြောင့် မတ်ပဲစိုက်ခင်းတွေ ရိတ်သိမ်းဖို့ ခက်ခဲနေ၊ ဒီသတင်းနဲ့ လယ်ယာစီးပွားသတင်းတွေကို စုစည်းပြီး Farmer Times Media က တင်ဆက်ပေးထားပါတယ်။
နိုင်ငံခြားသားတွေပါ တရားဝင် လက်နက်ခဲယမ်းကိုင်ဆောင်ပြီး ပုဂ္ဂလိက လုံခြုံရေး ဝန်ဆောင်မှုလုပ်ငန်းတွေမှာ ပါဝင်ခွင့် ဥပဒေသစ်၊ စစ်ကောင်စီနဲ့ TNLA ဆွေးနွေးပွဲ မညှိနိုင်လို့ နောက်တခါ ထပ်တွေ့ဖို့ ရှိ၊ ဒီလို တပတ်အတွင်းသတင်းတွေကို မခင်လေးနဲ့ ကိုဝင်းခန့်မောင် တင်ပြထားပါတယ်။
အမေရိကန်သမ္မတ Trump ကရွေးကောက်ပွဲမဲဆွယ်ကာလကတည်းက တရားမဝင်နေပြီး ရာဇဝတ်မှုကျူးလွန်သူတွေကို ပြန်ပို့မယ်ဆိုတဲ့ ကတိကဝတ်တွေကို အကောင်အထည်ဖေါ်ရာမှာ ပြည်တွင်းပြည်ပမှာပါ ရိုက်ခတ်မှုတွေ ရှိပါတယ်။ အဲဒီထဲမှာ အမေရိကန် စိုက်ပျိုးရေးလုပ်ငန်းမှာ လုပ်သားရှားပါးတဲ့ပြဿနာလည်း ပါဝင်ပါတယ်။ ကိုအောင်အောင် တင်ပြထားပါတယ်။
မဲမသမာမှုကြောင့် ၂၀၂၀ ရွေးကောက်ပွဲရလဒ် ပယ်ဖျက်ခံရမှုကို အမှန်အတိုင်းမသုံးသပ်ဘဲ အာဏာကို အဓမ္မနည်းနဲ့ လိုချင်မှုကြောင့် မြန်မာနိုင်ငံတဝန်း ဖြစ်ပွားနေတဲ့ လက်နက်ကိုင် ပဋိပက္ခတွေ ဖြစ်လာတယ်လို့ စစ်ကောင်စီ ခေါင်းဆောင်က ပြောဆိုထားပါတယ်။
အခုဆက်လက်ပြီး ကမ္ဘာ့မီဒီယာတွေမှာ မြန်မာနိုင်ငံနဲ့ပတ်သက်လို့ ဘယ်လိုများ သုံးသပ်ရေးသားနေကြသလဲဆိုတာ ကြည့်ကြရအောင်ပါ။ ဦးကျော်ဇံသာက မူရင်းအသုံးအနှုံးနဲ့ မူရင်းအာဘော်အတိုင်း ထုတ်နုတ်ပြောပြထားပါတယ်။
နောက်ထပ်ကြည့်ရှုရန်