ကျောက်ဖြူမြို့ကို AA က ပိတ်ဆို့ထားပြီး ထိုးစစ်ဆင်လာတာကြောင့် တိုက်ပွဲတွေ ပြင်းထန်နေတာ၊ လိုင်ဇာမြို့နားက ဂျေယန့် စစ်ရှောင်စခန်းမှာ မိန်းကလေးငယ် ၃ ယောက် ပြန်ပေးဆွဲခံရပြီး အသတ်ခံလိုက်ရတာ၊ “ချင်းအမျိုးသားကောင်စီ" ဖွဲ့စည်းဖို့ သဘောတူလိုက်တာ စတာတွေကို တိုင်းရင်းသတင်းထောက်တွေ စုစည်းတင်ဆက်ထားပါတယ်။
အကျဉ်းထောင်တွေထဲက နိုင်ငံရေးဖိနှိပ်မှု၊ ခေတ်အဆက်ဆက် လွတ်မြောက်ရေးလှုပ်ရှားမှု သမိုင်းကြောင်းနဲ့ ပေးဆပ်မှုတွေကို ပြထားတဲ့ ပြတိုက်တခုလည်း AAPP က ဖွင့်လှစ်ထားပါတယ်။ ဒီပြတိုက်ကို ကိုယ်တိုင်သွားရောက်ရိုက်ကူးပြီး ကိုသိန်းထိုက်ဦး တင်ပြထားပါတယ်။
ယူကရိန်းက မြေရှားသတ္တုသဘောတူညီချက်ကို လက်မှတ်ထိုးဖို့ ယူကရိန်းသမ္မတ Zelenskyy ဟာ အမေရိကန်သမ္မတအိမ်ဖြူတော်ကို သောကြာနေ့မှာ လာမယ့်အကြောင်း သမ္မတထရမ့်က ပြောပါတယ်။ ဒါပေမဲ့ ဆွေးနွေးဖို့ကိစ္စ တချို့ကျန်နေသေးတဲ့အကြောင်း ယူကရိန်းသမ္မတဘက်က ပြောထားပါတယ်။ Anita Powell ရဲ့သတင်းကို ကိုငြိမ်းချမ်းက ပြောပြမှာပါ။
ဒီနှစ် အော်စကာဆုပေးပွဲအပြီး ပါတီမှာ အကျွေးအမွေးအစီအစဉ်အတွက် နာမည်ကျော်စားဖိုမှူး Wolfgang Puck ကို ဌားရမ်းထားပါတယ်။ ဒီနှစ်အတွက် ဘာဟင်းလျာတွေ စီစဉ်ထားပါလဲ။ သက်တံရောင်သတင်းလွှာအစီအစဉ်မှာ မအေးသန္တာကျော် တင်ဆက်ထားပါတယ်။
နျူကလီးယားနဲ့ပတ်သက်ပြီး ပြဿနာအကြီးကြီးဖြစ်သွားအောင် ယူကရိန်းတို့လုပ်ဆောင်နေတယ်လို့ ကုလသမဂ္ဂမှာ ရုရှားက စွပ်စွဲသွားပါတယ်။ နိုင်ငံတကာအနုမြူစွမ်းအင်အေဂျင်စီ IAEA ကတော့ ရုရှားရဲ့ လုပ်ရပ်တွေကြောင့် ဒီပြဿနာကြီး ပေါ်ပေါက်လာနိုင်တယ်လို့ သတိပေးနေတာပါ။ VOA ရဲ့ ပိုလီဂရပ်ဖ် ဗီဒီယိုမှာ ကိုစည်သူ တင်ဆက်ထားပါတယ်။
ဂျာမနီဝန်ကြီးချုပ်သစ် ဖြစ်လာနိုင်ဖွယ်ရှိနေတဲ့ Friedrich Merz က ဥရောပရဲ့ ကံကြမ္မာကို အမေရိကန်က ဂရုမစိုက်ဘူးဆိုတာကို သိထားကြဖို့ သတိပေးလိုက်သလို၊ ဥရောပနိုင်ငံတွေအနေနဲ့ ကာကွယ်ရေးစွမ်းရည်ကို ပိုအရေးတကြီး စုစည်းတည်ဆောက်ကြဖို့ တိုက်တွန်းလိုက်ပါတယ်။ Henry Ridgwell ရဲ့သတင်းကို မခင်ဖြူထွေးက တင်ပြပေးပါမယ်။
ဂျော်ဒန်မြစ် အနောက်ဖက်ကမ်းဒေသက ဂျနင်ဒုက္ခသည်စခန်းကို အစ္စရေးတပ်တွေက ရှင်းလင်းနေတဲ့အပြင် ရေရှည်အခြေချဖို့ ပြင်လာတာ တွေ့ရတဲ့ အတွက် ပါလက်စတိုင်းဒေသခံတွေက သူတို့ကိုလည်း ဂါဇာမှာ လုပ်တဲ့နည်းအတိုင်း အစ္စရေးက ဖယ်ရှားမှာကို စိုးရိမ်နေကြပါတယ်။ ရိုက်တာသတင်း တပုဒ်ပေါ် အခြေခံပြီး ဒေါ်ခင်မျိုးသက်က ပြောပြပေးမှာပါ။
အမေရိကန်ပြည်ထောင်စု ကော်လိုရာဒိုပြည်နယ် အရပ်ပဟိုးကောင်တီက အိမ်မွေးတိရစ္ဆာန်အရောင်းဆိုင်ကို အမျိုးသား ၃ ဦး သပ်သပ်စီအယောင်ဆောင် ရောက်လာပြီး၊ ဈေးကြီးခွေးလေးတွေ ခိုးပြေးခဲ့ပါတယ်။ တဦးက ဝက်ရူးပြန်ချင်ယောင်ဆောင်ပြီး လူတွေ အာရုံများအောင်လုပ်ထားချိန်မှာ ကျန်တဦးက ခွေးလေးတွေ ခိုးယူတာဖြစ်ပါတယ်။
မြန်မာဟာ ကမ္ဘာမှာ မြေမြှုပ်မိုင်းနဲ့ စစ်ပွဲအတွင်း ပေါက်ကွဲစေတတ်တဲ့ စစ်လက်နက်အကြွင်းအကျန် ပစ္စည်းကြောင့် ထိခိုက်ဒဏ်ရာရမှု အများဆုံးနိုင်ငံ ဖြစ်လာတဲ့အကြောင်း Mine Free Myanmar အဖွဲ့ရဲ့ ၂၀၂၄ မြေမြှုပ်မိုင်းစောင့်ကြည့်လေ့လာရေး အစီရင်ခံစာမှာ ဖေါ်ပြပါတယ်။ အပြည့်အစုံကို မညိုညိုလွင် သတင်းပေးပို့ထားပါတယ်။
ဗြိတိန်နိုင်ငံမှာ လွန်ခဲ့တဲ့ ၅ နှစ်က ရွှေအိမ်သာခွေးယူမှုနဲ့ လူတချို့ တရားရုံးတင် စစ်ဆေးခံနေရပါတယ်။ ရုပ်ရှင်ထဲပါတဲ့ ခွေးအနုပညာရှင်တွေအတွက် အော်စကာဆုပေးပွဲတခု လန်ဒန်မှာ ကျင်းပသွားပါတယ်။ ဒီလို ဆိုရှယ်မီဒီယာပေါ်မှာ လူကြည့်များတဲ့ တမိနစ် သတင်းတိုလေးတွေကို မအေးသန္တာကျော် စုစည်းတင်ဆက်ထားပါတယ်။
အမေရိကန်သူရဲကောင်းဥယျာဉ်မှာ အမေရိကန်က အာဖရိကနွယ်ဖွားလူမည်း အမျိုးသားတွေရဲ့ ရုပ်တုတွေကို ထားရှိသွားမယ်လို့ သမ္မတထရမ့်က ပြောလိုက်ပါတယ်။ နိုင်ငံလက်ရွေးစင်အသင်းမှာ ပြန်ကစားဖို့ အဆင်သင့်ဖြစ်နေပြီလို့ ရီးယဲလ်မက်ဒရစ် ဂိုးသမားက ဆိုပါတယ်။ ဒီလိုတပတ်အတွင်း အားကစားသတင်းတွေကို ကိုရန်နိုင်က စုစည်းတင်ဆက်ထားပါတယ်။
အမေရိကန်ပြည်ထောင်စုရဲ့ ထိပ်တန်းတပ်မှူးကြီးတဦးကို ရာထူးက ဖယ်ရှားလိုက်တဲ့အပေါ် ကာကွယ်ရေးဝန်ကြီး Pete Hegseth က လူမှန် နေရာမှန်မဟုတ်ပါဘူး ဆိုတဲ့ အကြောင်းပြချက်ပေးလိုက်ပါတယ်။ VOA ပင်တဂွန် သတင်းထောက် Carla Babb သတင်းပေးပို့ထားတာကို မခင်လေးက ပြောပြပေးပါမယ်။
နောက်ထပ်ကြည့်ရှုရန်