နယ်သာလန်နိုင်ငံမှာ နှစ်စဉ် ဇန်နဝါရီလရဲ့ တတိယ စနေနေ့ကို နယ်သာလန်ကျူးလစ်ပန်းနေ့အဖြစ် သတ်မှတ်ပြီး ကျူးလစ်ပန်းတွေ အခမဲ့ ဝေပေးပါတယ်။ ကျူးလစ်ပန်းရာသီစတင်တဲ့ အထိမ်းအမှတ်နဲ့ Amsterdam မြို့တော်မှာကျင်းပတဲ့ ကျူးလစ်ပန်းနေ့ကို မစုမြတ်မွန်နဲ့အတူ ကမ္ဘာတလွှားခရီးသွားအစီအစဉ်ကနေ အတူသွားပြီး ပန်းတွေရွေးယူကြရအောင်ပါ။
ကနေဒါနဲ့ မက္ကဆီကို နိုင်ငံတွေက အမေရိကန်သမ္မတထရမ့်ရဲ့ တောင်းဆိုမှုတွေကို လိုက်လျောခဲ့ပြီး ထရမ့်ကလည်း ၂၅% သွင်းကုန်ခွန် ကောက်မယ့် ကိစ္စကို ဆိုင်းငံ့လိုက်ပါတယ်။ တရုတ်နိုင်ငံကို ၁၀% သွင်းကုန်ခွန် တိုးမယ့် ကိစ္စကတော့ အင်္ဂါနေ့မှာစတင်ခဲ့ပြီး တရုတ်ဘက်ကလည်း သွင်းကုန်ခွန်တွေ တိုးမြှင့်ပြီး တုံ့ပြန်ခဲ့ပါတယ်။
ဝါရှင်တန်ဒီစီ မြို့တော်နား လေထဲမှာ ရဟတ်ယာဉ်နဲ့ လေယာဉ် တိုက်မိတဲ့ အဖြစ်ဟာ အမေရိကန်လေကြောင်းသမိုင်းမှာ ၂၅ နှစ်အတွင်း သေဆုံးမှု အများဆုံးဖြစ်ရပ်အဖြစ်မှတ်တမ်းဝင်ခဲ့ပါတယ်။ ဒီဖြစ်ရပ်အပေါ် တာဝန်ရှိသူတွေ ဆက်လက်စုံစမ်းစစ်ဆေးနေကြတဲ့အကြောင်း Arash Arabasadi သတင်းပေးပို့ထားတာကို ကိုငြိမ်းချမ်းက တင်ပြမှာပါ။
အမေရိကန်အစိုးရရဲ့ အကူအညီတွေ ရပ်ဆိုင်းလိုက်မယ်ဆိုရင် မြန်မာနိုင်ငံမှာ လွတ်လပ်တဲ့မီဒီယာတွေ ပေါ်ထွန်းရေး ဘယ်လိုတွေ ထိခိုက်မှုရှိနိုင်ပါသလဲ။ လွတ်လပ်သော မြန်မာသတင်းမီဒီယာကောင်စီ (IPCM) အတွင်းရေးမှူး ဦးတိုးဇော်လတ်ကို VOA ကို ကိုသိန်းထိုက်ဦးက မေးမြန်းတင်ပြထားပါတယ်။
မြန်မာနိုင်ငံက နာမည်ကျာ်တေးသံရှင်တဦးရေးသားတဲ့ စာအုပ်ဖွင့်ပွဲနဲ့ "မြန်မာ့နိုင်ငံရေးခရီးကြမ်းရှည်"လို့ အမည်ပေးထားတဲ့ ပြပွဲတခုကို ထိုင်းနိုင်ငံဘန်ကောက်မြို့က အနုပညာနဲ့ ယဥ်ကျေးမှုစင်တာ BACC မှာ ကျင်းပခဲ့ပါတယ်၊ သတင်းအပြည့်အစုံကို မညိုညိုလွင်က ဘန်ကောက်ကနေ သတင်းပေးပို့ထားပါတယ်၊
ပြင်သစ်နိုင်ငံ ပါရီမြို့က နာမည်ကျော်လုဗ်ပြတိုက်မှာ ဖက်ရှင် အဝတ်အထည်တွေနဲ့ ရှေးဟောင်းပစ္စည်းတွေယှဉ်တွဲပြသ၊ နာမည်ကြီးဟောလီးဝုဒ်မင်းသား၊ အဆိုတော် Will Smith က "Beautiful Scars" လှပတဲ့ အမာရွတ်များဆိုတဲ့ သီချင်းသစ်ထုတ်၊ သက်တံရောင် သတင်းလွှာအစီအစဉ်မှာ မအေးသန္တာကျော် တင်ဆက်ထားပါတယ်။
တိုးလာနေတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ ဘာသာရေးလွတ်လပ်ခွင့်ချိုးဖောက်မှုတွေအကြောင်း အမေရိကန်လွှတ်တော်မှာ တင်ပြတဲ့ ပွဲကို ဖေဖော်ဝါရီလ ၃ ရက် နေ့လယ်ပိုင်းမှာ အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီမြို့တော် Dirksen လွှတ်တော်အဆောက်အအုံမှာ ကျင်းပခဲ့ပါတယ်။
နေရာစုံကလူတွေကို အွန်လိုင်းမှာ ချိတ်ဆက်ပေးနိုင်တဲ့ လူမှုကွန်ရက်တွေဟာ စီးပွားရှာနိုင်တဲ့ အွန်လိုင်းပလက်ဖောင်းတွေ ဖြစ်လာနေတာနဲ့ပတ်သက်လို့ AI ဂျပန်ကာတွန်းဇတ်ကောင်တွေဖန်တီးနိုင်တဲ့ Moescape AI ကိုပူးတွဲတည်ထောင်သူ Rob Latt ကို မစုမြတ်မွန်မေးမြန်းပြီး လူမှုရှုခင်းမှာ တင်ပြထားပါတယ်။
မြောက်ကိုရီးယား ပြည်သူတွေဟာ တရုတ်နှစ်သစ်ကူးနေ့ကို ဆန်မုန့်ပြားစွပ်ပြုတ်စားရင် ဆင်နွှဲကြတာပါ။ ဆန်မုန့်ပြားစွပ်ပြုတ်ဆိုတာက ရိုးရာအစားအစာထဲက တခုဖြစ်သလို လူကြိုက်အများဆုံး အစားအစာ တခုလဲဖြစ်ပါတယ်။ အေပီသတင်းဆောင်းပါးကို အခြေခံပြီး အလိမ္မာ ပြောပြပေးထားပါတယ်။
မြန်မာနိုင်ငံထဲ အခြေစိုက်တဲ့ အွန်လိုင်း ရာဇဝတ်ဂိုဏ်းတွေကို နှိမ်နင်းဖို့ နယ်စပ်နဲ့ကပ်လျက် ထိုင်းနိုင်ငံ မဲဆောက်မြို့မှာ ခုရက်ပိုင်းလုံခြုံရေး အလွန်တင်းကြပ်နေပါတယ်။ ဒီအကြောင်း မဲဆောက်မြို့ကို ရောက်နေတဲ့ ဗွီအိုအေဝိုင်းတော်သား ကိုသိန်းထိုက်ဦးကို ကိုအောင်အောင်က ဆက်သွယ်မေးမြန်းထားပါတယ်။
ကနေဒါ၊ မက္ကစီကိုနဲ့ တရုတ်နိုင်ငံက သွင်းကုန်တွေအပေါ် ကုန်သွယ်ခွန် တိုးကောက်တာနဲ့ ပတ်သက်လို့ အမေရိကန်အစိုးရက ဆက်လက်အရေးယူဆောင်ရွက်နေပါတယ်။ ကုန်သွယ်ခွန် တိုးကောက်ခံရတဲ့ နိုင်ငံတွေကရော ဘယ်လိုတုန့်ပြန်ကြပါသလဲ။ VOA သတင်းထောက် Veronica Balderas Iglesias ပေးပို့ထားတဲ့သတင်းကို ကိုအောင်အောင် တင်ပြထားပါတယ်။
အမေရိကန်သမ္မတ Trump အစိုးရက ရုရှားနဲ့ ယူကရိန်း စေ့စပ်ဆွေးနွေးနိုင်ဖို့ နှစ်ဘက်စလုံးနဲ့ ကြိုးပမ်းနေဆဲဖြစ်ပြီး ယူကရိန်းက ငြိမ်းချမ်းရေးအတွက် အဆင်သင့်ရှိတယ်လို့ ပြောဆိုထားပေမဲ့ ရုရှားတပ်တွေဟာ ဆက်လက်တိုက်ခိုက်နေဆဲပါ။ Ricardo Maruqina မော်စကိုမြို့တော်ကနေ သတင်းပေးပို့ထားတာကို ကိုငြိမ်းချမ်းက တင်ပြမှာပါ။
နောက်ထပ်ကြည့်ရှုရန်