ကုလသမဂ္ဂရဲ့ အဓိက တရားစီရင်ရေးဆိုင်ရာ တရားရုံး ICJ နဲ့ ကြီးလေးတဲ့ နိုင်ငံတကာဥပဒေ ချိုးဖောက်မှုတွေကို စစ်ဆေးတဲ့ ICC နိုင်ငံတကာ ရာဇဝတ်တရားရုံးတွေနဲ့ ပတ်သက်တဲ့ အချက်အလက်တွေ၊ မတူကွဲပြားမှုတွေအကြောင်း မညိုညိုလွင်က သတင်းတွေထဲက သုတအစီအစဉ်မှာ တင်ပြထားပါတယ်။
မြန်မာပြည်က ရွှေ့ပြောင်းအခြေချသူ တဦး အမေရိကန်ပြည်ထောင်စုရဲ့ မြို့နယ်ပညာရေး ဘုတ်အဖွဲ့မှာ ရွေးကောက်တင်မြှောက်ခံထားရတာဟာ သူတပါးအရပ်ဒေသရောက် ဧည့်သည်လိုမနေဘဲ ဒေသန္တရ ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တာကြောင့် ဖြစ်တယ်လို့ ဒေါက်တာ Hre Mang က ပြောပါတယ်။ ကိုဇော်ဝင်းလှိုင် တွေ့ဆုံမေးမြန်းထားပါတယ်။
လယ်ယာလုပ်သား ရှားပါးမှုကြောင့် မတ်ပဲစိုက်ခင်းတွေ ရိတ်သိမ်းဖို့ ခက်ခဲနေ၊ ဒီသတင်းနဲ့ လယ်ယာစီးပွားသတင်းတွေကို စုစည်းပြီး Farmer Times Media က တင်ဆက်ပေးထားပါတယ်။
နိုင်ငံခြားသားတွေပါ တရားဝင် လက်နက်ခဲယမ်းကိုင်ဆောင်ပြီး ပုဂ္ဂလိက လုံခြုံရေး ဝန်ဆောင်မှုလုပ်ငန်းတွေမှာ ပါဝင်ခွင့် ဥပဒေသစ်၊ စစ်ကောင်စီနဲ့ TNLA ဆွေးနွေးပွဲ မညှိနိုင်လို့ နောက်တခါ ထပ်တွေ့ဖို့ ရှိ၊ ဒီလို တပတ်အတွင်းသတင်းတွေကို မခင်လေးနဲ့ ကိုဝင်းခန့်မောင် တင်ပြထားပါတယ်။
အမေရိကန်သမ္မတ Trump ကရွေးကောက်ပွဲမဲဆွယ်ကာလကတည်းက တရားမဝင်နေပြီး ရာဇဝတ်မှုကျူးလွန်သူတွေကို ပြန်ပို့မယ်ဆိုတဲ့ ကတိကဝတ်တွေကို အကောင်အထည်ဖေါ်ရာမှာ ပြည်တွင်းပြည်ပမှာပါ ရိုက်ခတ်မှုတွေ ရှိပါတယ်။ အဲဒီထဲမှာ အမေရိကန် စိုက်ပျိုးရေးလုပ်ငန်းမှာ လုပ်သားရှားပါးတဲ့ပြဿနာလည်း ပါဝင်ပါတယ်။ ကိုအောင်အောင် တင်ပြထားပါတယ်။
မဲမသမာမှုကြောင့် ၂၀၂၀ ရွေးကောက်ပွဲရလဒ် ပယ်ဖျက်ခံရမှုကို အမှန်အတိုင်းမသုံးသပ်ဘဲ အာဏာကို အဓမ္မနည်းနဲ့ လိုချင်မှုကြောင့် မြန်မာနိုင်ငံတဝန်း ဖြစ်ပွားနေတဲ့ လက်နက်ကိုင် ပဋိပက္ခတွေ ဖြစ်လာတယ်လို့ စစ်ကောင်စီ ခေါင်းဆောင်က ပြောဆိုထားပါတယ်။
အခုဆက်လက်ပြီး ကမ္ဘာ့မီဒီယာတွေမှာ မြန်မာနိုင်ငံနဲ့ပတ်သက်လို့ ဘယ်လိုများ သုံးသပ်ရေးသားနေကြသလဲဆိုတာ ကြည့်ကြရအောင်ပါ။ ဦးကျော်ဇံသာက မူရင်းအသုံးအနှုံးနဲ့ မူရင်းအာဘော်အတိုင်း ထုတ်နုတ်ပြောပြထားပါတယ်။
ငွေကြေးဖေါင်းပွမှု တဟုန်ထိုးတက်နေတဲ့ ဂျပန်မှာ စာသုံးသူတွေ စိတ်မပူရအောင် အရေးပေါ်သိုလှောင်ထားတဲ့ ဆန်တွေ အစိုးရက ဈေးကွက်ထဲ ချရောင်းပေးနေတဲ့အကြောင်းနဲ့ အမေရိကန်ထဲ သံမဏိအများအပြားတင်ပို့နေတဲ့ တောင်ကိုရီးယားရဲ့စီးပွားရေး ထိခိုက်လာမှာ လုပ်ငန်းရှင်တွေ စိုးရိမ်နေတဲ့အကြောင်း ကိုဉာဏ်ဝင်းအောင် တင်ပြထားပါတယ်။
ယူကရိန်းစစ်သား အန်ဒရီ ချာနက်စကီး ဟာ သူ့မြို့မှာ ကလေးကစားကွင်း စီမံကိန်းတစ်ခုကို တည်ဆောက်ခွင့်ရခဲ့ပေမဲ့ တကယ့်လက်တွေ့ အကောင်အထည်ဖော်ဖို့ အသက်မရှည်ခဲ့ပါဘူး။ ဒီကစားကွင်းကိုတော့ မကြာသေးခင်က ဖွင့်လှစ်ခဲ့ပါပြီ။ VOA သတင်းထောက် Anna Rice သတင်းပေးပို့ထားတာကို ကိုစံကျော်ပြောပြပါမယ်။
စားသောက်ကုန်၊ ဓာတ်ဆီနဲ့ အိမ်ဈေးအပါအဝင် တခြားကုန်ပစ္စည်းတွေပါ ဈေးတွေထပ်တက်နေလို့ ဇန်နဝါရီလအတွင်း အမေရိကန်မှာ ငွေကြေးဖောင်းပွမှုတွေ ထပ်တိုးခဲ့ပါတယ်။ Trump အစိုးရအနေနဲ့ ကုန်ဈေးနှုန်းတွေကျအောင် ဘာတွေလုပ်ဆောင်နိုင်ပါမလဲ။ ဗွီအိုအေသတင်းထောက် Veronica Balderas ရဲ့သတင်းကို ကိုဇော်ဝင်းလှိုင် တင်ပြပေးပါမယ်။
PSLF/TNLA နဲ့ စစ်ကောင်စီကြားက ရလဒ်မထွက်ခဲ့တဲ့ ကူမင်းဆွေးနွေးပွဲ၊ ကလေးတွေအပါ ၇ ဦးသေဆုံးခဲ့တဲ့ ကချင်၊ ဗန်းမော်နယ်ကရွာတွေ ဗုံးကြဲတိုက်ခိုက်ခံရမှု၊ ချင်းပြည်န ယ် ကလေးမြို့တောင်ပိုင်း ဗုံးကြဲတိုက်ခိုက်မှုမှာ ကလေးအပါ ၄ ဦးသေ၊ ၆ ဦးဒဏ်ရာရ၊ ကရင်ဘားအံဘက်မှာလက်နက်ကြီးနဲ့လေကြောင်းတိုက်ခိုက်ခံနေရတဲ့အခြေအနေ...
ရုရှားက ယူကရိန်းကို ကျုးကျော်တဲ့ စစ်ပွဲ ၄ နှစ်ထဲ ဝင်လာတဲ့အချိန် အမေရိကန်နဲ့ ရုရှား အကြား ငြိမ်းချမ်းရေး ဆွေးနွေးနေတဲ့ ရလဒ်ဟာ ဥရောပတိုက်တခုလုံးအပေါ် နက်နက်ရှိုင်းရှိုင်းအကျိုးသက်ရောက်မှု ရှိမယ်လို့ ဥရောပခေါင်းဆောင်တွေက သတိပေးနေပါတယ်။ Henry Ridgwell ရဲ့သတင်းကို ကိုငြိမ်းချမ်းက တင်ပြပါမယ်။
နောက်ထပ်ကြည့်ရှုရန်