အမေရိကန်နဲ့ ယူကရိန်းသမ္မတတို့ဟာ ယူကရိန်းက မြေရှားသတ္တုနဲ့ ပတ်သက်ပြီး သဘောတူညီချက်ရဖို့ ကြိုးပမ်းနေကြပါတယ်။ ဂျာမနီနိုင်ငံ မြူးနစ်မြို့မှာ ကမ္ဘာ့ခေါင်းဆောင်တွေ တွေ့ဆုံပြီး ယူကရိန်း လုံခြုံရေးကိစ္စအပါအဝင် တခြားကိစ္စတွေကို ဆွေးနွေးဖို့ ရှိပါတယ်။ Arash Arabasadi ရဲ့ သတင်းကို ကိုငြိမ်းချမ်း တင်ပြမှာပါ။
အမေရိကန်အစိုးရပေးတဲ့ DISP ပညာသင်ဆု ရပ်သွားပေမဲ့ တခြားနည်တွေနဲ့ ကျောင်းဆက်တက်နိုင်အောင် ကြိုးစားနေတယ်လို့ ကမ္ဘောဒီးယားနိုင်ငံ AUPP တက္ကသိုလ်မှာ ပထမနှစ်တက်နေတဲ့ ကိုထက်ဘုန်းကျော်က ပြောပါတယ်။ မစုမြတ်မွန်က မေးမြန်းပြီး လူမှုရှုခင်းမှာ တင်ပြထားပါတယ်။
အမေရိကန် အမျိုးသားလုံခြုံရေး အကြံပေး Mike Waltz က ဂါဇာကို ရယူမယ့် အမေရိကန်သမ္မတ Donald Trump အစီအစဉ်နဲ့ ပတ်သက်ပြီး ဝေဖန်ကြသူတွေကို ပြန်လည် မေးခွန်းထုတ်လိုက်ပါတယ်။ ဒီအကြောင်း VOA သတင်းထောက် Veronica Balderas Iglesias ရဲ့သတင်းကို ကိုအောင်အောင် တင်ပြထားပါတယ်။
မြန်မာနိုင်ငံမှာ စစ်မှုထမ်းရမယ့် စာရင်းမှာ ပါတဲ့လူငယ်တွေရော တခြားလူငယ်တွေကိုပါ ပြည်ပကို ထွက်ခွင့် စစ်ကောင်စီက တင်းတင်းကြပ်ကြပ် စစ်ဆေး ကန့်သတ်နေပေမဲ့ လူငယ်တွေကတော့ ရတဲ့နည်းလမ်းတွေနဲ့ အိမ်နီးချင်းနိုင်ငံတွေကို ထွက်နိုင်ဖို့ ကြိုးစားနေကြဆဲ ဖြစ်ပါတယ်။ ကိုသိန်းထိုက်ဦး ဘန်ကောက်ကနေ သတင်းပေးပို့ထားပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ NUG လူ့အခွင့်အရေးဆိုင်ရာ ဒုဝန်ကြီးဦးအောင်ကျော်မိုးကို ဗွီအိုအေမြန်မာပိုင်းက မဆုမွန်က ဝါရှင်တန်ဒီစီ ဗွီအိုအေစတူရီယိုမှာ သီးသန့်တွေ့ဆုံမေးမြန်းထားပါတယ်။
အခု ၂၀၂၅ ခုနှစ်ထဲမှာပဲ စစ်ခေါင်းဆောင်ဟာ စစ်ကောင်စီနဲ့ အစိုးရအဖွဲ့ကို ထပ်ပြီးအပြောင်းအလဲ လုပ်ခဲ့ပြန်ပါတယ်။ လေးနှစ်ကျော်အတွင်းမှာ အုပ်ချုပ်ရေးတည်ဆောက်မှုဟာ မတည်ငြိမ်ခဲ့ပါဘူး။ ဒီအကြောင်း ISP-Myanmar ရဲ့ အခုတပတ် မြင်ကွင်းကျယ်မှတ်စုမှာ အချက်အလက်အခြေပြု ဖော်ပြထားပါတယ်။
ဒီအပတ်မှာတော့ နော်သဇင်က ပြင်သစ်နိုင်ငံက ပါရီမြို့တော်ရောက်ရင် သွားလည်ကိုလည်သင့်တဲ့ နေရာ ၅ နေရာကို လိုက်ပြပေးမှာပါ။ နော်သဇင်နဲ့အတူ ဒီထူးခြားတဲ့ နေရာလေးတွေဆီ သွားလည်ကြရအောင်ပါ။
ကမ္ဘာ့နိုင်ငံမျိုးစုံမှာ ရောက်ရှိနေထိုင်နေတဲ့ မြန်မာနိုင်ငံသားတွေအတွက် မြန်မာဆိုင်လေးတွေကို အခုနှစ်ပိုင်းတွေအတွင်း များများစားစား တွေ့မြင်လာရပါတယ်။ ဒီမှာ မြန်မာဆိုင်လေးတွေ ရှိတဲ့ မလေးရှား၊ ပီနန်မြို့က ကုန်တိုက်အကြောင်း အခုတပတ် နေရာပေါင်းစုံ အကြောင်းစုံမှာ မညိုညိုလွင် တင်ပြထားပါတယ်ရှင်။
ပြည်တွင်းပဋိပက္ခတွေနဲ့ မြန်မာနိုင်ငံမှာ ပြည်ပမှာ ကျောင်းတက်၊ အလုပ်လုပ်ချင်တဲ့ လူငယ်တွေ လေဆိပ်က ထွက်လို့မရ၊ စစ်ကောင်စီစစ်မှုထမ်းဖို့ အတင်းသွတ်သွင်းခံရ၊ ပညာတော်သင်ဆုတွေကို ရုပ်သိမ်းခံရနဲ့ အကျပ်အတည်း မျိုးစုံကြားက လူငယ်တွေ နေ့စဉ် ကြိုးစားရင်ဆိုင်ကျော်လွှားနေကြရတာပါ။ မခင်လေးက ဆက်သွယ် စကားပြောထားပါတယ်။
အာဂျင်တီးနား ဇီဝနည်းပညာကုမ္ပဏီက ကမ္ဘာ့ပထမဦးဆုံး မျိုးရိုးဗီဇ ပြုပြင်ထားတဲ့ မြင်းတကောင် မွေးထုတ်၊ အမေရိကန်သုတေသီတွေကတော့ ကြွက်ကလေးတွေကို VR ပုံရိပ်ယောင် မျက်မှန်လေး တပ်ပေးပြီး ဦးနှောက်အလုပ်လုပ်ပုံကို လေ့လာ၊ ကမ္ဘာတလွှားက ဒီလို ထူးခြားဆန်းပြားသတင်းများကို မမြသဇင်အောင်နဲ့ ကိုငြိမ်းချမ်း တင်ဆက်ထားပါတယ်။
ကမ္ဘာတဝန်းကို ပေးနေတဲ့ အမေရိကန်ရဲ့ နိုင်ငံရပ်ခြား အကူအညီတွေ ဆိုင်းငံ့လိုက်တာဟာ မြန်မာနိုင်ငံပေါ်မှာလည်း အကျိုးသက်ရောက်မှုတွေ ဖြစ်ပေါ်လာတာ တွေ့ရပါတယ်။ တော်လှန်ရေးကိုရော ထိခိုက်မှုတွေ ရှိလာနိုင်သလားဆိုတာကို ကမ္ဘာ့၊မြန်မာ့ မီဒီယာမြင်ကွင်းကဏ္ဍမှာ ဆောင်းပါးရှင် ပြည်သွေးနိုင်က ဆွေးနွေးတင်ပြထားပါတယ်။
မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံတော်တော်များများမှာ လေထုညစ်ညမ်းမှုနဲ့ နောက်ဆက်တွဲ သက်ရောက်မှုတွေအပေါ် ဂရုပြုစရာ ဖြစ်လာပါတယ်။ လေထုညစ်ညမ်းမှုရဲ့ နောက်ဆက်တွဲ အကျိုးဆက်တွေကြောင့် ကလေးသူငယ်တွေအပေါ် ဘယ်လို ထိခိုက်မှုတွေ ရှိနေသလဲဆိုတာကို မညိုညိုလွင်က သတင်းတွေထဲက သုတအစီအစဉ်မှာ တင်ပြထားပါတယ်။
နောက်ထပ်ကြည့်ရှုရန်