တိုင်ဝမ်နိုင်ငံ တိုင်ချောင်းမြို့မှာ ကြာသပတေးနေ့က ကုန်တိုက်ကြီးတခုမှာ ဓာတ်ငွေ့ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ လူ ၄ ဦး သေဆုံးပြီး ၈ ဦး ဆေးရုံတင်ခဲ့ရပါတယ်။ သေဆုံးသူတွေထဲမှာ မကာအိုက ခရီးသွားမိသားစုဝင် ၂ ဦးလည်း ပါဝင်ပါတယ်။
ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာရှိတဲ့ လုမ္ဗနီလက်ဝှေ့အားကစားရုံကြီးမှာ မနက်ဖြန် ဖေဖော်ဝါရီ ၁၄ နေ့ညမှာ သူရဲ့ ပထမဆုံး One Championship ပွဲဦးထွက်ပွဲအတွက် ကယန်းအမျိုးသမီး လက်ဝှေ့ကျော် ဗရော်နီကာ ဘယ်လိုပြင်ဆင်ထားလဲဆိုတာ မညိုညိုလွင် ဘန်ကောက်ကနေ ရိုက်ကူး သတင်းပေးပို့ထားပါတယ်။
ယူကရိန်း စစ်ပွဲရပ်တန့်ရေးအတွက် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ ဘက်မျိုးစုံပါဝင်တဲ့ သံတမန်ရေး ဆက်သွယ်မှုတွေ လုပ်ခဲ့ပြီး ရုရှားသမ္မတနဲ့ မကြာခင်မှာတွေ့ဆုံမယ်လို့ ပြောခဲ့သလို ယူကရိန်းသမ္မတနဲ့ တွေ့ဖို့ အမေရိကန် ဒုသမ္မတဦးဆောင်အဖွဲ့ကိုလည်း စေလွှတ်ထားပါတယ်။ Anita Powell ရဲ့သတင်းကို ကိုငြိမ်းချမ်းက ပြောပြမှာပါ။
အမေရိကန် ပြည်ထောင်စုမှာ ကလေးမွေးပြီး နိုင်ငံသားအဖြစ်ခံယူဖို့ လုပ်ဆောင်တဲ့ကိစ္စမှာ အမေရိကန် ပြည်မကြီးဆီကိုပဲ ဦးတည်လာကြတာမဟုတ်ပါဘူး။ တရုတ်နိုင်ငံက ကိုယ်ဝန်ဆောင်မိခင်တွေဟာ သူတို့နဲ့ နီးတဲ့ အမေရိကန်ပိုင်နက် နယ်မြေတွေကိုလည်း သွားတတ်ကြပါတယ်။ ဒီအကြောင်း ကိုငြိမ်းချမ်းက တင်ပြမှာပါ။
အမေရိကန်စစ်ဌာနချုပ်ဟာ ယူကရိန်းမှာ ဇီဝလက်နက်စမ်းသပ်ဓာတ်ခွဲခန်းတွေ အများကြီး ဖွင့်လှစ်ထားတယ်လို့ ရုရှားက ပြောပါတယ်။ အသေးစိတ်ကို အချက်အလက် အခြေခံပြီး မှားမှန်အတည်ပြုထားတဲ့ VOA ရဲ့ ပိုလီဂရပ်ဖ် ရုပ်သံဗီဒီယိုမှာ တင်ဆက်ထားပါတယ်။
ဥတုရာသီပြောင်းလဲမှုက အာတိတ်ဒေသကို လျှင်လျှင်မြန်မြန် ပြောင်းလဲစေပြီး သဘာဝပတ်ဝန်းကျင်အန္တရာယ်တွေနဲ့ စီးပွားရေးအခွင့်အလမ်းတွေ ဖန်တီးနေသလို အင်အားကြီးနိုင်ငံတွေက ထိန်းချုပ်ဖို့ ကြိုးစားနေကြတာကြောင့် ပထဝီနိုင်ငံရေးတင်းမာမှုတွေလည်း ပေါ်ပေါက်စေတာပါ။ ပုံပြရုပ်သံမှာ ကိုဝင်းခန့်မောင် တင်ဆက်ပေးထားပါတယ်။
လူမှုကွန်ရက်တွေနဲ့ မီဒီယာတွေကတဆင့် ဘာသာရေး၊ လူငယ်လူရွယ်များကို အတွေးအခေါ်အယူအဆမှားယွင်းအောင်လုပ်ဆောင်နေတာကို လျော့နည်းပပျောက်အောင် ကာကွယ်စောင့်ရှောက်ဖို့ လိုအပ်တယ်လို့ စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မိန့်ခွန်းမှာ ထည့်သွင်းပြောပါတယ်။
စင်္ကာပူနိုင်ငံမှာ အလုပ်ရှာဖို့ဆိုပြီး ထွက်လာတဲ့ မြန်မာလူငယ် ၃၀ ကျော် ၄၀ နီးပါး ပွဲစားတွေက လှည့်ဖျားတာကို ခံရပြီး ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ လနဲ့ချီ သောင်တင်နေပါတယ်။ လူငယ်တွေကို ကူညီနေသူတဦးနဲ့ သောင်တင်နေတဲ့ လူငယ်တွေထဲက တချို့ကို VOA က လူကိုယ်တိုင် တွေ့ဆုံမေးမြန်းထားပါတယ်။
ပြိုင်ကားတွေကို မိလ္လာအညစ်အကြေး စွမ်းအင်တွေသုံးပြီး မောင်းလို့ရအောင် စမ်းသစ်တီထွင်ထုတ်လုပ်နေပါတယ်။ ဒီကားတွေကို အသုံးမလိုတော့တဲ့ ပစ္စည်းတွေနဲ့ တည်ဆောက်ထားပြီး ၂၀၂၅ ခုနှစ်ထဲမှာ အပြီးသတ်ဖို့စီစဉ်ထားပါတယ်။ Reuters သတင်းဆောင်းပါးကို အခြေခံပြီး အလိမ္မာပြောပြထားပါတယ်။
အမေရိကန်အမျိုးသားဘောလုံး Super Bowl ဖိုင်နယ်မှာ Philadelphia Eagles အသင်းက အနိုင်ရပြီး ချန်ပီယံဖြစ်သွားပါတယ်။ စပိန်နဲ့ ရီးယဲလ်မက်ဒရစ်နောက်တန်းကစားသမားဟောင်း ရားမို့စ် မက္ကဆီကိုကလပ်အသင်းနဲ့ စာချုပ်ချုပ်လိုက်ပါတယ်။ ဒီလိုသတင်းတွေနဲ့အတူ ဥရောပချန်ပီယံလိဂ်ဘက်သတင်းတွေကို ကိုရန်နိုင်စုစည်းတင်ဆက်ပေးထားပါတယ်။
ပစိဖိတ်သမုဒ္ဒရာထဲက Samoa ကျွန်းနိုင်ငံမှာ နှစ်ပေါင်း ၃,၀၀၀ ကျော်က ယဉ်ကျေးမှုအမွေအနှစ်ဖြစ်တဲ့ ရိုးရာဆေးမင်ကြောင်ထိုးနည်းကနေ ထန်းလက်ဖျာရက်တဲ့ပညာအထိ လက်မှုပညာတွေ မပျောက်ပျက်စေဘဲ နောင်မျိုးဆက်တွေအထိ လက်ဆင့်ကမ်းနိုင်အောင် ကြိုးစားနေတာကို မစုမြတ်မွန်နဲ့အတူ ကမ္ဘာတလွှားခရီးသွား အစီအစဉ်ကနေကြည့်ရအောင်ပါ။
သမ္မတဒေါ်နယ်ထရမ့်က အလူမီနီယံနဲ့ သံမဏိတင်သွင်းမှုအပေါ်အခွန် ၂၅ % တိုးကောက်ဖို့ ဖေဖေါ်ဝါရီ ၁၀ ရက်နေ့က အမိန့်ထုတ်ပြန်ခဲ့တာဟာ အဓိကတင်သွင်းနေတဲ့ ကနေဒါနဲ့ မက္ကဆီကိုနိုင်ငံတွေကိုထိခိုက်စေမှာ ဖြစ်ပါတယ်။ VOA သတင်းထောက် Anita Powel အိမ်ဖြူတော်ကနေ သတင်းပေးပို့ထားတာကို ကိုဇော်မိုးကျော် ပြောပြပေးပါမယ်။
နောက်ထပ်ကြည့်ရှုရန်