နေရာစုံကလူတွေကို အွန်လိုင်းမှာ ချိတ်ဆက်ပေးနိုင်တဲ့ လူမှုကွန်ရက်တွေဟာ စီးပွားရှာနိုင်တဲ့ အွန်လိုင်းပလက်ဖောင်းတွေ ဖြစ်လာနေတာနဲ့ပတ်သက်လို့ AI ဂျပန်ကာတွန်းဇတ်ကောင်တွေဖန်တီးနိုင်တဲ့ Moescape AI ကိုပူးတွဲတည်ထောင်သူ Rob Latt ကို မစုမြတ်မွန်မေးမြန်းပြီး လူမှုရှုခင်းမှာ တင်ပြထားပါတယ်။
မြောက်ကိုရီးယား ပြည်သူတွေဟာ တရုတ်နှစ်သစ်ကူးနေ့ကို ဆန်မုန့်ပြားစွပ်ပြုတ်စားရင် ဆင်နွှဲကြတာပါ။ ဆန်မုန့်ပြားစွပ်ပြုတ်ဆိုတာက ရိုးရာအစားအစာထဲက တခုဖြစ်သလို လူကြိုက်အများဆုံး အစားအစာ တခုလဲဖြစ်ပါတယ်။ အေပီသတင်းဆောင်းပါးကို အခြေခံပြီး အလိမ္မာ ပြောပြပေးထားပါတယ်။
မြန်မာနိုင်ငံထဲ အခြေစိုက်တဲ့ အွန်လိုင်း ရာဇဝတ်ဂိုဏ်းတွေကို နှိမ်နင်းဖို့ နယ်စပ်နဲ့ကပ်လျက် ထိုင်းနိုင်ငံ မဲဆောက်မြို့မှာ ခုရက်ပိုင်းလုံခြုံရေး အလွန်တင်းကြပ်နေပါတယ်။ ဒီအကြောင်း မဲဆောက်မြို့ကို ရောက်နေတဲ့ ဗွီအိုအေဝိုင်းတော်သား ကိုသိန်းထိုက်ဦးကို ကိုအောင်အောင်က ဆက်သွယ်မေးမြန်းထားပါတယ်။
ကနေဒါ၊ မက္ကစီကိုနဲ့ တရုတ်နိုင်ငံက သွင်းကုန်တွေအပေါ် ကုန်သွယ်ခွန် တိုးကောက်တာနဲ့ ပတ်သက်လို့ အမေရိကန်အစိုးရက ဆက်လက်အရေးယူဆောင်ရွက်နေပါတယ်။ ကုန်သွယ်ခွန် တိုးကောက်ခံရတဲ့ နိုင်ငံတွေကရော ဘယ်လိုတုန့်ပြန်ကြပါသလဲ။ VOA သတင်းထောက် Veronica Balderas Iglesias ပေးပို့ထားတဲ့သတင်းကို ကိုအောင်အောင် တင်ပြထားပါတယ်။
အမေရိကန်သမ္မတ Trump အစိုးရက ရုရှားနဲ့ ယူကရိန်း စေ့စပ်ဆွေးနွေးနိုင်ဖို့ နှစ်ဘက်စလုံးနဲ့ ကြိုးပမ်းနေဆဲဖြစ်ပြီး ယူကရိန်းက ငြိမ်းချမ်းရေးအတွက် အဆင်သင့်ရှိတယ်လို့ ပြောဆိုထားပေမဲ့ ရုရှားတပ်တွေဟာ ဆက်လက်တိုက်ခိုက်နေဆဲပါ။ Ricardo Maruqina မော်စကိုမြို့တော်ကနေ သတင်းပေးပို့ထားတာကို ကိုငြိမ်းချမ်းက တင်ပြမှာပါ။
စစ်တပ်အာဏာသိမ်းခဲ့တာ ၄ နှစ်ရှိလာတဲ့အချိန်မှာ ပြည်တွင်းစစ်ပွဲတွေကြား လူငယ်လူရွယ်တွေ အနာဂါတ်ပျောက်နေကြသလို အိမ်နီးချင်းထိုင်းနိုင်ငံဘက် ရွှေ့ပြောင်း အလုပ်လုပ်ကိုင်နေကြရတဲ့ သူတွေလည်း အဖမ်းခံရပြီး နေရပ်ပြန်ပို့ခံရမယ့် အရေးနဲ့ ရင်ဆိုင်နေရပါတယ်။ AFP သတင်းကို အခြေခံပြီး မမြသဇင်အောင်ပြောပြပေးပါမယ်။
Donald Trump သမ္မတဖြစ်လာတဲ့အချိန်မှာပဲ ဥတုရာသီနဲ့သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အမိန့်တွေ တသီကြီးထုတ်ပြန်လိုက်ပါတယ်။ဒီဆောင်ရွက်ချက်တွေကြောင့် ဥတုရာသီပြောင်းလဲမှုထိန်းချုပ်ရေးတရုတ်နိုင်ငံက ဦးဆောင်သူဖြစ်လာနိုင်တယ်လိုလည်း လေ့လာသူတွေကသုံးသပ်ပါတယ်။ ဥတုရာသီနဲ့အနာဂတ်ကမ္ဘာအစီအစဥ်မှာ နန်းလောင်ဝ်ကတင်ပြထားပါတယ်။
ထိုင်းမြန်မာနယ်စပ် သောင်းရင်းမြစ်ကမ်းစပ် မြန်မာပြည်တဘက်ခြမ်းက ဒူးပလာယာခရိုင်ထဲက ပလောတပို့စခန်းက ဒုက္ခသည်တွေ တချိန်ချိန်မှာ မိမိတို့ နေရပ်ရင်းပြန်ဖို့ မျှော်လင့်ချက်တွေအပြည့် ရှိနေကြပါတယ်။ သဘာဝဘေးဒဏ်ရော စစ်ဘေးဒဏ်ရော ရင်ဆိုင်ခဲ့ရတဲ့ ကရင်ပြည်နယ်တွင်းက စစ်ရှောင်တွေမှာ လေကြောင်းရန်ကို စိုးရိမ်နေကြဆဲပါ။
နေပြည်တော်မှာ ဇန်နဝါရီ ၂၃ ရက်နဲ့ ၂၄ ရက်နေ့တွေက နိုင်ငံရေးပါတီများအစုအဖွဲ့တွေ တွေ့ဆုံဆွေးနွေးခဲ့ကြတဲ့ပွဲနဲ့ စစ်မှုထမ်းဥပဒေရဲ့ အကျိုးသက်ရောက်မှုတွေအကြောင်းကို ဒီတပတ် ကမ္ဘာ့၊မြန်မာ့ မီဒီယာမြင်ကွင်းကဏ္ဍမှာ ဆောင်းပါးရှင် ပြည်သွေးနိုင်က ဆွေးနွေးတင်ပြထားပါတယ်။
ဒီအပတ်မှာတော့ နော်သဇင်က ပြင်သစ်နိုင်ငံက ကမ္ဘာကျော် ဗာဆိုင်းနန်းတော်ကို သွားရောက် လည်ပတ်ခဲ့ပါတယ်။ ပြင်သစ်သမိုင်းကျောင်းနဲ့ ယဉ်ကျေးမှု နန်းမွေတွေကို လေ့လာနိုင်ဖို့ နော်သဇင်နဲ့အတူ သွားကြည့်လိုက်ကြရအောင်။
မြန်မာနိုင်ငံက စစ်မှုထမ်းတွေ ပြည်သူနဲ့ တသားတည်း လက်တွဲပြီး စစ်အာဏာရှင်ကို ဆန့်ကျင် တော်လှန်နိုင်ကြဖို့အတွက် အားထုတ် ကြိုးပမ်းနေတဲ့သူတွေထဲမှာ စစ်တက်ထဲကနေ CDM လုပ်ပြီး တိမ်းရှောင်လာကြတဲ့ စစ်ဗိုလ်စစ်သားတွေရဲ့ ဇနီးသည်တွေလည်း ပါ၀င်ကြပါတယ်။ နေရာပေါင်းစုံ အကြောင်းစုံမှာ မညိုညိုလွင် တင်ဆက်ထားပါတယ်။
သမ္မတထရမ့် အစိုးရသစ်လက်ထက် မူဝါဒတွေကြောင့် နိုင်ငံမှာ စီးပွားရေးထူမတ်၊ လူနေမှုစရိတ်သက်သာပြီး၊ အခွန်အတုတ်ကျဆင်းဖို့ မျှော်လင့်နေသလို တဘက်မှာလည်း မြန်မာ၊ အမေရိကန်လူငယ်တွေ လုပ်ငန်းခွင်မှာ မညီမျှမှုတွေ ဖြစ်လာမှာကို စိုးရိမ်နေကြပါတယ်။ GenZ ပရိသတ်အတွက် မခင်လေး ဆက်သွယ်စကားပြောထားပါတယ်။
နောက်ထပ်ကြည့်ရှုရန်