သြစတြေးလျနိုင်ငံ တက်စမေးနီးယားပြည်နယ်က အာသာမြစ်အနီး ကမ်းခြေတစ်ခုမှာ False Killer Whales (ရေငန်လင်းပိုင်) ၁၅၀ ကျော် ကမ်းတင်နေကြောင်း အာဏာပိုင်များက ဖော်ပြထားပါတယ်။ ဒီလင်းပိုင်အများစုမှာ အသက်ရှင်လျက်ရှိပြီး ကယ်ဆယ်ရေးအဖွဲ့များက ကယ်ဆယ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိပါတယ်။
ဥရောပတိုက်ကြီးတခုလုံးကို တုန်လှုပ်သွားစေတဲ့ ရုရှား-ယူကရိန်းစစ်ပွဲ အဆုံးသတ်ရေးအတွက် ပြိုင်ဘက် ၂ နိုင်ငံအကြား တနိုင်ငံစီ သီးခြားတွေ့ဆုံတဲ့အစီအစဉ်ဟာ ၃ နှစ်ကြာစစ်ပွဲ အဆုံးသတ်ရေးအတွက် ပထမခြေလှမ်းဖြစ်တယ်လို့ အမေရိကန်သမ္မတ အိမ်ဖြူတော်က ဆိုပါတယ်။
မြန်မာနိုင်ငံမှာ လယ်သမားတွေဟာ ဒေသအလိုက် မိမိပိုင် လယ်မြေပေါ်မှာ စိတ်ကြိုက်စပါးမျိုး တခုတည်းကိုသာ စိုက်ပျိုးကြသလို မိသားစုစားဖို့ဆိုပြီး ကောက်ညှင်းစပါးကိုလည်း အနည်းအကျဥ်း စိုက်ပျိုးကြပါသည်။
Croatia နိုင်ငံမြောက်ပိုင်းဒေသကို အလည်သွားရင် အသည်းပုံကွတ်ကီးမုန့်တွေက မဝယ်မဖြစ်တဲ့ အိမ်အပြန် အမှတ်တရလက်ဆောင်တွေဖြစ်ပါတယ်။ စားလို့ရတဲ့ပစ္စည်းတွေနဲ့ လှလှပပလုပ်ထားပေမဲ့ စားဖို့ထက် အလှဆင်ဖို့ရည်ရွယ်လုပ်ထားတဲ့ အသည်းပုံမုန့်တွေအကြောင်း မစုမြတ်မွန်နဲ့အတူ ကမ္ဘာတလွှားခရီးသွား အစီအစဉ်ကနေ သွားလေ့လာရအောင်ပါ။
ပေါ်တူဂီတိုက်စစ်မှူး ခရစ္စတီယာနို ရိုနာလ်ဒို ၂၀၂၄ ခုနှစ်အတွင်း ကမ္ဘာပေါ်မှာ ဝင်ငွေအကောင်းဆုံး အားကစားသမားအဖြစ် ရပ်တည်ခဲ့ပါတယ်။ ကမ္ဘာ့အဆင့် ၁ တင်းနစ်ကစားသမား Jannik Sinner ကို တားမြစ်ဆေးသုံးစွဲမှုနဲ့ အရေးယူလိုက်တဲ့အပေါ် တင်းနစ်လောကသားတွေရဲ့ သဘောထားတွေက ဘယ်လိုပါလဲ။
မြန်မာစစ်ခေါင်းဆောင်တွေနဲ့ အရပ်ဖက်ခေါင်းဆောင်တွေပါတဲ့ အာဂျင်တီးနားတရားတရားရုံးရဲ့ နိုင်ငံတကာဖမ်းဝရမ်းမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးထင်ကျော်တို့ နာမည်တွေကို ဖယ်ရှားပေးဖို့ NUG အမျိုးသားညီညွတ်ရေးအစိုးရက တောင်းဆိုလိုက်ပါတယ်။ NUG ဒုတိယ နိုင်ငံခြားရေး၀န်ကြီး ဦးမိုးဇော်ဦးကို မေးမြန်းထားပါတယ်။
အမေရိကန်ပြည်ထောင်စု အိုကလာဟိုးမားပြည်နယ်က ဥပဒေပြုအမတ်တွေဟာ အစိုးရကျောင်းတွေက ကျောင်းသားကျောင်းသူတွေနဲ့ မိဘတွေရဲ့ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာနေထိုင်ခွင့် နဲ့ ပတ်သက်ပြီး အချက်အလက်တွေ စုဆောင်းဖို့ ပြင်ဆင်နေပါတယ်။ Daria Vershylenko အိုကလားဟိုးမားကနေ သတင်းပေးပို့ထားတာကို ကိုငြိမ်းချမ်းက တင်ပြမှာပါ။
စစ်မှုမထမ်းမနေရ ဥပဒေအရ အမျိုးသမီးတွေကို ဆင့်ခေါ်ဖို့ အစီအစဉ် မရှိသေးဘူးဆိုပြီး စစ်ကောင်စီက ငြင်းဆိုထားပေမဲ့ နေရာတော်တော်များများမှာ အမျိုးသမီးတွေကို စစ်မှုထမ်းဖို့ စတင် စာရင်းကောက်ယူတာတွေ လုပ်ဆောင်လာနေတဲ့အကြောင်း ပြည်ပမှာ အလုပ်လာရှာတဲ့ မြန်မာလူငယ်မိန်းခလေးတချို့က VOA ကို ပြောပါတယ်။
ဟောလီးဝုဒ်နာမည်ကြီး ရုပ်ရှင်မင်းသမီးဖြစ်သူ အန်ဂျလီနာ ဂျိုလီ ရုပ်ရှင်အနုပညာရှင်ဆု ချီးမြှင့်ခံရပါတယ်။ နယူးယောက်ဖက်ရှင် သီတင်းပတ်မှာ Carolina Herrera ဖက်ရှင်တံဆိပ်ရဲ့ ဖန်တီးမှုက အခိုက်တန့် အလှတရား ဆိုတာကို ဖော်ကျူးပြသခဲ့ပါတယ်။ သက်တံရောင် သတင်းလွှာအစီအစဉ်မှာ မအေးသန္တာကျော် တင်ဆက်ထားပါတယ်။
ဇန်နဝါရီလမှာတိုက်ခတ်လာတဲ့ လာနီညာအအေးလှိုင်းဟာ အရင်တုန်းကလို ကမ္ဘာ့အပူချိန်တွေကို ထိန်းညှိပေးနိုင်ခြင်းသိပ်မရှိတော့ပါဘူး။ ပြီးခဲ့တဲ့ ၂ နှစ်ကလိုပဲ ဒီနှစ်မှာလည်း ကမ္ဘာတဝန်းလုံးအပူချိန်တွေမြင့်နေဦးမယ်လို့ ကျွမ်းကျင်သူတွေက ခန့်မှန်းလိုက်ပါတယ်။ ဥတုရာသီနဲ့အနာဂတ်ကမ္ဘာအစီအစဥ်မှာ နန်းလောင်ဝ်က တင်ပြထားပါတယ်။
ယူကရိန်းက အရေးပါတဲ့ မြေရှားဓာတ်သတ္တုတွေနဲ့ အမေရိကန် အထောက်အပံ့တွေကိုလဲလှယ်မယ့် သဘောတူညီချက်တခုရဖို့ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က ကြိုးပမ်းနေပါတယ်။ ဒီကြိုးပမ်းမှုနဲ့အတူ ယူကရိန်းက ဓာတ်သတ္တုတွေအကြောင်း Anna Chernikova က Kyiv မြို့တော်ကနေ သတင်းပေးပို့ထားတာပါတယ်။ ကိုငြိမ်းချမ်းက ပြောပြမှာပါ။
နွေဦးတော်လှန်ရေးမှာ လက်တဖက်ဆုံးရှုံးခဲ့တဲ့ DJ သီဟ ခေါ် ကိုဘာဘူက စိတ်ပျက်အားငယ်မှုတွေကို ကိုယ်ဘာဆက်လုပ်နိုင်မလဲဆိုတဲ့စိတ်နဲ့ ကျော်လွှားနိုင်ခဲ့တယ်လို့ပြောပါတယ်။ စစ်ဖြစ်နေတဲ့နေရာတွေကပြည်သူတွေယာယီအစာခံနိုင်မဲ့ Energy bar တွေထုတ်လုပ်နေတဲ့ ကိုဘာဘူကို မစုမြတ်မွန်မေးမြန်းပြီး လူမှုရှုခင်းမှာတင်ပြထားပါတယ်။
နောက်ထပ်ကြည့်ရှုရန်