အမေရိကန်အစိုးရဝန်ကြီးဌာနတွေကို အလျင်အမြန်အပြောင်းအလဲလုပ်ဖို့နဲ့ အစိုးရရဲ့ အသုံးစရိတ်ကို လျှော့ချဖို့ Tesla နဲ့ SpaceX ကုမ္ပဏီတွေရဲ့ အကြီးအကဲ Elon Musk ကို သမ္မတဒေါ်နယ်ထရမ့် ခန့်အပ်ထားတာဟာ မှားနေတယ်လို့ လွှတ်တော်ဒီမိုကရက်အမတ်တွေက ဝေဖန်ပါတယ်။ Michelle Quinn ရဲ့သတင်းကို ကိုငြိမ်းချမ်း တင်ပြမှာပါ။
အမေရိကန်နိုင်ငံ လော့စ်အိန်ဂျယ်လိစ်မြို့ မီးလောင်နေရာမှာ နေထိုင်ခဲ့သူတွေက မြို့ လျှပ်စစ်ကုမ္ပဏီကို တရားတွေ စွဲထားကြပါတယ်။ ဓာတ်ကြိုးတွေက မီးထတောက်ရာက အပျက်စီးဆုံး မီးကြီးလောင်ခဲ့တယ်လို့ ဗွီဒီယိုတွေက ပြသနေကြောင်း သူတို့က ပြောကြပါတယ်။ Anna Rice ရဲ့ သတင်းဆောင်းပါးကို ဦးတင်မောင်သန်းက တင်ပြထားပါတယ်။
မြန်မာနယ်စပ်က အွန်လိုင်းငွေကြေးလိမ်လည်တဲ့လုပ်ငန်းတွေကို နှိမ်နှင်းဖို့ ထိုင်းအစိုးရ အပြင်းအထန် ဖိအားပေးလုပ်ဆောင်နေချိန်မှာပဲ နယ်စပ်တလျှောက် သောင်ရင်းမြစ်ကမ်းဘေးမှာ ရွှေကုက္ကိုလ်နဲ့ အလားတူ တရုတ် ကုမ္ပဏီတွေရဲ့ မြို့သစ်တွေ ထပ်မံပေါ်ပေါက်လာနေဆဲပါ။ ကိုသိန်းထိုက်ဦး ဘန်ကောက်ကနေ သတင်းပေးပို့ထားပါတယ်။
အမေရိကန်ပြည်ထောင်စုကနေပေးနေတဲ့ လူသားချင်းစာနာမှုဆိုင်ရာအကူအညီတွေ ရုတ်တရက်ရပ်ဆိုင်းလိုက်တဲ့အတွက် ထိုင်းမြန်မာနယ်စပ်မှာ အကူအညီလိုတဲ့ မြန်မာတွေကို ပေးနေတဲ့ ကျန်းမာရေးဝန်ဆောင်မှု လုပ်ငန်းတွေ အခက်ကြုံနေကြပါတယ်။ ရိုက်တာသတင်းဆောင်းပါးကိုအခြေခံပြီး၊ ကိုဇော်မိုးကျော် တင်ပြထားပါတယ်။
ဆောင်းရာသီမှာ ရေခဲလေ့ရှိတဲ့ ပြင်သစ်နိုင်ငံက ရေအိုင်ကြီးတအိုင်ဟာ အခုတော့ ကြိုးကြာငှက်တွေအကြိုက် ခိုနားရာနေရာဖြစ်လာပါတယ်။ ဒီအကြောင်း AFP သတင်းတပုဒ်ကို အခြေခံပြီး ကိုခင်မောင်စိုးမင်း ပြောပြပါမယ်။
ဂျပန်ဝန်ကြီးချုပ် Ishiba ဟာ ဒီကနေ့မှာ အမေရိကန်သမ္မတထရန့်နဲ့ အိမ်ဖြူတော်မှာ တွေ့ဆုံဖို့ အစီအစဉ်ရှိပါတယ်။ နှစ်နိုင်ငံ မဟာမိတ်ဆက်ဆံရေး ပိုမိုခိုင်မာရေးနဲ့ ခေါင်းဆောင်နှစ်ဦးကြား ပုဂ္ဂိုလ်ရေး တည်ဆောက်ရန် လိုအပ်နေကြောင်း ဂျပန်အစိုးရ အရာရှိများက ပြောပါတယ်။
USAID လို နိုင်ငံတကာအကူအညီပေးရေး အဖွဲ့တွေနဲ့ ပတ်သက်လို့ သမ္မတ Trump ရဲ့ အပြောင်းအလဲဆောင်ရွက်ချက်တွေကို တားဆီးဖို့ အစိုးရရံပုံငွေအသုံးပြုရေး ဆွေးနွေးပွဲတွေကနေတဆင့် လုပ်ဆောင်သွားမယ်လို့ ကွန်ဂရက်ဒီမိုကရက်ခေါင်းဆောင်တွေက ပြောပါတယ်။ VOA သတင်းထောက် Katherine Gypson ရဲ့ သတင်းကို မမြသဇင်အောင်ပြောပြပေးပါမယ်။
အခုဆက်လက်ပြီး ကမ္ဘာ့မီဒီယာတွေမှာ မြန်မာနိုင်ငံနဲ့ပတ်သက်လို့ ဘယ်လိုများ သုံးသပ်ရေးသားနေကြသလဲဆိုတာ ကြည့်ကြရအောင်ပါ။ ဦးကျော်ဇံသာက မူရင်းအသုံးအနှုံး နဲ့ မူရင်းအာဘော်အတိုင်း ထုတ်နုတ်ပြောပြထားပါတယ်။
ကျားဖြန့်ငွေလိမ်ဂိုဏ်းတွေတိုက်ဖျက်ရေး မြန်မာနယ်စပ်မြို့တွေကို ထိုင်းဘက်က လျှပ်စစ်မီးဖြတ်၊ မွန်ပြည်နယ် မဲပလီဗျူဟာစခန်းသိမ်းတိုက်ပွဲမှာ ဗိုလ်မှူးတယောက်အပါအဝင် အယောက် ၄၀ ဝန်းကျင်သေဆုံး၊ ကချင်ပြည် ဗန်းမော်မြို့တိုက်ပွဲပြင်းထန်ဆဲ၊ အာရက္ခတပ်တော်နဲ့ ချင်းညီနောင်တို့ရဲ့ နယ်မြေအငြင်းပွားမှု....
သမ္မတ ဒေါ်နယ်ထရမ့်က ပနားမားတူးမြောင်းကို အမေရိကန်က ပြန်ထိန်းချုပ်ဖို့ တောင်းဆိုနေပါတယ်။ တူးမြောင်းစီမံခန့်ခွဲမှု၊ ကုန်ကျစရိတ်မြင့်တာနဲ့ လုပ်ငန်းလည်ပတ်မှုတွေမှာ တရုတ်ကပါဝင်ပတ်သက်နေတဲ့ အတိုင်းအတာကို စိုးရိမ်ကြောင်း သမ္မတထရမ့်က ပြောထားပါတယ်။ ဗွီအိုအေ ပုံပြရုပ်သံမှာ မအေးသန္တာကျော် တင်ပြထားပါတယ်။
ဂါဇာကို အရှေ့အလယ်ပိုင်းဒေသရဲ့ အပန်းဖြေနေရာဖြစ်အောင် လုပ်မယ်ဆိုတဲ့ သမ္မတထရမ့်ရဲ့ အစီအစဉ်အပေါ် ကမ္ဘာတဝန်းက ဆန့်ကျင်မှုတွေနဲ့ ကုလသမဂ္ဂရဲ့ သတိပေးမှုပြုတွေပြုလုပ်ခဲ့ပြီးနောက် သမ္မတအိမ်ဖြူတော်က ဗုဒ္ဓဟူးနေ့မှာ တုန့်ပြန်ရှင်းလင်းခဲ့ပါတယ်။ Patsy Widakusawara သတင်းပေးပို့ထားတာကို ကိုငြိမ်းချမ်းက တင်ပြပါ့မယ်။
ဝါရှင်တန်ဒီစီမှာ ကျင်းပနေတဲ့ နိုင်ငံတကာဘာသာရေးလွတ်လပ်ခွင့် IRF ထိပ်သီးဆွေးနွေးပွဲကို NUG အပါအ၀င် ချင်း၊ ကချင်နဲ့ ရိုဟင်ဂျာ အဖွဲ့အစည်းတွေလည်း တက်ရောက်ခဲ့ကြပါတယ်။ ထိပ်သီးအစည်းအဝေးကိုကိုယ်တိုင်သတင်းတက်ရောက်ယူခဲ့တဲ့ မအင်ကြင်းနိုင်က တင်ပြထားပါတယ်။
နောက်ထပ်ကြည့်ရှုရန်