အခုဆက်လက်ပြီး သုတစုံလင် အမေရိကန်တခွင် အစီအစဥ်ကို တင်ဆက်ပေးပါမယ်။ ကိုအောင်အောင် တင်ပြထားပါတယ်။
သတင်းမီဒီယာ နှိပ်ကွပ်ခံရမှု အများဆုံးနိုင်ငံတွေထဲမှာ မဲခေါင်မြစ်ဝှမ်းဒေသ နိုင်ငံတွေပါဝင်တယ်လို့ လေ့လာသူတွေက ပြောပါတယ်။ ဒီဒေသမှာ သတင်းမီဒီယာအလုပ်လုပ်နေကြတဲ့ သတင်းသမားတချို့ စုပေါင်းပြီး လေ့လာထားတဲ့ ဆန်းစစ်ချက် အစီရင်ခံစာကို ဘန်ကောက်မြို့က နိုင်ငံခြားသတင်းထောက်များအသင်းမှာ ကျင်းပခဲ့ပါတယ်။
ကုလသမဂ္ဂနဲ့ လူ့အခွင့်အရေးအဖွဲ့တွေက သတိပေး တားမြစ်နေတဲ့ကြားကဘဲ Uyghur လူမျိုး ၄၀ ကို ထိုင်းအစိုးရက တရုတ်ကို ပြန်ပို့လိုက်ပါတယ်။ ထိုင်းမှာရောက်နေတဲ့ Uyghur တွေ နေရပ်ပြန်ပို့တဲ့ကိစ္စကို တရုတ်အစိုးရဘက်ကလည်း အတည်ပြု ပြောဆိုထားပါတယ်။ ဒီအကြောင်း AFP သတင်းကို အခြေခံပြီး ကိုဇော်ဝင်းလှိုင်က တင်ပြပေးပါမယ်။
ဂျပန် Nissan ကားကုမ္ပဏီရဲ့လုပ်ငန်းမှာ အမေရိကန် Tesla ရဲ့ ရင်းနှီးမြှုပ်နှံမှုတွေ ဝင်လာစေဖို့ နည်းလမ်းရှာနေချိန်မှာ၊ ထိုင်ဝမ် Foxconn ကုမ္ပဏီက Honda ကားကုမ္ပဏီနဲ့ ပေါင်းလုပ်ဖို့ ချည်းကပ်မှုတွေ ရှိလာတဲ့အကြောင်း ကိုဉာဏ်ဝင်းအောင် တင်ပြထားပါတယ်။
အခုဆက်လက်ပြီး ကမ္ဘာ့မီဒီယာတွေမှာ မြန်မာနိုင်ငံနဲ့ပတ်သက်လို့ ဘယ်လိုများ သုံးသပ်ရေးသားနေကြသလဲဆိုတာ ကြည့်ကြရအောင်ပါ။ ဦးကျော်ဇံသာက မူရင်းအသုံးအနှုံးနဲ့ မူရင်းအာဘော်အတိုင်း ထုတ်နုတ်ပြောပြထားပါတယ်။
ဒီနှစ် အော်စကာဆုပေးပွဲအပြီး ပါတီမှာ အကျွေးအမွေးအစီအစဉ်အတွက် နာမည်ကျော်စားဖိုမှူး Wolfgang Puck ကို ငှားရမ်းထားပါတယ်။ ဒီနှစ်အတွက် ဘာဟင်းလျာတွေ စီစဉ်ထားပါလဲ။ သက်တံရောင်သတင်းလွှာအစီအစဉ်မှာ မအေးသန္တာကျော် တင်ဆက်ထားပါတယ်။
နိုင်ငံကတာက လာရောက်သူတွေကိုကြိုဆိုခွင့်ပြုတယ်လို့ မြင်ကြတဲ့ ကနေဒါနိုင်ငံမှာလည်း တင်းကြပ်မှုတွေ လုပ်လာတဲ့အတွက် နိုင်ငံတကာကျောင်းသားတွေအပေါ်မှာလည်း သက်ရောက်မှုတွေရှိလာပါတယ်။ ကနေဒါနိုင်ငံက Calgary ကနေ Arzouma Kompaore သတင်းပေးပို့ထားတာကို ကိုဇော်မိုးကျော်က တင်ပြပေးပါမယ်။
အတားအဆီးတွေကို ဘေးကင်းကင်း ရှောင်ရှား ပျံသန်းနိုင်တဲ့ မောင်းသူမဲ့ မြန်နှုန်းမြင့် ဒရုန်းယာဉ်တစင်းကို ဟောင်ကောင်က သုတေသီတွေ ဆန်းသစ်တည်ထွင်လိုက်ပါတယ်။ Reuters သတင်းဆောင်းပါးကို အခြေခံပြီး အလိမ္မာ ပြောပြပေးပါမယ်။
ကျောက်ဖြူမြို့ကို AA က ပိတ်ဆို့ထားပြီး ထိုးစစ်ဆင်လာတာကြောင့် တိုက်ပွဲတွေ ပြင်းထန်နေတာ၊ လိုင်ဇာမြို့နားက ဂျေယန့် စစ်ရှောင်စခန်းမှာ မိန်းကလေးငယ် ၃ ယောက် ပြန်ပေးဆွဲခံရပြီး အသတ်ခံလိုက်ရတာ၊ “ချင်းအမျိုးသားကောင်စီ" ဖွဲ့စည်းဖို့ သဘောတူလိုက်တာ စတာတွေကို တိုင်းရင်းသတင်းထောက်တွေ စုစည်းတင်ဆက်ထားပါတယ်။
အကျဉ်းထောင်တွေထဲက နိုင်ငံရေးဖိနှိပ်မှု၊ ခေတ်အဆက်ဆက် လွတ်မြောက်ရေးလှုပ်ရှားမှု သမိုင်းကြောင်းနဲ့ ပေးဆပ်မှုတွေကို ပြထားတဲ့ ပြတိုက်တခုလည်း AAPP က ဖွင့်လှစ်ထားပါတယ်။ ဒီပြတိုက်ကို ကိုယ်တိုင်သွားရောက်ရိုက်ကူးပြီး ကိုသိန်းထိုက်ဦး တင်ပြထားပါတယ်။
ယူကရိန်းက မြေရှားသတ္တုသဘောတူညီချက်ကို လက်မှတ်ထိုးဖို့ ယူကရိန်းသမ္မတ Zelenskyy ဟာ အမေရိကန်သမ္မတအိမ်ဖြူတော်ကို သောကြာနေ့မှာ လာမယ့်အကြောင်း သမ္မတထရမ့်က ပြောပါတယ်။ ဒါပေမဲ့ ဆွေးနွေးဖို့ကိစ္စ တချို့ကျန်နေသေးတဲ့အကြောင်း ယူကရိန်းသမ္မတဘက်က ပြောထားပါတယ်။ Anita Powell ရဲ့သတင်းကို ကိုငြိမ်းချမ်းက ပြောပြမှာပါ။
ဒီနှစ် အော်စကာဆုပေးပွဲအပြီး ပါတီမှာ အကျွေးအမွေးအစီအစဉ်အတွက် နာမည်ကျော်စားဖိုမှူး Wolfgang Puck ကို ဌားရမ်းထားပါတယ်။ ဒီနှစ်အတွက် ဘာဟင်းလျာတွေ စီစဉ်ထားပါလဲ။ သက်တံရောင်သတင်းလွှာအစီအစဉ်မှာ မအေးသန္တာကျော် တင်ဆက်ထားပါတယ်။
နောက်ထပ်ကြည့်ရှုရန်