ဂျာမနီဝန်ကြီးချုပ်သစ် ဖြစ်လာနိုင်ဖွယ်ရှိနေတဲ့ Friedrich Merz က ဥရောပရဲ့ ကံကြမ္မာကို အမေရိကန်က ဂရုမစိုက်ဘူးဆိုတာကို သိထားကြဖို့ သတိပေးလိုက်သလို၊ ဥရောပနိုင်ငံတွေအနေနဲ့ ကာကွယ်ရေးစွမ်းရည်ကို ပိုအရေးတကြီး စုစည်းတည်ဆောက်ကြဖို့ တိုက်တွန်းလိုက်ပါတယ်။ Henry Ridgwell ရဲ့သတင်းကို မခင်ဖြူထွေးက တင်ပြပေးပါမယ်။
ဂျော်ဒန်မြစ် အနောက်ဖက်ကမ်းဒေသက ဂျနင်ဒုက္ခသည်စခန်းကို အစ္စရေးတပ်တွေက ရှင်းလင်းနေတဲ့အပြင် ရေရှည်အခြေချဖို့ ပြင်လာတာ တွေ့ရတဲ့ အတွက် ပါလက်စတိုင်းဒေသခံတွေက သူတို့ကိုလည်း ဂါဇာမှာ လုပ်တဲ့နည်းအတိုင်း အစ္စရေးက ဖယ်ရှားမှာကို စိုးရိမ်နေကြပါတယ်။ ရိုက်တာသတင်း တပုဒ်ပေါ် အခြေခံပြီး ဒေါ်ခင်မျိုးသက်က ပြောပြပေးမှာပါ။
အမေရိကန်ပြည်ထောင်စု ကော်လိုရာဒိုပြည်နယ် အရပ်ပဟိုးကောင်တီက အိမ်မွေးတိရစ္ဆာန်အရောင်းဆိုင်ကို အမျိုးသား ၃ ဦး သပ်သပ်စီအယောင်ဆောင် ရောက်လာပြီး၊ ဈေးကြီးခွေးလေးတွေ ခိုးပြေးခဲ့ပါတယ်။ တဦးက ဝက်ရူးပြန်ချင်ယောင်ဆောင်ပြီး လူတွေ အာရုံများအောင်လုပ်ထားချိန်မှာ ကျန်တဦးက ခွေးလေးတွေ ခိုးယူတာဖြစ်ပါတယ်။
မြန်မာဟာ ကမ္ဘာမှာ မြေမြှုပ်မိုင်းနဲ့ စစ်ပွဲအတွင်း ပေါက်ကွဲစေတတ်တဲ့ စစ်လက်နက်အကြွင်းအကျန် ပစ္စည်းကြောင့် ထိခိုက်ဒဏ်ရာရမှု အများဆုံးနိုင်ငံ ဖြစ်လာတဲ့အကြောင်း Mine Free Myanmar အဖွဲ့ရဲ့ ၂၀၂၄ မြေမြှုပ်မိုင်းစောင့်ကြည့်လေ့လာရေး အစီရင်ခံစာမှာ ဖေါ်ပြပါတယ်။ အပြည့်အစုံကို မညိုညိုလွင် သတင်းပေးပို့ထားပါတယ်။
ဗြိတိန်နိုင်ငံမှာ လွန်ခဲ့တဲ့ ၅ နှစ်က ရွှေအိမ်သာခွေးယူမှုနဲ့ လူတချို့ တရားရုံးတင် စစ်ဆေးခံနေရပါတယ်။ ရုပ်ရှင်ထဲပါတဲ့ ခွေးအနုပညာရှင်တွေအတွက် အော်စကာဆုပေးပွဲတခု လန်ဒန်မှာ ကျင်းပသွားပါတယ်။ ဒီလို ဆိုရှယ်မီဒီယာပေါ်မှာ လူကြည့်များတဲ့ တမိနစ် သတင်းတိုလေးတွေကို မအေးသန္တာကျော် စုစည်းတင်ဆက်ထားပါတယ်။
အမေရိကန်သူရဲကောင်းဥယျာဉ်မှာ အမေရိကန်က အာဖရိကနွယ်ဖွားလူမည်း အမျိုးသားတွေရဲ့ ရုပ်တုတွေကို ထားရှိသွားမယ်လို့ သမ္မတထရမ့်က ပြောလိုက်ပါတယ်။ နိုင်ငံလက်ရွေးစင်အသင်းမှာ ပြန်ကစားဖို့ အဆင်သင့်ဖြစ်နေပြီလို့ ရီးယဲလ်မက်ဒရစ် ဂိုးသမားက ဆိုပါတယ်။ ဒီလိုတပတ်အတွင်း အားကစားသတင်းတွေကို ကိုရန်နိုင်က စုစည်းတင်ဆက်ထားပါတယ်။
အမေရိကန်ပြည်ထောင်စုရဲ့ ထိပ်တန်းတပ်မှူးကြီးတဦးကို ရာထူးက ဖယ်ရှားလိုက်တဲ့အပေါ် ကာကွယ်ရေးဝန်ကြီး Pete Hegseth က လူမှန် နေရာမှန်မဟုတ်ပါဘူး ဆိုတဲ့ အကြောင်းပြချက်ပေးလိုက်ပါတယ်။ VOA ပင်တဂွန် သတင်းထောက် Carla Babb သတင်းပေးပို့ထားတာကို မခင်လေးက ပြောပြပေးပါမယ်။
အာတိတ်စက်ဝိုင်းထဲက Greenland ဒေသမှာ အက်စကီမိုးလို့သိကြတဲ့ Inuit (အင်းနူးဝတ်) တိုင်းရင်းသားတွေက သူတို့ရဲ့ ရိုးရာ ဆေးမင် တက်တူးတွေကို ပြန်လည် ဖော်ထုတ်နေကြပါတယ်။ ကိုလိုနီခေတ်က ပျောက်ကွယ်လုဖြစ်ခဲ့တဲ့ ရိုးရာတက်တူးလက်ရာတွေကို မစုမြတ်မွန်နဲ့အတူ ကမ္ဘာတလွှားခရီးသွား အစီအစဉ်ကနေ သွားပြီး လေ့လာရအောင်ပါ။
မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးကတည်းက ပြည်တွင်းစစ်ဖြစ်ပွားတာမရှိသေးတဲ့ ဆန်စပါးအများဆုံးထွက်ရှိရာ ဧရာဝတီတိုင်းမှာ စစ်ကောင်စီ က အခုအခါ လူငယ်တွေကို စစ်မှုထမ်းဖို့ အဓမ္မစုဆောင်းနေတဲ့အတွက် မကြာခင် စိုက်ပျိုးကြရတော့မယ့် လယ်ယာလုပ်ငန်းအတွက် အခက်အခဲတွေ ကြုံတွေ့နေကြရပါတယ်။
ကျားဖြန့်ဂိုဏ်းတွေက နိုင်ငံခြားသား ၆၀၀၀ ကျော်ကို ဖမ်းဆီးထားတဲ့အကြောင်းနဲ့ နေရပ်ပြန်ပို့ရေး လူတွေပြည့်သိပ်နေတဲ့အတွက် ဆက်လက်ထိန်းသိမ်းထားဖို့ အခက်အခဲရှိကြောင်း ကရင်နယ်ခြားစောင့်တပ် BGF ပြောခွင့်ရ ဒုဗိုလ်မှူးကြီး နိုင်မောင်ဇော်က VOA ကို ပြောပါတယ်။ ဦးသိန်းထိုက်ဦး ဘန်ကောက်ကနေ ဆက်သွယ်မေးမြန်းထားပါတယ်။
ပြင်သစ်သမ္မတ Emmanuel Macron နဲ့ အိမ်ဖြူတော်မှာ တွေ့ဆုံမှု အပြီး ဥရောပကို တာဝန်ပိုယူဖို့ သမ္မတထရမ့်က တိုက်တွန်းလိုက်သလို ပြင်သစ်သမ္မတကလည်း ရုရှားဘက်က အာမခံချက်ပိုရအောင်လုပ်ဖို့ တိုက်တွန်းလိုက်ပါတယ်။ သမ္မတ အိမ်ဖြူတော်ကနေ Anita Powell သတင်းပေးပို့ထားတာကို ကိုငြိမ်းချမ်းက ပြောပြမှာပါ။
ရုရှားတပ်တွေရဲ့ ကျူးကျော်စစ်ပွဲ ၃ နှစ်ထဲဝင်လာတဲ့အချိန်မှာ ယူကရိန်းနိုင်ငံက ကလေးငယ်တွေဟာ စစ်ပွဲကြောင့် စိတ်ဒဏ်ရာတွေ ခံစားနေရပါတယ်။ ဒီအကြောင်း Reuters သတင်းတပုဒ်ကို ကိုခင်မောင်စိုးမင်းက ပြောပြပါမယ်။
နောက်ထပ်ကြည့်ရှုရန်