နွေဦးတော်လှန်ရေးမှာ လက်တဖက်ဆုံးရှုံးခဲ့တဲ့ DJ သီဟ ခေါ် ကိုဘာဘူက စိတ်ပျက်အားငယ်မှုတွေကို ကိုယ်ဘာဆက်လုပ်နိုင်မလဲဆိုတဲ့စိတ်နဲ့ ကျော်လွှားနိုင်ခဲ့တယ်လို့ပြောပါတယ်။ စစ်ဖြစ်နေတဲ့နေရာတွေကပြည်သူတွေယာယီအစာခံနိုင်မဲ့ Energy bar တွေထုတ်လုပ်နေတဲ့ ကိုဘာဘူကို မစုမြတ်မွန်မေးမြန်းပြီး လူမှုရှုခင်းမှာတင်ပြထားပါတယ်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Marco Rubio က ဟာမတ်စ်တွေကို သုတ်သင်ဖယ်ရှားရမယ်ဆိုပြီး ပြောလိုက်ပါတယ်။ အစ္စရေးဝန်ကြီးချုပ် Netanyahu နဲ့အတူ ပူးတွဲကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲအတွင်း ဂါဇာမှာ ဟာမတ်စ်တွေရဲ့ သြဇာ အပြီးတိုင် ဖယ်ရှားဖို့ဆိုတဲ့ သမ္မတ Donald Trump ရဲ့ သဘောထားကို ထပ်လောင်း ပြောကြားလိုက်တာပါ။
ယူကရိန်းဟာ အမေရိကန်ရဲ့ စစ်ရေးအကူအညီ ဒေါ်လာဘီလျံ ၁၀၀ ကို အလွဲသုံးစား လုပ်ခဲ့တယ်လို့ ရုရှား သမ္မတဟောင်း ဒမီထရီ မက်ဗီဒက်ဗ်က စွပ်စွဲထားပါတယ်။ ဒီစွပ်စွဲမှုက မမှန်ပါဘူး။ အသေးစိတ်ကို အချက်အလက် အခြေခံပြီး မှားမှန်အတည်ပြုထားတဲ့ VOA ရဲ့ ပိုလီဂရပ်ဖ် ရုပ်သံဗီဒီယိုမှာ တင်ဆက်ထားပါတယ်။
မြန်မာနိုင်ငံရဲ့ အနာဂတ်ဟာ ပြည်တွင်းစစ်ပေါ်မှာတည်နေတယ်လို့ ပါမောက္ခ သီတီနန် ပေါင်ဆူဒီရတ်က ကောက်ချက်ချပါတယ်။ဒါ့အပြင် NUG ကိုလည်း အမြန်ဆုံး ပြန်လည်ဖွဲ့စည်းဖို့ လိုအပ်နေတယ်လို့ အကြံပြုထားတဲ့အကြောင်း ကမ္ဘာ့၊မြန်မာ့ မီဒီယာမြင်ကွင်းကဏ္ဍမှာ ဆောင်းပါးရှင်ပြည်သွေးနိုင်က ဆွေးနွေးတင်ပြထားပါတယ်။
ရိုဟင်ဂျာတွေ ရင်ဆိုင်နေရတဲ့ အခက်အခဲ ဒုက္ခတွေအပေါ် နိုင်ငံတကာ ကုလသမဂ္ဂ INGO NGO အဖွဲ့အစည်းတွေအနေနဲ့ ကူညီဆောင်ရွက်ပေးဖို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG က တိုက်တွန်းပါတယ်။ NUG လူ့အခွင့်အရေးဆိုင်ရာ ဒုဝန်ကြီးဦးအောင်ကျော်မိုးကို မဆုမွန်က ဗွီအိုအေစတူရီယိုမှာ သီးသန့်တွေ့ဆုံမေးမြန်းထားပါတယ်။
ထိုင်း-မြန်မာနယ်စပ်မှာ ကျားဖြန့်တိုက်ဖျက်ရေးအတွက် တရုတ်နဲ့ ထိုင်းနိုင်ငံတို့က အာရုံစိုက်လာပါတယ်။ ကျားဖြန့်လုပ်ငန်းတွေ နှိမ်နင်းနိုင်ဖို့အတွက်လည်း နှစ်နိုင်ငံခေါင်းဆောင်တွေ ဆွေးနွေးခဲ့ကြပါတယ်။ ဒီအကြောင်းအရာကို ISP-Myanmar ရဲ့ အခုတပတ် မြင်ကွင်းကျယ်မှတ်စုမှာဖော်ပြထားပါတယ်။
မြန်မာခေါင်းဆောင်တွေအပေါ် ထုတ်ပြန်ထားတဲ့အာဂျင်တီးနားတရားရုံးရဲ့ ဖမ်း၀ရမ်းကို ပိုမိုထိရောက်အောင် နိုင်ငံတကာပံ့ပိုးကူညီမှုရဖို့ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီအနေနဲ့ အခိုင်အမာဆောင်ရွက်ပေးဖို့ လိုအပ်ကြောင်း အာဂျင်တီးနား လူ့အခွင့်အရေးရှေ့နေက ဗွီအိုအေကိုပြောပါတယ်။
ဒီအပတ်တော့ နော်သဇင်က အီဂျစ်နိုင်ငံကို ရောက်နေတာမို့ အဲဒီမှာရှိတဲ့ ရှေးခေတ်တုန်းက ကမ္ဘာ့အကြီးဆုံးစာကြည့်တိုက် တခုဖြစ်တဲ့ Alexandria စာကြည့်တိုက်နဲ့ အလယ်ခေတ်ရဲ့ ကမ္ဘာ့အံ့ဖွယ် မြေအောက်သချိုင်းကို ခေါ်သွားမှာပါ။ ဒီနှစ်ထောင်ချီ ကမ္ဘာ့သမိုင်းအမွေအနှစ်တွေကို နော်သဇင်နဲ့အတူ သွားရောက် ကြည့်ရှုနိုင်ပါတယ်။
မြန်မာ့နိုင်ငံရေး အပြောင်းအလဲ လှုပ်ရှားမှုတိုင်းမှာ ပြည်သူနဲ့အတူ သံဃာတော်တွေ ပါဝင်တာ တွေ့ရပါတယ်။ အခုလည်း ပဋိပက္ခတွေဖြစ်ပွားနေတဲ့ အရပ်ဒေသတွေမှာ ပြည်သူတွေအတွက် တတ်နိုင်တဲ့ဘက်က ကူညီပံ့ပိုးပေးနေတဲ့ ဆရာတော်တပါးကို တွေ့ရပါတယ်။ အခုတပတ် နေရာပေါင်းစုံ အကြောင်းစုံမှာ မညိုညိုလွင် တင်ပြထားပါတယ်။
အမေရိကန်အခြေစိုက် "Suu Myat Than Foundation" ဆိုတဲ့အဖွဲ့က ပြည်ပမှာ ပညာဆက်သင်ဖို့ ခက်ခဲနေတဲ့ မြန်မာလူငယ်တွေအတွက် ပညာတော်သင်ဆုတွေ ပေးနေပါတယ်။ အသက် ၂၀ အရွယ်မှာ ကွယ်လွန်သွားတဲ့ မစုမြတ်သန်းရဲ့ ဆန္ဒနဲ့ တည်ထောင်ထားတဲ့ အဖွဲ့ဖြစ်ပါတယ်။ မခင်လေးက ဆက်သွယ်စကားပြောထားပါတယ်။
လူ့ခန္ဓာကိုယ် လိုအပ်တဲ့နေရာကို ဆေးတိုက်ရိုက်ပို့နိုင်ဖို့ ဆံချည်မျှင်ထက်သေးတဲ့ စက်ရုပ်လေးတွေ ကန်တက္ကသိုလ်တခု တီထွင်၊ အနုပညာလက်ရာအကြောင်း မေးနိုင်တဲ့ AskMona AI ဉာဏ်ရည်တု App ပဲရစ် AI ညီလာခံမှာ မိတ်ဆက်၊ ကမ္ဘာတလွှားက ဒီလို ထူးခြားဆန်းပြားသတင်းများကို မမြသဇင်အောင်နဲ့ ကိုငြိမ်းချမ်း တင်ဆက်ထားပါတယ်။
ကမ္ဘာပေါ်မှာ ပြောဆိုနေကြတဲ့ ဘာသာစကားပေါင်း ၇၀၀၀ ကျော်မှာ ဘယ်ဘာသာစကားတွေက အပြောအများဆုံးပါလဲ။ မတူညီတဲ့ ဘာသာစကား အများဆုံးက ဘယ်နိုင်ငံတွေကလဲဆိုတာ မညိုညိုလွင်က သတင်းတွေထဲက သုတအစီအစဉ်မှာ တင်ပြထားပါတယ်။
နောက်ထပ်ကြည့်ရှုရန်