မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးကတည်းက ပြည်တွင်းစစ်ဖြစ်ပွားတာမရှိသေးတဲ့ ဆန်စပါးအများဆုံးထွက်ရှိရာ ဧရာဝတီတိုင်းမှာ စစ်ကောင်စီ က အခုအခါ လူငယ်တွေကို စစ်မှုထမ်းဖို့ အဓမ္မစုဆောင်းနေတဲ့အတွက် မကြာခင် စိုက်ပျိုးကြရတော့မယ့် လယ်ယာလုပ်ငန်းအတွက် အခက်အခဲတွေ ကြုံတွေ့နေကြရပါတယ်။
ကျားဖြန့်ဂိုဏ်းတွေက နိုင်ငံခြားသား ၆၀၀၀ ကျော်ကို ဖမ်းဆီးထားတဲ့အကြောင်းနဲ့ နေရပ်ပြန်ပို့ရေး လူတွေပြည့်သိပ်နေတဲ့အတွက် ဆက်လက်ထိန်းသိမ်းထားဖို့ အခက်အခဲရှိကြောင်း ကရင်နယ်ခြားစောင့်တပ် BGF ပြောခွင့်ရ ဒုဗိုလ်မှူးကြီး နိုင်မောင်ဇော်က VOA ကို ပြောပါတယ်။ ဦးသိန်းထိုက်ဦး ဘန်ကောက်ကနေ ဆက်သွယ်မေးမြန်းထားပါတယ်။
ပြင်သစ်သမ္မတ Emmanuel Macron နဲ့ အိမ်ဖြူတော်မှာ တွေ့ဆုံမှု အပြီး ဥရောပကို တာဝန်ပိုယူဖို့ သမ္မတထရမ့်က တိုက်တွန်းလိုက်သလို ပြင်သစ်သမ္မတကလည်း ရုရှားဘက်က အာမခံချက်ပိုရအောင်လုပ်ဖို့ တိုက်တွန်းလိုက်ပါတယ်။ သမ္မတ အိမ်ဖြူတော်ကနေ Anita Powell သတင်းပေးပို့ထားတာကို ကိုငြိမ်းချမ်းက ပြောပြမှာပါ။
ရုရှားတပ်တွေရဲ့ ကျူးကျော်စစ်ပွဲ ၃ နှစ်ထဲဝင်လာတဲ့အချိန်မှာ ယူကရိန်းနိုင်ငံက ကလေးငယ်တွေဟာ စစ်ပွဲကြောင့် စိတ်ဒဏ်ရာတွေ ခံစားနေရပါတယ်။ ဒီအကြောင်း Reuters သတင်းတပုဒ်ကို ကိုခင်မောင်စိုးမင်းက ပြောပြပါမယ်။
ဖေဖော်ဝါရီလ ၂၄ ရက်နေ့ဟာ ရုရှားက ယူကရိန်းကို ကျုးကျော်ခဲ့တာ ၃ နှစ်ပြည့်နေတဲ့နေ့ပါ။ ယူကရိန်း လူထုအများစုက သမ္မတဇာလန်စကီးကို ယုံကြည်နေပြီး စစ်ပွဲကာလအတွင်း သမ္မတ အသစ်ရွေးဖို့ အဆင်သင့် မဖြစ်သေးဘူးလို့ သုတေသနတွေက ပြနေပါတယ်။ Lesia Bakalets က Kyiv မြို့တော်က သတင်းပေးပို့ထားတာကို ကိုငြိမ်းချမ်းက တင်ပြမှာပါ။
အချိုရည်တွေသောက် ပလတ်စတစ်ပိုက်တွေကို ပြန်အသုံးပြုဖို့အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ကအမိန့်ထုတ်ပြန်လိုက်တဲ့အပေါ် စိုးရိမ်သံတွေထွက်လာပါတယ်။ သေးငယ်တဲ့ပလတ်စတစ်ပိုက်ကိစ္စဟာ သဘာဝပတ်ဝန်းကျင်နဲ့ကမ္ဘာ့ရေထုညစ်ညမ်းမှုမှာ ထင်ရှားတဲ့ လက္ခဏာ တရပ်ဖြစ်လာပါတယ်။ ဥတုရာသီနဲ့အနာဂတ်ကမ္ဘာအစီအစဥ်မှာ နန်းလောင်ဝ်က တင်ပြထားပါတယ်။
အမေရိကန်သမ္မတ Donald Trump က ယူကရိန်းစစ်ပွဲ အဆုံးသတ်ဖို့ အကြိမ်ကြိမ် ပြောကြားနေတဲ့ တချိန်တည်းမှာ ယူကရိန်းသမ္မတ Volodymyr Zelenskyy ကလည်း ငြိမ်းချမ်းရေးရမယ်ဆိုရင် သူ့အနေနဲ့ ရာထူးကနေ ဆင်းပေးဖို့ ဆန္ဒရှိကြောင်း ပြောကြားပါတယ်။ Veronica Balderas Iglesias ရဲ့သတင်းကို ကိုအောင်အောင် တင်ပြထားပါတယ်။
ဘရာဇီးလ်နိုင်ငံ အရှေ့မြောက်ပိုင်းက Buriticupu မြို့မှာ မြေတွင်းပျက်စီးမှုကြီးတွေ ဖြစ်ပေါ်နေပြီး နေအိမ်တွေကို ခြိမ်းခြောက်နေတဲ့အတွက် ပြီးခဲ့တဲ့အပတ် (ဖေဖော်ဝါရီ ၁၁) က အရေးပေါ်အခြေအနေ ကြေညာခဲ့ရပါတယ်။
နေရပ်ရင်းပြန်ဖို့မရေရာ ရေရှည်ဘဝရပ်တည်ရေးအတွက်လည်း မသေမချာဖြစ်နေတဲ့ တသန်းကျော်သော ရိုဟင်ဂျာဒုက္ခသည်တွေရဲ့ အနာဂတ်မျှော်လင့်ချက်အတွက်တော့ စိုးရိမ်စရာအခြေအနေမှာ ရှိနေဆဲပဲလို့ ရိုဟင်ဂျာဒုက္ခသည်တွေက ပြောပါတယ်။ ရိုဟင်ဂျာအရေးမျှော်လင့်ချက်အစီအစဉ်ကနေ မဆုမွန် စုစည်းတင်ပြထားပါတယ်။
အမေရိကန် ပြည်ထောင်စုထဲ တင်သွင်းတဲ့ သံမဏိ နဲ့ အလူမီနီယံ ဒန်သတ္တုတွေအပေါ် အခွန် ၂၅ % ကောက်ခံဖို့ သမ္မတ ဒေါ်နယ်ထရမ့်က အမိန့်ထုတ်ပြန်ခဲ့ပြီးတဲ့နောက် အမေရိကန် စီးပွားရေး လုပ်ငန်းငယ်တွေအနေနဲ့ အဲဒီကအကျိုးသက်ရောက်မှုကို စောင့်ကြည့်နေကြပါတယ်။ Michelle Quinn သတင်းပေးပို့ထားတာကို ကိုငြိမ်းချမ်းက တင်ပြမှာပါ။
စစ်ကောင်စီက စစ်ဆင်ရေး ၁၀၂၇ နောက်ပိုင်း မြောက်ပိုင်းညီနောင်သုံးဖွဲ့နဲ့ တပြိုင်တည်း ဆွေးနွေးမှုတွေ၊ တဖွဲ့ချင်းဆွေးနွေးမှုတွေ လုပ်နေပါတယ်။ ဒီအကြောင်းအရာကို ISP-Myanmar ရဲ့ အခုတပတ် မြင်ကွင်းကျယ်မှတ်စုမှာ အချက်အလက်အခြေပြု ပိုင်းခြားဖော်ပြထားပါတယ်။
သမ္မတ Trump အစိုးရက စစ်အာဏာသိမ်းထားတဲ့ မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ အရေးပေါ်ဥပဒေ သက်တမ်း ထပ်ပြီး တိုးလိုက်တဲ့အတွက် မြန်မာစစ်တပ်ကို အရေးယူထားတဲ့ အမေရိကန်ရဲ့ မူဝါဒ အပြောင်းအလဲရှိမှာ မဟုတ်ဘူးလို့ မြင်ကြောင်း NUG အစိုးရ တာဝန်ရှိသူတဦးက ပြောပါတယ်။
နောက်ထပ်ကြည့်ရှုရန်