သမ္မတ ဒေါ်နယ်ထရမ့်က ပနားမားတူးမြောင်းကို အမေရိကန်က ပြန်ထိန်းချုပ်ဖို့ တောင်းဆိုနေပါတယ်။ တူးမြောင်းစီမံခန့်ခွဲမှု၊ ကုန်ကျစရိတ်မြင့်တာနဲ့ လုပ်ငန်းလည်ပတ်မှုတွေမှာ တရုတ်ကပါဝင်ပတ်သက်နေတဲ့ အတိုင်းအတာကို စိုးရိမ်ကြောင်း သမ္မတထရမ့်က ပြောထားပါတယ်။ ဗွီအိုအေ ပုံပြရုပ်သံမှာ မအေးသန္တာကျော် တင်ပြထားပါတယ်။
ဂါဇာကို အရှေ့အလယ်ပိုင်းဒေသရဲ့ အပန်းဖြေနေရာဖြစ်အောင် လုပ်မယ်ဆိုတဲ့ သမ္မတထရမ့်ရဲ့ အစီအစဉ်အပေါ် ကမ္ဘာတဝန်းက ဆန့်ကျင်မှုတွေနဲ့ ကုလသမဂ္ဂရဲ့ သတိပေးမှုပြုတွေပြုလုပ်ခဲ့ပြီးနောက် သမ္မတအိမ်ဖြူတော်က ဗုဒ္ဓဟူးနေ့မှာ တုန့်ပြန်ရှင်းလင်းခဲ့ပါတယ်။ Patsy Widakusawara သတင်းပေးပို့ထားတာကို ကိုငြိမ်းချမ်းက တင်ပြပါ့မယ်။
ဝါရှင်တန်ဒီစီမှာ ကျင်းပနေတဲ့ နိုင်ငံတကာဘာသာရေးလွတ်လပ်ခွင့် IRF ထိပ်သီးဆွေးနွေးပွဲကို NUG အပါအ၀င် ချင်း၊ ကချင်နဲ့ ရိုဟင်ဂျာ အဖွဲ့အစည်းတွေလည်း တက်ရောက်ခဲ့ကြပါတယ်။ ထိပ်သီးအစည်းအဝေးကိုကိုယ်တိုင်သတင်းတက်ရောက်ယူခဲ့တဲ့ မအင်ကြင်းနိုင်က တင်ပြထားပါတယ်။
အမေရိကန်အစိုးရက ကုန်သွယ်ခွန် တိုးကောက်လာတာကြောင့် ကြုံလာရမယ့် အဆိုးအကောင်းတွေကို ကြံ့ကြံ့ခံနိုင်ဖို့ တရုတ်ပြည်သူတွေ ပြင်ဆင်ထားကြတဲ့အကြောင်းနဲ့ အိန္ဒိယမှာတော့ ဝင်ငွေခွန် အမြတ်တော်ကြေးကို လျော့ချပေးလိုက်တဲ့ အစီအစဥ်ကို စတင်ကျင့်သုံးလိုက်ကြောင်း ကိုဉာဏ်ဝင်းအောင် တင်ပြထားပါတယ်။
ရုရှားဘက်က ဒုံးကျည်နဲ့ ပုံမှန် ပစ်ခတ်ခံရလို့ ယူကရိန်း ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ် နေရာ ၅၀၀ လောက် ပျက်စီးခဲ့ပေမဲ့ ယူကရိန်းရဲ့ယဉ်ကျေးမှုကတော့ ရှင်သန်ထွန်းကားနေတယ်လို့ UNESCO က ပြောပါတယ်။ ကိဗ်မြို့တော်ကနေ Lesia Bakalets ပေးပို့တဲ့ သတင်းကို ကိုဉာဏ်ဝင်းအောင် ပြောပြမှာပါ။
ရုရှားက ယူကရိန်းနဲ့ ငြိမ်းချမ်းရေးဆွေးနွေးဖို့ ထရန့်က ရုရှားသမ္မတပူတင်ကို ဖိအားပေးပြီး ခြိမ်းခြောက်တယ်လို့ ရုရှားကပြောပါတယ်။ တယ်လီဂရမ်မှာ ပြန့်နေတဲ့ ဗွီဒီယိုမှာလည်း ထရမ့်က ခြိမ်းခြောက်ထားတာ တွေ့ရပါတယ်။ အသေးစိတ်ကို အချက်အလက်အခြေခံပြီး မှားမှန်အတည်ပြုထားတဲ့ VOA ရဲ့ ပိုလီဂရပ်ဖ်မှာ တင်ဆက်ထားပါတယ်။
အမေရိကန်ပြည်ထောင်စုမှာ ပြီးခဲ့တဲ့ရက်ပိုင်းက ဖြစ်တဲ့လေယာဉ်ထိခိုက်မှုတွေမှာတော့ F-35 တိုက်လေယာဉ်ပျက်ကျတာ လေယာဉ်မှူး လွတ်မြောက်သွားပါတယ်။ တက္ကဆက်မှာလည်း လေယာဉ် လေထဲမရောက်ခင် အင်ဂျင်မီးစွဲလို့ ခရီးသည်တွေ ပြန်ဆင်းခဲ့ရတာပါ။ ဒီလို လူကြည့်များတဲ့ သတင်းတိုလေးတွေကို မအေးသန္တာကျော် စုစည်းတင်ဆက်ထားပါတယ်။
အမေရိကန်က NHL ဟော်ကီချန်ပီယံ The Florida Panthers အသင်းကို သမ္မတထရမ့်က အိမ်ဖြူတော်မှာ တွေ့ဆုံပြီးတော့ ဂုဏ်ပြုခဲ့ပါတယ်။ အာဂျင်တီးနားအသင်းခေါင်းဆောင် မက်ဆီက လာမယ့် ၂၀၂၆ ကမ္ဘာ့ဖလားနဲ့ အာဂျင်တီးနားအသင်းအနာဂတ်ကို ဘယ်လိုစဉ်းစားနေပါသလဲ။ ဒီလိုအားကစားသတင်းတွေကို ကိုရန်နိုင် စုစည်းတင်ဆက်ပေးထားပါတယ်။
နယ်သာလန်နိုင်ငံမှာ နှစ်စဉ် ဇန်နဝါရီလရဲ့ တတိယ စနေနေ့ကို နယ်သာလန်ကျူးလစ်ပန်းနေ့အဖြစ် သတ်မှတ်ပြီး ကျူးလစ်ပန်းတွေ အခမဲ့ ဝေပေးပါတယ်။ ကျူးလစ်ပန်းရာသီစတင်တဲ့ အထိမ်းအမှတ်နဲ့ Amsterdam မြို့တော်မှာကျင်းပတဲ့ ကျူးလစ်ပန်းနေ့ကို မစုမြတ်မွန်နဲ့အတူ ကမ္ဘာတလွှားခရီးသွားအစီအစဉ်ကနေ အတူသွားပြီး ပန်းတွေရွေးယူကြရအောင်ပါ။
ကနေဒါနဲ့ မက္ကဆီကို နိုင်ငံတွေက အမေရိကန်သမ္မတထရမ့်ရဲ့ တောင်းဆိုမှုတွေကို လိုက်လျောခဲ့ပြီး ထရမ့်ကလည်း ၂၅% သွင်းကုန်ခွန် ကောက်မယ့် ကိစ္စကို ဆိုင်းငံ့လိုက်ပါတယ်။ တရုတ်နိုင်ငံကို ၁၀% သွင်းကုန်ခွန် တိုးမယ့် ကိစ္စကတော့ အင်္ဂါနေ့မှာစတင်ခဲ့ပြီး တရုတ်ဘက်ကလည်း သွင်းကုန်ခွန်တွေ တိုးမြှင့်ပြီး တုံ့ပြန်ခဲ့ပါတယ်။
ဝါရှင်တန်ဒီစီ မြို့တော်နား လေထဲမှာ ရဟတ်ယာဉ်နဲ့ လေယာဉ် တိုက်မိတဲ့ အဖြစ်ဟာ အမေရိကန်လေကြောင်းသမိုင်းမှာ ၂၅ နှစ်အတွင်း သေဆုံးမှု အများဆုံးဖြစ်ရပ်အဖြစ်မှတ်တမ်းဝင်ခဲ့ပါတယ်။ ဒီဖြစ်ရပ်အပေါ် တာဝန်ရှိသူတွေ ဆက်လက်စုံစမ်းစစ်ဆေးနေကြတဲ့အကြောင်း Arash Arabasadi သတင်းပေးပို့ထားတာကို ကိုငြိမ်းချမ်းက တင်ပြမှာပါ။
အမေရိကန်အစိုးရရဲ့ အကူအညီတွေ ရပ်ဆိုင်းလိုက်မယ်ဆိုရင် မြန်မာနိုင်ငံမှာ လွတ်လပ်တဲ့မီဒီယာတွေ ပေါ်ထွန်းရေး ဘယ်လိုတွေ ထိခိုက်မှုရှိနိုင်ပါသလဲ။ လွတ်လပ်သော မြန်မာသတင်းမီဒီယာကောင်စီ (IPCM) အတွင်းရေးမှူး ဦးတိုးဇော်လတ်ကို VOA ကို ကိုသိန်းထိုက်ဦးက မေးမြန်းတင်ပြထားပါတယ်။
နောက်ထပ်ကြည့်ရှုရန်