မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံတော်တော်များများမှာ လေထုညစ်ညမ်းမှုနဲ့ နောက်ဆက်တွဲ သက်ရောက်မှုတွေအပေါ် ဂရုပြုစရာ ဖြစ်လာပါတယ်။ လေထုညစ်ညမ်းမှုရဲ့ နောက်ဆက်တွဲ အကျိုးဆက်တွေကြောင့် ကလေးသူငယ်တွေအပေါ် ဘယ်လို ထိခိုက်မှုတွေ ရှိနေသလဲဆိုတာကို မညိုညိုလွင်က သတင်းတွေထဲက သုတအစီအစဉ်မှာ တင်ပြထားပါတယ်။
ဒုတိယသမ္မတသက်တမ်းအဖြစ် ပြန်တာဝန်ယူပြီး မူဝါဒအပြောင်းအလဲတွေ ဖော်ဆောင်နေတဲ့ သမ္မတ Donald Trump လက်ထက် မြန်မာနိုင်ငံအပေါ် ကျရောက်လာနိုင်တဲ့ ရိုက်ခတ်ချက်တွေနဲ့ ပက်သတ်ပြီး အမေရိကန်နိုင်ငံခြားရေး စောင့်ကြည့်အကဲခတ်တဲ့ မြန်မာ့အရေးလှုပ်ရှားသူ ဇိုသုန်းမှုန်ကို ကိုငြိမ်းချမ်းအေး ဆက်သွယ် မေးမြန်းထားပါတယ်။
တရုတ်နှစ်သစ်ကူးပွဲအပြီး နောက်ပိုင်းမှာ ရွှေသခွားမွှေးနဲ့ ဖရဲသီးစျေးတွေ ကျဆင်းလာတယ်လို့ ကုန်သည်တွေက ပြော၊ ဒီသတင်းနဲ့ လယ်ယာစီးပွားသတင်းတွေကို စုစည်းပြီး Farmer Times Media က တင်ဆက်ပေးထားပါတယ်။
မြန်မာနိုင်ငံဟာ အမေရိကန်ပြည်တွင်းလုံခြုံရေးကို အထူးခြိမ်းခြောက်နေတဲ့ နိုင်ငံအဖြစ်ရှိသေးကြောင်း ကန်သမ္မတ ထရမ့်ပြောကြား၊ ရန်ကုန်မြို့မှာတော့ လေထုညစ်ညမ်းမှု အဆိုးဆုံးအခြေအနေရောက်၊ ဒီလို တပတ်အတွင်းသတင်းတွေကို မခင်လေးနဲ့ ကိုဝင်းခန့်မောင် တင်ပြထားပါတယ်။
မြန်မာနိုင်ငံလို တရုတ်သြဇာလွှမ်းမိုးမှုကြီးထွားလာနေတဲ့ နိုင်ငံတွေမှာဘာသာရေးလွတ်လပ်ခွင့် တိုက်ခိုက်ခံရတဲ့ အခြေအနေဆိုးရွားနေတဲ့အခြေအနေတွေကို သမ္မတထရမ့်အစိုးရကို တင်ပြထားကြောင်း နိုင်ငံတကာဘာသာရေးလွတ်လပ်ခွင့် အဖွဲ့ကြီးရဲ့ ပူးတွဲဥက္ကဌ သံအမတ်ကြီး Sam Brownback က ဗွီအိုအေကိုပြောကြားခဲ့ပါတယ်။
အမေရိကားမှာ တကျော့ပြန်ဖြစ်ပွားနေတဲ့ ကြက်ငှက်တုပ်ကွေးရောဂါကြောင့် ကြက်မွေးမြူရေးခြံတွေက ကြက်တွေကို သုတ်သင်ရှင်းလင်းနေရပြီး၊ ကြက်ဥဈေးတွေကလည်း မြင့်တက်နေတဲ့အတွက် လက်လီရောင်းချသူတွေနဲ့ စားသုံးသူတွေမှာ အခက်ကြုံနေကြရပါတယ်။ ဗွီအိုအေ သတင်းထောက် Veronica Balderas Iglesias ရဲ့သတင်းကို မခင်လေးက ပြောပြပေးပါမယ်။
အမေရိကန်အစိုးရဝန်ကြီးဌာနတွေကို အလျင်အမြန်အပြောင်းအလဲလုပ်ဖို့နဲ့ အစိုးရရဲ့ အသုံးစရိတ်ကို လျှော့ချဖို့ Tesla နဲ့ SpaceX ကုမ္ပဏီတွေရဲ့ အကြီးအကဲ Elon Musk ကို သမ္မတဒေါ်နယ်ထရမ့် ခန့်အပ်ထားတာဟာ မှားနေတယ်လို့ လွှတ်တော်ဒီမိုကရက်အမတ်တွေက ဝေဖန်ပါတယ်။ Michelle Quinn ရဲ့သတင်းကို ကိုငြိမ်းချမ်း တင်ပြမှာပါ။
အမေရိကန်နိုင်ငံ လော့စ်အိန်ဂျယ်လိစ်မြို့ မီးလောင်နေရာမှာ နေထိုင်ခဲ့သူတွေက မြို့ လျှပ်စစ်ကုမ္ပဏီကို တရားတွေ စွဲထားကြပါတယ်။ ဓာတ်ကြိုးတွေက မီးထတောက်ရာက အပျက်စီးဆုံး မီးကြီးလောင်ခဲ့တယ်လို့ ဗွီဒီယိုတွေက ပြသနေကြောင်း သူတို့က ပြောကြပါတယ်။ Anna Rice ရဲ့ သတင်းဆောင်းပါးကို ဦးတင်မောင်သန်းက တင်ပြထားပါတယ်။
မြန်မာနယ်စပ်က အွန်လိုင်းငွေကြေးလိမ်လည်တဲ့လုပ်ငန်းတွေကို နှိမ်နှင်းဖို့ ထိုင်းအစိုးရ အပြင်းအထန် ဖိအားပေးလုပ်ဆောင်နေချိန်မှာပဲ နယ်စပ်တလျှောက် သောင်ရင်းမြစ်ကမ်းဘေးမှာ ရွှေကုက္ကိုလ်နဲ့ အလားတူ တရုတ် ကုမ္ပဏီတွေရဲ့ မြို့သစ်တွေ ထပ်မံပေါ်ပေါက်လာနေဆဲပါ။ ကိုသိန်းထိုက်ဦး ဘန်ကောက်ကနေ သတင်းပေးပို့ထားပါတယ်။
အမေရိကန်ပြည်ထောင်စုကနေပေးနေတဲ့ လူသားချင်းစာနာမှုဆိုင်ရာအကူအညီတွေ ရုတ်တရက်ရပ်ဆိုင်းလိုက်တဲ့အတွက် ထိုင်းမြန်မာနယ်စပ်မှာ အကူအညီလိုတဲ့ မြန်မာတွေကို ပေးနေတဲ့ ကျန်းမာရေးဝန်ဆောင်မှု လုပ်ငန်းတွေ အခက်ကြုံနေကြပါတယ်။ ရိုက်တာသတင်းဆောင်းပါးကိုအခြေခံပြီး၊ ကိုဇော်မိုးကျော် တင်ပြထားပါတယ်။
ဆောင်းရာသီမှာ ရေခဲလေ့ရှိတဲ့ ပြင်သစ်နိုင်ငံက ရေအိုင်ကြီးတအိုင်ဟာ အခုတော့ ကြိုးကြာငှက်တွေအကြိုက် ခိုနားရာနေရာဖြစ်လာပါတယ်။ ဒီအကြောင်း AFP သတင်းတပုဒ်ကို အခြေခံပြီး ကိုခင်မောင်စိုးမင်း ပြောပြပါမယ်။
ဂျပန်ဝန်ကြီးချုပ် Ishiba ဟာ ဒီကနေ့မှာ အမေရိကန်သမ္မတထရန့်နဲ့ အိမ်ဖြူတော်မှာ တွေ့ဆုံဖို့ အစီအစဉ်ရှိပါတယ်။ နှစ်နိုင်ငံ မဟာမိတ်ဆက်ဆံရေး ပိုမိုခိုင်မာရေးနဲ့ ခေါင်းဆောင်နှစ်ဦးကြား ပုဂ္ဂိုလ်ရေး တည်ဆောက်ရန် လိုအပ်နေကြောင်း ဂျပန်အစိုးရ အရာရှိများက ပြောပါတယ်။
နောက်ထပ်ကြည့်ရှုရန်