သမ္မတဒေါ်နယ်ထရမ့်က အလူမီနီယံနဲ့ သံမဏိတင်သွင်းမှုအပေါ်အခွန် ၂၅ % တိုးကောက်ဖို့ ဖေဖေါ်ဝါရီ ၁၀ ရက်နေ့က အမိန့်ထုတ်ပြန်ခဲ့တာဟာ အဓိကတင်သွင်းနေတဲ့ ကနေဒါနဲ့ မက္ကဆီကိုနိုင်ငံတွေကိုထိခိုက်စေမှာ ဖြစ်ပါတယ်။ VOA သတင်းထောက် Anita Powel အိမ်ဖြူတော်ကနေ သတင်းပေးပို့ထားတာကို ကိုဇော်မိုးကျော် ပြောပြပေးပါမယ်။
အမျိုးသမီးတွေကို စစ်မှုထမ်းခိုင်းဖို့ ခြိမ်းခြောက်နေတာတွေရှိတယ်လို့ စစ်ကောင်စီက ဝန်ခံထားတာနဲ့တချိန်တည်းမှာ လယ်ယာလုပ်ငန်းကအမျိုးသမီးငယ်တွေလည်း စိုးရိမ်စိတ် ကြောင့်စိုက်ပျိုးရေးလုပ်ငန်းတွေကို စွန့်ခွာရှောင်တိမ်းနေကြကြောင်း မြေကြီးသြဇာအစီအစဥ်မှာ ကိုခင်မောင်စိုးမင်း က တင်ဆက်ထားပါတယ်။
အမေရိကန်မြေပေါ်မှာ မွေးဖွားသူတိုင်း အလိုလျောက် နိုင်ငံသား ဖြစ်သင့်၊ မသင့်ဆိုတဲ့ အငြင်းပွားစရာကိစ္စတခုကို သမ္မတ ဒေါ်နယ်ထရမ့်က စတင်လိုက်ပါတယ်။ ဒီမေးခွန်းက အမေရိကန်တွေရဲ့ ဖြစ်တည်မှု၊ သမိုင်းနဲ့ ဥပဒေရဲ့ အနှစ်သာရကို တည့်တည့်ထိတဲ့ မေးခွန်းပါ။ ဒီအကြောင်း VOA ပုံပြရုပ်သံမှာ မအေးသန္တာကျော် တင်ပြထားပါတယ်။
ဖေဖော်ဝါရီ ၆ ရက်နေ့ကနေ တပတ်ကြာကျင်းပတဲ့ နယူးယောက်ဖက်ရှင် သီတင်းပတ်ဟာ Tik Tok တစ်တော့ခ်လို ဆိုရှယ်မီဒီယာတွေရဲ့ လွှမ်းမိုးမှုနဲ့အတူ အသွင်သစ်တွေ ပေါ်ထွက်လာတာ တွေ့ရပါတယ်။ မူလအကျော်အမော်တွေအပြင် ဖက်ရှင်လောကထဲ အသစ်ဝင်လာသူတွေပါ နေရာယူလာကြတာပါ။ သက်တံရောင် သတင်းလွှာအစီအစဉ်မှာ မအေးသန္တာကျော် တင်ဆက်ထားပါတယ်။
ပနားမား တူးမြောင်းကို တရုတ်တို့ သြဇာလွှမ်းမိုး ထိန်းချုပ်ဖို့ ကြိုးပမ်းနေတာဟာ လက်မခံနိုင်စရာ ဖြစ်ပြီး လိုအပ်ရင်တော့ မလွှဲသာ မရှောင်သာ အရေးယူ ဆောင်ရွက်ရမယ်လို့ အမေရိကန်ဘက်က ပြောဆိုလိုက်ပါတယ်။ ဒီသီတင်းပတ် စီးပွားရေး အစီအစဉ်မှာ မသိင်္ဂီထိုက် တင်ပြထားပါတယ်။
သမ္မတ Donald Trump အစိုးရအနေနဲ့ ဒစ်ဂျယ်တယ်လ်ငွေကြေး ကို မဟာဗျူဟာမြောက် အရန်ငွေ အသစ်အဖြစ် အသုံးပြုနိုင်ရေး အလေးအနက်စဥ်းစားနေသလို လွှတ်တော်ကော်မတီတွေမှာလည်း ဒေါ်လာငွေကြေးစနစ်နဲ့ ဒစ်ဂျစ်တယ်ငွေကြေး ပိုင်ဆိုင်မှုတွေကို ဘယ်လို ထိန်းညှိကြမလဲဆိုတာ အကြိတ်အကျယ်ဆွေးနွေးနေကြပါတယ်။
အမေရိကန်နဲ့ ယူကရိန်းသမ္မတတို့ဟာ ယူကရိန်းက မြေရှားသတ္တုနဲ့ ပတ်သက်ပြီး သဘောတူညီချက်ရဖို့ ကြိုးပမ်းနေကြပါတယ်။ ဂျာမနီနိုင်ငံ မြူးနစ်မြို့မှာ ကမ္ဘာ့ခေါင်းဆောင်တွေ တွေ့ဆုံပြီး ယူကရိန်း လုံခြုံရေးကိစ္စအပါအဝင် တခြားကိစ္စတွေကို ဆွေးနွေးဖို့ ရှိပါတယ်။ Arash Arabasadi ရဲ့ သတင်းကို ကိုငြိမ်းချမ်း တင်ပြမှာပါ။
အမေရိကန်အစိုးရပေးတဲ့ DISP ပညာသင်ဆု ရပ်သွားပေမဲ့ တခြားနည်တွေနဲ့ ကျောင်းဆက်တက်နိုင်အောင် ကြိုးစားနေတယ်လို့ ကမ္ဘောဒီးယားနိုင်ငံ AUPP တက္ကသိုလ်မှာ ပထမနှစ်တက်နေတဲ့ ကိုထက်ဘုန်းကျော်က ပြောပါတယ်။ မစုမြတ်မွန်က မေးမြန်းပြီး လူမှုရှုခင်းမှာ တင်ပြထားပါတယ်။
အမေရိကန် အမျိုးသားလုံခြုံရေး အကြံပေး Mike Waltz က ဂါဇာကို ရယူမယ့် အမေရိကန်သမ္မတ Donald Trump အစီအစဉ်နဲ့ ပတ်သက်ပြီး ဝေဖန်ကြသူတွေကို ပြန်လည် မေးခွန်းထုတ်လိုက်ပါတယ်။ ဒီအကြောင်း VOA သတင်းထောက် Veronica Balderas Iglesias ရဲ့သတင်းကို ကိုအောင်အောင် တင်ပြထားပါတယ်။
မြန်မာနိုင်ငံမှာ စစ်မှုထမ်းရမယ့် စာရင်းမှာ ပါတဲ့လူငယ်တွေရော တခြားလူငယ်တွေကိုပါ ပြည်ပကို ထွက်ခွင့် စစ်ကောင်စီက တင်းတင်းကြပ်ကြပ် စစ်ဆေး ကန့်သတ်နေပေမဲ့ လူငယ်တွေကတော့ ရတဲ့နည်းလမ်းတွေနဲ့ အိမ်နီးချင်းနိုင်ငံတွေကို ထွက်နိုင်ဖို့ ကြိုးစားနေကြဆဲ ဖြစ်ပါတယ်။ ကိုသိန်းထိုက်ဦး ဘန်ကောက်ကနေ သတင်းပေးပို့ထားပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ NUG လူ့အခွင့်အရေးဆိုင်ရာ ဒုဝန်ကြီးဦးအောင်ကျော်မိုးကို ဗွီအိုအေမြန်မာပိုင်းက မဆုမွန်က ဝါရှင်တန်ဒီစီ ဗွီအိုအေစတူရီယိုမှာ သီးသန့်တွေ့ဆုံမေးမြန်းထားပါတယ်။
အခု ၂၀၂၅ ခုနှစ်ထဲမှာပဲ စစ်ခေါင်းဆောင်ဟာ စစ်ကောင်စီနဲ့ အစိုးရအဖွဲ့ကို ထပ်ပြီးအပြောင်းအလဲ လုပ်ခဲ့ပြန်ပါတယ်။ လေးနှစ်ကျော်အတွင်းမှာ အုပ်ချုပ်ရေးတည်ဆောက်မှုဟာ မတည်ငြိမ်ခဲ့ပါဘူး။ ဒီအကြောင်း ISP-Myanmar ရဲ့ အခုတပတ် မြင်ကွင်းကျယ်မှတ်စုမှာ အချက်အလက်အခြေပြု ဖော်ပြထားပါတယ်။
နောက်ထပ်ကြည့်ရှုရန်